မီးပျက်မှု၊ ကုန်ကြမ်းဈေးမြင့်တက်မှုအပါအဝင် တရားမဝင် ရေသန့်များကြောင့် တရားဝင်ရေသန့်စက်ရုံများ အခက်အခဲဖြစ်နေ

 791

NP News - ဇူလိုင် ၁၃

ဈေးကွက်အတွင်း ဈေးသက်သာသည့် တရားမဝင်ရေသန့်များကြောင့် FDA အသိအမှတ်ပြုထုတ်လုပ်နေသည့် တရားဝင်ရေသန့်လုပ်ငန်းများ ဈေးကွက်ပျက်လာပြီး စက်ရုံအချို့ပိတ်သိမ်းနေရကြောင်း မြန်မာ နိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ယခုနှစ်ပိုင်းတွင် ပြည်ပမှ မှာယူတင်သွင်းရသည့် ရေသန့်ထုတ်ကုန်ကြမ်းများ နှစ်ဆခန့် ဈေးမြင့်တက်လာသည့်အပြင် လျှပ်စစ်မီးမမှန်သည့် ပြဿနာများကြောင့် ရေသန့်ထုတ်လုပ်ရသည့် စရိတ်များမြင့်တက်နေပြီး ရေသန့်ဈေးများလည်း မြင့်တက်ခဲ့ကြောင်း သိရသည်။

“ဒီဘက်နှစ်မှာ ရေသန့်ဈေးက တက်လာတယ်။ အရင်တုန်းက ရေသန့်ဘူးကြီး ၅၀၀ ကို ၇၀၀ တက်ရောင်းတယ်။ ဈေးတက်ရောင်းပေမယ့်လည်း အမြတ်မကျန်ဘူး။ ဘာလို့လဲဆိုရင် တချို့လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေဆို ၅၀၀ လာပေးတဲ့သူဆီကပဲယူကြတော့။ အဲဒီဈေးကွက်တွေကို လက်လွှတ်ပြီး နောက်ဆုတ်ပေးလိုက်ရတယ်။ အဲဒီနေရာမှာ တရားမဝင်ရေသန့်တွေက နေရာယူလာကြတယ်” ဟုမြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရေသန့်လုပ်ငန်းသည် နှစ်စဉ်မိုးရာသီရောက်တိုင်း ရောင်းအားကျဆင်းလေ့ရှိပြီး ယခုနှစ်တွင် တရားမဝင်ရေသန့်များအား ဈေးကွက်နေရာပေးလိုက်ရသည့်အတွက် ယခင်နှစ်များထက် ပိုမိုရောင်းအားကျဆင်းခဲ့ကြောင်းသိရသည်။

လက်ရှိတွင် စက်ရုံအချို့သည် လျှပ်စစ်မီးမမှန်သည့် ပြဿနာအပြင် နိုင်ငံခြားငွေလဲလှယ်နှုန်းအရ ကုန် ကြမ်းဈေးများမြင့်တက်နေခြင်းကြောင့် စက်ရုံအသေးအချို့ပိတ်သိမ်းလာရကြောင်း သိရသည်။

“မီးတွေကပျက်တော့ မီးစက်တွေသုံးဖို့ ဒီဇယ်ဆီတွေဝယ်ထည့်ရတယ်။ မီးစက်မတက်နိုင်တဲ့ စက်ရုံလေးတွေကတော့ နောက်ဆုံးပိတ်သိမ်းလိုက်ရတယ်။ လျှပ်စစ်မီးမမှန်ဘူးဆိုရင် ဘယ်ကုန်ထုတ်လုပ်ငန်းမဆို ကျဆင်းမှာပဲ။ အထူးသဖြင့်ရေသန့်က အကျဆင်းဆုံးဖြစ်နေတာပါ”ဟု မြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။

ရေသန့်ထုတ်လုပ်သည့်စက်ရုံများသည် ရေမှလွဲ၍ ကျန်ရှိသည့် ကုန်ကြမ်းပစ္စည်းအမျိုးမျိုးကို ပြည်ပမှဝယ်ယူတင်သွင်းနေခြင်းကြောင့် လက်ရှိမြင့်တက်နေသည့် နိုင်ငံခြားငွေလဲနှုန်းကြောင့်လုပ်ငန်းအပေါ် သက်ရောက်မှုရှိနေကြောင်းသိရသည်။

zawgyi version
မီးပ်က္မႈ၊ ကုန္ၾကမ္းေဈးျမင့္တက္မႈအပါအဝင္ တရားမဝင္ ေရသန႔္မ်ားေၾကာင့္ တရားဝင္ေရသန႔္စက္႐ုံမ်ား အခက္အခဲျဖစ္ေန
NP News - ဇူလိုင္ ၁၃

