ရန်ကုန်၌ မီတာကြွေးကျန်(၄)လအထက်ရှိသည့် မီတာများကိုလာမည့် စက်တင်ဘာလတွင် ဖြုတ်သိမ်းမည်

 3945

NP News - ဇူလိုင် ၁၁

မီတာခကြွေးကျန် (၄)လအထက်ရှိသော မီတာများကို စက်တင်ဘာလ ၁ ရက်မှစတင်ကာ အပြီးဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)မှ သိရသည်။

ဓာတ်အားခ ကြွေးကျန် (၄)လနှင့်အထက်ရှိသည့် မီတာများကို မီတာအပြီး ဖြုတ်သိမ်းရန်နှင့် ဓာတ်အားခကြွေးကျန်များ လာရောက်ပေးဆောင်ပါက အခြေခံအဆောက်အဦကြေး ထပ်မံပေးသွင်းပြီးမှသာ မီတာအသစ်ပြန်လည်တင်ဆင်ပေးရန် ညွှန်ကြားထားကြောင်းသိရသည်။

မီးသုံးစွဲသူများအနေဖြင့် သုညယူနစ် မီတာခခြောက်လ နှင့် ကြွေးကျန် လေးလအထက် မီတာခများကို ဩဂုတ်လကုန် နောက်ဆုံးထားပေးသွင်းရမည်ဖြစ်ပြီး စက်တင်ဘာလ(၁)ရက်မှစတင်ကာ မီတာပိတ် လျှပ်စစ်ဖြတ်တောက်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မီတာခမဆောင်၍ မီတာဖြုတ်သိမ်းမည်ဖြစ်သည့်အတွက် အသေးစိတ်အချက်အလက်များကို မြို့နယ်လျှပ်စစ်ရုံးများတွင် စုံစမ်းနိုင်ပြီး မီတာခကြွေးကျန်ရှိမရှိကိုပါ စစ်ဆေးနိုင်ကြောင်းသိရသည်။

လျှပ်စစ်မီးအသုံးပြုသူအများစုသည် ၂ဝ၂ဝ ခုနှစ် ဒီဇင်ဘာလ၏ မီတာခမှစတင်ကာ ပေးဆောင်ခြင်းမရှိသည့်အတွက် နိုင်ငံတော်အနေဖြင့် မီတာခကြွေးကျန်ကို ဘီလျံနှင့်ချီကာရရှိရန်ဖြစ်ပေါ်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် မီတာခများပေးဆောင်ရန်အတွက် အချိန်သုံးလစောင့်ဆိုင်းပြီး သုံးလထက်နောက်ကျသည့်အခါ မီးဖြတ်တောက်ခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။

zawgyi version
ရန္ကုန္၌ မီတာေႂကြးက်န္(၄)လအထက္ရွိသည့္ မီတာမ်ားကိုလာမည့္ စက္တင္ဘာလတြင္ ျဖဳတ္သိမ္းမည္

NP News - ဇူလိုင္ ၁၁

မီတာခေႂကြးက်န္ (၄)လအထက္ရွိေသာ မီတာမ်ားကို စက္တင္ဘာလ ၁ ရက္မွစတင္ကာ အၿပီးျဖဳတ္သိမ္းသြားမည္ျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္း (YESC)မွ သိရသည္။

ဓာတ္အားခ ေႂကြးက်န္ (၄)လႏွင့္အထက္ရွိသည့္ မီတာမ်ားကို မီတာအၿပီး ျဖဳတ္သိမ္းရန္ႏွင့္ ဓာတ္အားခေႂကြးက်န္မ်ား လာေရာက္ေပးေဆာင္ပါက အေျခခံအေဆာက္အဦေၾကး ထပ္မံေပးသြင္းၿပီးမွသာ မီတာအသစ္ျပန္လည္တင္ဆင္ေပးရန္ ၫႊန္ၾကားထားေၾကာင္းသိရသည္။

မီးသုံးစြဲသူမ်ားအေနျဖင့္ သုညယူနစ္ မီတာခေျခာက္လ ႏွင့္ ေႂကြးက်န္ ေလးလအထက္ မီတာခမ်ားကို ဩဂုတ္လကုန္ ေနာက္ဆုံးထားေပးသြင္းရမည္ျဖစ္ၿပီး စက္တင္ဘာလ(၁)ရက္မွစတင္ကာ မီတာပိတ္ လွ်ပ္စစ္ျဖတ္ေတာက္မႈမ်ားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

မီတာခမေဆာင္၍ မီတာျဖဳတ္သိမ္းမည္ျဖစ္သည့္အတြက္ အေသးစိတ္အခ်က္အလက္မ်ားကို ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးမ်ားတြင္ စုံစမ္းႏိုင္ၿပီး မီတာခေႂကြးက်န္ရွိမရွိကိုပါ စစ္ေဆးႏိုင္ေၾကာင္းသိရသည္။

လွ်ပ္စစ္မီးအသုံးျပဳသူအမ်ားစုသည္ ၂ဝ၂ဝ ခုႏွစ္ ဒီဇင္ဘာလ၏ မီတာခမွစတင္ကာ ေပးေဆာင္ျခင္းမရွိသည့္အတြက္ ႏိုင္ငံေတာ္အေနျဖင့္ မီတာခေႂကြးက်န္ကို ဘီလ်ံႏွင့္ခ်ီကာရရွိရန္ျဖစ္ေပၚခဲ့သည္။ ယင္းေနာက္ပိုင္းတြင္ မီတာခမ်ားေပးေဆာင္ရန္အတြက္ အခ်ိန္သုံးလေစာင့္ဆိုင္းၿပီး သုံးလထက္ေနာက္က်သည့္အခါ မီးျဖတ္ေတာက္ျခင္းမ်ားကို လုပ္ေဆာင္ခဲ့ၾကသည္။

Related news

© 2021. All rights reserved.