အီရန်အလံလွှင့်ထူထားတဲ့ ရေနံတင်သင်္ဘောကို ဖမ်းဆီးလိုက်ကြောင်း အင်ဒိုနီးရှားရေကြောင်းအာဏာပိုင်များ ပြော

 2782

ဂျန်ဇက် (NP News) - ဇူလိုင် ၁၂

အင်ဒိုနီးရှားရေကြောင်း အာဏာပိုင်တွေဟာ အီရန်အလံလွှင့်ထူထားတဲ့ရေနံတင်သင်္ဘောကို ဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

ရေနံစိမ်း တန်ချိန် ၂ဝဝဝဝဝ ကျော်တင်ဆောင်လာတဲ့ အီရန်ရေနံတင်သင်္ဘောဟာ ပင်လယ်ထဲမှာ တရားမဝင် လွှဲပြောင်းမှုများပြုလုပ်နေတယ်လို့ သံသယရှိမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ အင်ဒိုနီးရှားရေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အင်ဒိုနီးရှားရေကြောင်းအာဏာပိုင်အဖွဲ့က "အင်ဒိုနီးရှား အထူးစီးပွားရေးဇုန်အတွင်း အီရန်ရေနံတင်သင်္ဘောဟာ တရားမဝင် ရေနံလွှဲပြောင်းမှုတွေ လုပ်ဆောင်ခဲ့တယ်။ အဲဒီအတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်။ ရေနံလွှဲပြောင်းမှု တွေမှာ ပါဝင်တဲ့ သင်္ဘောနှစ်စီးကို ဖမ်းဆီးခဲ့တာပါ" လို့ သတင်းထုတ်ပြန်ထားပါတယ်။

အီရန်ရေနံတင်သင်္ဘောထဲမှာ ဆီးရီးယားနိုင်ငံသားသင်္ဘောသား ၂၈ ဦး နဲ့ ခရီးသည် ၃ ဦး ပါဝင်ခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာ ၁ဝ သန်းတန်ဖိုးရှိ ရေနံများတင်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားရေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အင်ဒိုနီးရှားအစိုးရဟာ အဆိုပါ တရားမဝင် ရေနံလွှဲပြောင်းလုပ်ဆောင်မှုမှာ အီရန် အစိုးရ တိုက်ရိုက်ပါဝင်ဆက်နွယ်နေခြင်း ရှိ/မရှိ ဆိုတဲ့အချက်ကို အတိအကျ ပြောဆိုခဲ့ခြင်းမရှိကြောင်း သိရပါတယ်။

အင်ဒိုနီးရှားရေကြောင်းအာဏာပိုင်အဖွဲ့က ၎င်းတို့ဟာ အင်ဒိုနီးရှားအထူးစီးပွားရေးဇုန်အတွင်း တရားမဝင် ရေနံ လွှဲပြောင်းမှုတွေ လုပ်ဆောင်နေတဲ့ အီရန်ရေနံတင်သင်္ဘောကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ခြင်းမရှိဘဲ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ခြင်းကြောင့် လိုက်လံဖမ်းဆီးရခြင်းများ ရှိခဲ့ကြောင်း ပြောပါတယ်။

အဆိုပါရေနံတင်သင်္ဘော ဖမ်းဆီးခံရခြင်းနဲ့ပတ်သက်ပြီး သင်္ဘောပိုင်ရှင်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးကြောင်း ဆိုပါတယ်။

Zawgyi Vesion;
အီရန္အလံလႊင့္ထူထားတဲ့ ေရနံတင္သေဘၤာကို ဖမ္းဆီးလိုက္ေၾကာင္း အင္ဒိုနီးရွားေရေၾကာင္းအာဏာပိုင္မ်ား ေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၂

အင္ဒိုနီးရွားေရေၾကာင္း အာဏာပိုင္ေတြဟာ အီရန္အလံလႊင့္ထူထားတဲ့ေရနံတင္သေဘၤာကို ဖမ္းဆီးလိုက္ေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။

ေရနံစိမ္း တန္ခ်ိန္ ၂ဝဝဝဝဝ ေက်ာ္တင္ေဆာင္လာတဲ့ အီရန္ေရနံတင္သေဘၤာဟာ ပင္လယ္ထဲမွာ တရားမဝင္ လႊဲေျပာင္းမႈမ်ားျပဳလုပ္ေနတယ္လို႔ သံသယရွိမႈနဲ႔ပတ္သက္ၿပီး ဖမ္းဆီးခဲ့ျခင္းျဖစ္တယ္လို႔ အင္ဒိုနီးရွားေရေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။

အင္ဒိုနီးရွားေရေၾကာင္းအာဏာပိုင္အဖြဲ႕က "အင္ဒိုနီးရွား အထူးစီးပြားေရးဇုန္အတြင္း အီရန္ေရနံတင္သေဘၤာဟာ တရားမဝင္ ေရနံလႊဲေျပာင္းမႈေတြ လုပ္ေဆာင္ခဲ့တယ္။ အဲဒီအတြက္ ဖမ္းဆီးလိုက္တာျဖစ္တယ္။ ေရနံလႊဲေျပာင္းမႈ ေတြမွာ ပါဝင္တဲ့ သေဘၤာႏွစ္စီးကို ဖမ္းဆီးခဲ့တာပါ" လို႔ သတင္းထုတ္ျပန္ထားပါတယ္။

အီရန္ေရနံတင္သေဘၤာထဲမွာ ဆီးရီးယားႏိုင္ငံသားသေဘၤာသား ၂၈ ဦး နဲ႔ ခရီးသည္ ၃ ဦး ပါဝင္ခဲ့ေၾကာင္း၊ အေမရိကန္ေဒၚလာ ၁ဝ သန္းတန္ဖိုးရွိ ေရနံမ်ားတင္ေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္း အင္ဒိုနီးရွားေရေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။ အင္ဒိုနီးရွားအစိုးရဟာ အဆိုပါ တရားမဝင္ ေရနံလႊဲေျပာင္းလုပ္ေဆာင္မႈမွာ အီရန္ အစိုးရ တိုက္႐ိုက္ပါဝင္ဆက္ႏြယ္ေနျခင္း ရွိ/မရွိ ဆိုတဲ့အခ်က္ကို အတိအက် ေျပာဆိုခဲ့ျခင္းမရွိေၾကာင္း သိရပါတယ္။

အင္ဒိုနီးရွားေရေၾကာင္းအာဏာပိုင္အဖြဲ႕က ၎တို႔ဟာ အင္ဒိုနီးရွားအထူးစီးပြားေရးဇုန္အတြင္း တရားမဝင္ ေရနံ လႊဲေျပာင္းမႈေတြ လုပ္ေဆာင္ေနတဲ့ အီရန္ေရနံတင္သေဘၤာကို ဆက္သြယ္ခဲ့ေပမယ့္ တုံ႔ျပန္ျခင္းမရွိဘဲ ထြက္ေျပးဖို႔ ႀကိဳးပမ္းခဲ့ျခင္းေၾကာင့္ လိုက္လံဖမ္းဆီးရျခင္းမ်ား ရွိခဲ့ေၾကာင္း ေျပာပါတယ္။

အဆိုပါေရနံတင္သေဘၤာ ဖမ္းဆီးခံရျခင္းနဲ႔ပတ္သက္ၿပီး သေဘၤာပိုင္ရွင္က တစ္စုံတစ္ရာ တုံ႔ျပန္ေျပာဆိုျခင္း မရွိေသးေၾကာင္း ဆိုပါတယ္။

Related news

© 2021. All rights reserved.