ေဈးကြက္အတြင္း ေဈးသက္သာသည့္ တရားမဝင္ေရသန႔္မ်ားေၾကာင့္ FDA အသိအမွတ္ျပဳထုတ္လုပ္ေနသည့္ တရားဝင္ေရသန႔္လုပ္ငန္းမ်ား ေဈးကြက္ပ်က္လာၿပီး စက္႐ုံအခ်ိဳ႕ပိတ္သိမ္းေနရေၾကာင္း ျမန္မာ ႏိုင္ငံေရသန႔္လုပ္ငန္းရွင္မ်ားအသင္းထံမွ သိရသည္။

ယခုႏွစ္ပိုင္းတြင္ ျပည္ပမွ မွာယူတင္သြင္းရသည့္ ေရသန႔္ထုတ္ကုန္ၾကမ္းမ်ား ႏွစ္ဆခန႔္ ေဈးျမင့္တက္လာသည့္အျပင္ လွ်ပ္စစ္မီးမမွန္သည့္ ျပႆနာမ်ားေၾကာင့္ ေရသန႔္ထုတ္လုပ္ရသည့္ စရိတ္မ်ားျမင့္တက္ေနၿပီး ေရသန႔္ေဈးမ်ားလည္း ျမင့္တက္ခဲ့ေၾကာင္း သိရသည္။

“ဒီဘက္ႏွစ္မွာ ေရသန႔္ေဈးက တက္လာတယ္။ အရင္တုန္းက ေရသန႔္ဘူးႀကီး ၅၀၀ ကို ၇၀၀ တက္ေရာင္းတယ္။ ေဈးတက္ေရာင္းေပမယ့္လည္း အျမတ္မက်န္ဘူး။ ဘာလို႔လဲဆိုရင္ တခ်ိဳ႕လက္ဖက္ရည္ဆိုင္၊ စားေသာက္ဆိုင္ေတြဆို ၅၀၀ လာေပးတဲ့သူဆီကပဲယူၾကေတာ့။ အဲဒီေဈးကြက္ေတြကို လက္လႊတ္ၿပီး ေနာက္ဆုတ္ေပးလိုက္ရတယ္။ အဲဒီေနရာမွာ တရားမဝင္ေရသန႔္ေတြက ေနရာယူလာၾကတယ္” ဟုျမန္မာႏိုင္ငံေရသန႔္လုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

ေရသန႔္လုပ္ငန္းသည္ ႏွစ္စဥ္မိုးရာသီေရာက္တိုင္း ေရာင္းအားက်ဆင္းေလ့ရွိၿပီး ယခုႏွစ္တြင္ တရားမဝင္ေရသန႔္မ်ားအား ေဈးကြက္ေနရာေပးလိုက္ရသည့္အတြက္ ယခင္ႏွစ္မ်ားထက္ ပိုမိုေရာင္းအားက်ဆင္းခဲ့ေၾကာင္းသိရသည္။

လက္ရွိတြင္ စက္႐ုံအခ်ိဳ႕သည္ လွ်ပ္စစ္မီးမမွန္သည့္ ျပႆနာအျပင္ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းအရ ကုန္ ၾကမ္းေဈးမ်ားျမင့္တက္ေနျခင္းေၾကာင့္ စက္႐ုံအေသးအခ်ိဳ႕ပိတ္သိမ္းလာရေၾကာင္း သိရသည္။

“မီးေတြကပ်က္ေတာ့ မီးစက္ေတြသုံးဖို႔ ဒီဇယ္ဆီေတြဝယ္ထည့္ရတယ္။ မီးစက္မတက္ႏိုင္တဲ့ စက္႐ုံေလးေတြကေတာ့ ေနာက္ဆုံးပိတ္သိမ္းလိုက္ရတယ္။ လွ်ပ္စစ္မီးမမွန္ဘူးဆိုရင္ ဘယ္ကုန္ထုတ္လုပ္ငန္းမဆို က်ဆင္းမွာပဲ။ အထူးသျဖင့္ေရသန႔္က အက်ဆင္းဆုံးျဖစ္ေနတာပါ”ဟု ျမန္မာႏိုင္ငံေရသန႔္လုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူက ေျပာသည္။

ေရသန႔္ထုတ္လုပ္သည့္စက္႐ုံမ်ားသည္ ေရမွလြဲ၍ က်န္ရွိသည့္ ကုန္ၾကမ္းပစၥည္းအမ်ိဳးမ်ိဳးကို ျပည္ပမွဝယ္ယူတင္သြင္းေနျခင္းေၾကာင့္ လက္ရွိျမင့္တက္ေနသည့္ ႏိုင္ငံျခားေငြလဲႏႈန္းေၾကာင့္လုပ္ငန္းအေပၚ သက္ေရာက္မႈရွိေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.