ဘားအံမြို့နယ်၌ ခရီးသည်တင်ကားမှ ဆိုင်ကယ်နှစ်စီးအား တိုက်မိခဲ့ရာ (၂)ဦးသေဆုံး

 1515

စော (NP News) - ဇူလိုင် ၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် Express ကားမှ ဆိုင်ကယ်နှစ်စီးအား တိုက်မိ၍ ဆိုင်ကယ်မောင်းသူ နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၈ရက်)၊ ညနေ (၃)နာရီဝန်းကျင်အချိန်တွင် ဘားအံမြို့နယ်၊ ဆယ်မိုင်ကုန်းကျေးရွာ၊ ဒုံသမိတံတားအနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း နောင်ကျန် ဂူဝ မာဃလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဘားအံဘက်မှ သထုံဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်သည် ဆိုင်ကယ်(၂)စီးအား တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်တစ်စီးက ညာဘက်ခြမ်းယာဉ်ကြောကနေ ဘယ်ဘက်မှာရှိတဲ့ ရွာကို ရှေ့ကနေ ကွေ့လိုက်တာ နောက်က ခရီးသည်ယာဉ်က အရှိန်နဲ့ နောက်ကနေဝင်တိုက်မိတယ်။ နောက်ပြီး အဲဒီကားက တစ်ဖက်ယာဉ်ကြောက ဆိုင်ကယ်တစ်စီးကို မျက်နှာချင်းဆိုင် ဝင်တိုက်တယ်”ဟု နောင်ကျန် ဂူဝ မာဃ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ အမျိုးသားနှစ်ဦးသည် အခင်းဖြစ်သည့်နေရာတွင် သေဆုံးခဲ့ပြီး ခရီးသည်တင်ယာဉ်မှ ယာဉ်နောက်လိုက်တစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းသူနှစ်ဦးအနက် အမျိုးသားတစ်ဦးသည် ဘားအံမြို့မှဖြစ်ပြီး ကျန်အမျိုးသားတစ်ဦးသည် သထုံမြို့၊ နောင်ကျန်ရွာမှ ဖြစ်ကြောင်းသိရသည်။

Zawgyi Version
ဘားအံၿမိဳ႕နယ္၌ ခရီးသည္တင္ကားမွ ဆိုင္ကယ္ႏွစ္စီးအား တိုက္မိခဲ့ရာ (၂)ဦးေသဆုံး

ေစာ(NP News)-ဇူလိုင္ ၉
ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္တြင္ Express ကားမွ ဆိုင္ကယ္ႏွစ္စီးအား တိုက္မိ၍ ဆိုင္ကယ္ေမာင္းသူ ႏွစ္ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဇူလိုင္ ၈ရက္)၊ ညေန (၃)နာရီဝန္းက်င္အခ်ိန္တြင္ ဘားအံၿမိဳ႕နယ္၊ ဆယ္မိုင္ကုန္းေက်း႐ြာ၊ ဒုံသမိတံတားအနီး၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ေနာင္က်န္ ဂူဝ မာဃလူမႈကူညီေရးအသင္းထံမွ သိရသည္။

ဘားအံဘက္မွ သထုံဘက္သို႔ ေမာင္းႏွင္လာသည့္ ခရီးသည္တင္ယာဥ္သည္ ဆိုင္ကယ္(၂)စီးအား တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဆိုင္ကယ္တစ္စီးက ညာဘက္ျခမ္းယာဥ္ေၾကာကေန ဘယ္ဘက္မွာရွိတဲ့ ႐ြာကို ေရွ႕ကေန ေကြ႕လိုက္တာ ေနာက္က ခရီးသည္ယာဥ္က အရွိန္နဲ႔ ေနာက္ကေနဝင္တိုက္မိတယ္။ ေနာက္ၿပီး အဲ့ကားက တစ္ဖက္ယာဥ္ေၾကာက ဆိုင္ကယ္တစ္စီးကို မ်က္ႏွာခ်င္းဆိုင္ ဝင္တိုက္တယ္”ဟု ေနာင္က်န္ ဂူဝ မာဃ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။

ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းသူ အမ်ိဳးသားႏွစ္ဦးသည္ အခင္းျဖစ္သည့္ေနရာတြင္ ေသဆုံးသြားၿပီး ခရီးသည္တင္ယာဥ္မွ စပါယ္ယာတစ္ဦးသည္လည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ဆိုင္ကယ္ေမာင္းသူႏွစ္ဦးအနက္ အမ်ိဳးသားတစ္ဦးသည္ ဘားအံၿမိဳ႕မွ ျဖစ္ၿပီး က်န္အမ်ိဳးသားတစ္ဦးသည္ သထုံၿမိဳ႕၊ ေနာင္က်န္႐ြာမွ ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.