မုန်တိုင်းတိုက်ခတ်ပြီး (၂)လနီးပါးအတွင်း ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝပြန်လည်ရရှိ

 442

ယွန်း (NP News) - ဇူလိုင် ၁၃

ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိနေသည့် ဘူသီးတောင်မြို့နယ် နှင့် မောင်တောမြို့နယ်တို့အား ဓာတ်အားပြန်လည်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန(DPTSC) မှ ယနေ့(ဇူလိုင်လ ၁၃ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ဘူးသီးတောင်မြို့နယ်အား ဇူလိုင်လ(၁၃)ရက်၊ နံနက်(၁၁)နာရီ (၂၃)မိနစ်အချိန်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ပေးခဲ့ကြောင်းသိရပြီး မောင်တောမြို့နယ်ကိုလည်း နံနက်(၁၁)နာရီ (၄၅)မိနစ်အချိန်တွင် ဓာတ်အားပြန်လည်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း DPTSC မှ ပြောကြားထားသည်။

ပြီးခဲ့သည့် မေလ(၁၄)ရက်တွင် တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်းရှိ မြို့နယ်(၁၀)မြို့နယ်မှ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပျက်စီးခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မိုခါမုန်တိုင်း တိုက်ခတ်ပြီးသည့် မေလ (၁၄)ရက်နောက်ပိုင်းမှစ၍ ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ အဆိုပါ မြို့နယ်(၁၀)မြို့နယ်အနက်မှ (၈)မြို့နယ်ကို ဇွန်လ(၇)ရက်မှ စတင်၍ ဇူလိုင်လ(၅)ရက်အထိ လျှပ်စစ်ဓာတ်အားများ အသီးသီးပြန်လည်ပေးပို့နိုင်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် (၂)လနီးပါးကာလအတွင်း ပြုပြင်မှုများကို ဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိတွင် မြို့နယ်(၁၀)ခုလုံးတွင် လျှပ်စစ်ဓာတ်အားများ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

zawgyi version
မုန္တိုင္းတိုက္ခတ္ၿပီး (၂)လနီးပါးအတြင္း ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္အားလုံး လွ်ပ္စစ္ဓာတ္အား အျပည့္အဝျပန္လည္ရရွိ

ယြန္း (NP News) - ဇူလိုင္ ၁၃

ရခိုင္ျပည္နယ္တြင္ လွ်ပ္စစ္ဓာတ္အားရရွိရန္ က်န္ရွိေနသည့္ ဘူသီးေတာင္ၿမိဳ႕နယ္ ႏွင့္ ေမာင္ေတာၿမိဳ႕နယ္တို႔အား ဓာတ္အားျပန္လည္ေပးႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။

လွ်ပ္စစ္ဓာတ္အားပို႔လႊတ္ေရးႏွင့္ ကြပ္ကဲေရးဦးစီးဌာန(DPTSC) မွ ယေန႔(ဇူလိုင္လ ၁၃ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ဘူးသီးေတာင္ၿမိဳ႕နယ္အား ဇူလိုင္လ(၁၃)ရက္၊ နံနက္(၁၁)နာရီ (၂၃)မိနစ္အခ်ိန္တြင္ လွ်ပ္စစ္ဓာတ္အား ျပန္လည္ေပးခဲ့ေၾကာင္းသိရၿပီး ေမာင္ေတာၿမိဳ႕နယ္ကိုလည္း နံနက္(၁၁)နာရီ (၄၅)မိနစ္အခ်ိန္တြင္ ဓာတ္အားျပန္လည္ေပးႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း DPTSC မွ ေျပာၾကားထားသည္။

ၿပီးခဲ့သည့္ ေမလ(၁၄)ရက္တြင္ တိုက္ခတ္ခဲ့ေသာ မိုခါမုန္တိုင္းေၾကာင့္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသမ်ားအတြင္းရွိ ၿမိဳ႕နယ္(၁၀)ၿမိဳ႕နယ္မွ ဓာတ္အားလိုင္းႏွင့္ ဓာတ္အားခြဲ႐ုံမ်ား ပ်က္စီးခဲ့သည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ မိုခါမုန္တိုင္း တိုက္ခတ္ၿပီးသည့္ ေမလ (၁၄)ရက္ေနာက္ပိုင္းမွစ၍ ရခိုင္ျပည္နယ္အတြင္းရွိ မုန္တိုင္းေၾကာင့္ ပ်က္စီးသြားသည့္ ဓာတ္အားလိုင္းမ်ားႏွင့္ ဓာတ္အားခြဲ႐ုံမ်ားကို ျပန္လည္ျပဳျပင္မႈမ်ား ေဆာင္႐ြက္ခဲ့ၾကသည္။

ထိုသို႔ ေဆာင္႐ြက္ခဲ့ရာ အဆိုပါ ၿမိဳ႕နယ္(၁၀)ၿမိဳ႕နယ္အနက္မွ (၈)ၿမိဳ႕နယ္ကို ဇြန္လ(၇)ရက္မွ စတင္၍ ဇူလိုင္လ(၅)ရက္အထိ လွ်ပ္စစ္ဓာတ္အားမ်ား အသီးသီးျပန္လည္ေပးပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။

ဝန္ႀကီးဌာနအေနျဖင့္ မိုခါမုန္တိုင္းတိုက္ခတ္ၿပီးေနာက္ (၂)လနီးပါးကာလအတြင္း ျပဳျပင္မႈမ်ားကို ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး လက္ရွိတြင္ ၿမိဳ႕နယ္(၁၀)ခုလုံးတြင္ လွ်ပ္စစ္ဓာတ္အားမ်ား ျပန္လည္ရရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.