ဗဟိုဘဏ်က ဇွန်လအတွင်း အမေရိကန်ဒေါ်လာ (၁၂၅) သန်းကျော် ထုတ်ရောင်းထား

138

NP News - ဇွန် ၂၉
ဗဟိုဘဏ်မှ ယခုဇွန်လတစ်လအတွင်းအမေရိကန်ဒေါ်လာ (၁၂၅) သန်းကျော် ထုတ်ရောင်းထားကြောင်း ဗဟိုဘဏ်မှထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဇွန် ၂၅ ရက်က FX Market Online Tradingတွင် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများ အနက် အမေရိကန်ဒေါ်လာ (၁,၄၇၉,၉၈၀) အားစက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ ရောက်ချပေးခဲ့ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
ထို့အပြင် ယခုတစ်ပါတ် အတွင်းကဗဟိုဘဏ်ကနေပြည်တွင်းကစက်သုံးဆီလုပ်ငန်းရှင်တွေထံဒေါ်လာသန်း ၃၀ ကို FX Market Online Tradingကတဆင့် ရောင်းချခဲ့ပြီး စားသုံးဆီသွင်းကုန်လုပ်ငန်းရှင်တွေအတွက်လည်း ဇွန် ၂၄ ရက်မှာ အမေရိကန် ဒေါ်လာ (၈၆၉,၅၇၆ ဒသမ ၂၁ ) အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့အတူ လွန်ခဲ့သော ရက်သတ္တပတ်ဖြစ်သည့် ဇွန် ၁၆ ရက်ကအမေရိကန်ဒေါ်လာ ၁၀ သန်း နဲ့ ဇွန် ၁၇ ရက်မှာ အမေရိကန်ဒေါ်လာ ၃၃ သန်း ရောင်းချသည့်အပြင် ဇွန် ၁၈ ရက်ကလည်း စာသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံ ဒေါ်လာ (၁,၆၈၁,၅၈၇ ဒသမ ၅၀) အားလည်းကောင်း၊ ဒေါ်လာ (၁,၀၀၄,၃၅၃ ဒသမ ၈၇) ကိုအခြားကုန်စည်များ တင်သွင်းသည့် ကုမ္ပဏီများထံသို့လည်းကောင်း ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်းတွေမြင့်တက်ခဲ့ပြီး ဇွန် ၂၈ ရက်တွင် အမေရိကန် တစ်ဒေါ်လာကို (၄,၅၈၀)ကျပ်အထိ ဈေးပေါက်နေချိန်မှာ ယခုလိုဗဟိုဘဏ်က ဒေါ်လာသန်းရာကျော်အထိ ရောင်းချမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

Zawgyi Version:
ဗဟိုဘဏ္က ဇြန္လအတြင္း အေမရိကန္ေဒၚလာ (၁၂၅) သန္းေက်ာ္ ထုတ္ေရာင္းထား
NP News - ဇြန္ ၂၉
ဗဟိုဘဏ္မွ ယခုဇြန္လတစ္လအတြင္းအေမရိကန္ေဒၚလာ (၁၂၅) သန္းေက်ာ္ ထုတ္ေရာင္းထားေၾကာင္း ဗဟိုဘဏ္မွထုတ္ျပန္ထားသည့္ စာရင္းမ်ားအရ သိရသည္။
ဇြန္ ၂၅ ရက္က FX Market Online Tradingတြင္ CMP ကုမၸဏီမ်ားထံမွ ဝယ္ယူထားသည့္ ႏိုင္ငံျခားေငြမ်ား အနက္ အေမရိကန္ေဒၚလာ (၁,၄၇၉,၉၈၀) အားစက္သုံးဆီတင္သြင္းသည့္ကုမၸဏီမ်ားသို႔ ေရာက္ခ်ေပးခဲ့ေၾကာင္း ဗဟိုဘဏ္မွ ထုတ္ျပန္ထားသည္။
ထို႔အျပင္ ယခုတစ္ပါတ္ အတြင္းကဗဟိုဘဏ္ကေနျပည္တြင္းကစက္သုံးဆီလုပ္ငန္းရွင္ေတြထံေဒၚလာသန္း ၃၀ ကို FX Market Online Tradingကတဆင့္ ေရာင္းခ်ခဲ့ၿပီး စားသုံးဆီသြင္းကုန္လုပ္ငန္းရွင္ေတြအတြက္လည္း ဇြန္ ၂၄ ရက္မွာ အေမရိကန္ ေဒၚလာ (၈၆၉,၅၇၆ ဒသမ ၂၁ ) အား ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။
ထို႔အတူ လြန္ခဲ့ေသာ ရက္သတၱပတ္ျဖစ္သည့္ ဇြန္ ၁၆ ရက္ကအေမရိကန္ေဒၚလာ ၁၀ သန္း နဲ႔ ဇြန္ ၁၇ ရက္မွာ အေမရိကန္ေဒၚလာ ၃၃ သန္း ေရာင္းခ်သည့္အျပင္ ဇြန္ ၁၈ ရက္ကလည္း စာသုံးဆီတင္သြင္းသည့္ ကုမၸဏီမ်ားထံ ေဒၚလာ (၁,၆၈၁,၅၈၇ ဒသမ ၅၀) အားလည္းေကာင္း၊ ေဒၚလာ (၁,၀၀၄,၃၅၃ ဒသမ ၈၇) ကိုအျခားကုန္စည္မ်ား တင္သြင္းသည့္ ကုမၸဏီမ်ားထံသို႔လည္းေကာင္း ေရာင္းခ်ေပးခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း ျပင္ပေဈးကြက္တြင္ ႏိုင္ငံျခားေငြလဲႏႈန္းေတြျမင့္တက္ခဲ့ၿပီး ဇြန္ ၂၈ ရက္တြင္ အေမရိကန္ တစ္ေဒၚလာကို (၄,၅၈၀)က်ပ္အထိ ေဈးေပါက္ေနခ်ိန္မွာ ယခုလိုဗဟိုဘဏ္က ေဒၚလာသန္းရာေက်ာ္အထိ ေရာင္းခ်မႈမ်ား ျပဳလုပ္ေနျခင္းျဖစ္သည္။