နိုင်ငံခြားသားများပါ ဝယ်ယူနိုင်သော ပန်းစွယ်တော်ကွန်ဒိုအရောင်းပြပွဲကို အလုံမြို့နယ်တွင် ပြုလုပ်နေ

 187

စော(NP News)- ဇွန် ၂၈
နိုင်ငံခြားသားများပါ ဝယ်ယူနိုင်သော ပန်းစွယ်တော်ကွန်ဒိုအရောင်းပြပွဲကို ယနေ့ (ဇွန်လ ၂၈ရက်)မှ (၂၉)ရက်၊ နံနက်(၉)နာရီမှ ညနေ (၅)နာရီအထိ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အမှတ် (၂၂၈)၊ အလုံလမ်းနှင့်မင်းရဲကျော်စွာလမ်းထောင့်ရှိ ပန်းစွယ်တော်ကွန်ဒိုတွင် ရောင်းချနေကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် Up to (8)% Discount နှင့် (၂)နှစ်အရစ်ကျစနစ် စသည့်ပရိုမိုရှင်းကို ပထမဦးဆုံးဝယ်ယူသူ (၅)ဦးမှ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကွန်ဒိုသည် ရန်ကုန်မြို့၏ အလုံလမ်းမကြီးပေါ်တွင် တည်ရှိကာ ဘိုးဘွားပိုင်မြေပေါ်တွင် တည်ဆောက်ထားပြီး မြေအချိုးကျပိုင်ဆိုင်ခွင့်ရှိသည့်အပြင် နိုင်ငံခြားသားများအနေဖြင့်လည်း ကွန်ဒိုမီနီယံဥပဒေနှင့်အညီ ဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် ၎င်းကွန်ဒိုတွင် တစ်ခန်းလျှင်စတုရန်းပေ(၁၃၇၃)မှ (၂၆၆၁)အထိ ကျယ်ဝန်းပြီး EV Charger Car Parking ၊ Infinity Swimming Pool ၊ အားကစားခန်းမအပြင် ကွန်ဒို Facilities စုံစုံလင်လင်ပါရှိသည့်အပြင် (၁၅)ထပ်တွင် လေသာဆောင်လည်းပါရှိကြောင်း သိရသည်။
အဆိုပါပန်းစွယ်တော်ကွန်ဒိုကို (၂၁)ထပ်ခွဲအထိ တည်ဆောက်သွားမည်ဖြစ်ပြီး အခန်းပေါင်း(၁၄ဝ)အထိ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:

စော(NP News)- ဇွန် ၂၈

Related news

© 2021. All rights reserved.