ကမ္ဘာ့အချမ်းသာဆုံး သူတောင်းစား

 4150

Pika (NP News) - ဇူလိုင် ၁၄

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ လမ်းမများပေါ်တွင် လူများထံမှငွေများ တောင်းရမ်းနေသော အိန္ဒိယအမျိုးသား သူတောင်းစားတစ်ဦးသည် ကမ္ဘာ့အချမ်းသာဆုံး သူတောင်းစားတစ်ဦးဖြစ်ကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြခဲ့ ကြသည်။

ထို့အပြင် ၎င်း၏ တန်ကြေးမှာ အမေရိကန်ဒေါ်လာ(၁)သန်းကျော် ပိုင်ဆိုင်ထားကြောင်း မီဒီယာများက ဖော်ပြခဲ့ သည်။

အိန္ဒိယနိုင်ငံတွင် လူအများအပြားသည် ရူပီးရာဂဏန်းအတွက် နာရီပေါင်းများစွာ ပင်ပင်ပန်းပန်းလုပ်ကိုင်နေရသော် လည်း ကမ္ဘာ့အချမ်းသာဆုံးသူတောင်းစား Bharat Jain သည် လူများထံမှ တောင်းရမ်းခြင်းဖြင့် နေ့စဉ်ရူပီး(၂ဝဝဝ) မှ (၂၅ဝဝ) ကြား ရရှိကြောင်း သိရသည်၊၊

Bharat Jain သည် Chhatrapati Shivaji Maharaj Terminus မီးရထားဘူတာ (CSMT) သို့မဟုတ် Azad Maidan အားကစားကွင်းကဲ့သို့နေရာများတွင် တောင်းရမ်းစားသောက်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး ကြွယ်ဝချမ်းသာလာခဲ့ကြောင်း သိရသည်။

၎င်း၏ အသားတင်ပိုင်ဆိုင်မှုမှာ ရူပီး(၇ ဒသမ ၅) ကုဋေဝန်းကျင်ရှိပြီး မွန်ဘိုင်းတွင် ရူပီး(၁ ဒသမ ၂) ကုဋေတန်ဖိုးရှိ အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းနှင့် Thane မြို့တွင် တစ်လလျှင်ရူပီး(၃)သောင်းဖြင့် ငှားရမ်းနေသည့် ဆိုင်ခန်းနှစ်ခန်း လည်း ပိုင်ဆိုင်ကြောင်း သိရသည်။ ၎င်း၏ လစဉ်ဝင်ငွေသည် ရူပီး(၆)သောင်း နှင့် (၇)သောင်းခွဲကြားတွင် ရှိနိုင် ကြောင်း ခန့်မှန်းပြောဆိုမှုများလည်း ရှိသည်။

Bharat Jain သည် ပညာရေးကို သင်ယူရန် မတတ်နိုင်ခဲ့ခြင်းကြောင့် အသက်မွေးဝမ်းကျောင်းပြုရန်အတွက် တောင်းရမ်းစားသောက်ခဲ့ကြောင်း Economic Times အဆိုအရ သိရသည်။ သို့သော်လည်း ၎င်း၏ ကလေးများကို ၎င်း၏ ခြေရာအတိုင်း မနင်းစေဘဲ ကျောင်းတက်စေခဲ့ကာ ဘွဲ့ရရှိပြီး အလုပ်အကိုင်များ ရရှိနေပြီဖြစ်ကြောင်း သိရသည်။

Bharat Jain ၏ မိသားစုဝင်များက ၎င်းကို သက်တောင့်သက်သာနေရန် တိုက်တွန်းပြောဆိုထားမှုကို လက်မခံဘဲ လမ်းမများပေါ်တွင် တောင်းရမ်းစားသောက်နေဆဲဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ကမာၻ႔အခ်မ္းသာဆုံး သူေတာင္းစား
Pika (NP News) - ဇူလိုင္ ၁၄

အိႏၵိယႏိုင္ငံ မြန္ဘိုင္းၿမိဳ႕ရွိ လမ္းမမ်ားေပၚတြင္ လူမ်ားထံမွေငြမ်ား ေတာင္းရမ္းေနေသာ အိႏၵိယအမ်ိဳးသား သူေတာင္းစားတစ္ဦးသည္ ကမာၻ႔အခ်မ္းသာဆုံး သူေတာင္းစားတစ္ဦးျဖစ္ေၾကာင္း အိႏၵိယမီဒီယာမ်ားက ေဖာ္ျပခဲ့ ၾကသည္။

ထို႔အျပင္ ၎၏ တန္ေၾကးမွာ အေမရိကန္ေဒၚလာ(၁)သန္းေက်ာ္ ပိုင္ဆိုင္ထားေၾကာင္း မီဒီယာမ်ားက ေဖာ္ျပခဲ့ သည္။

အိႏၵိယႏိုင္ငံတြင္ လူအမ်ားအျပားသည္ ႐ူပီးရာဂဏန္းအတြက္ နာရီေပါင္းမ်ားစြာ ပင္ပင္ပန္းပန္းလုပ္ကိုင္ေနရေသာ္ လည္း ကမာၻ႔အခ်မ္းသာဆုံးသူေတာင္းစား Bharat Jain သည္ လူမ်ားထံမွ ေတာင္းရမ္းျခင္းျဖင့္ ေန႔စဥ္႐ူပီး(၂ဝဝဝ) မွ (၂၅ဝဝ) ၾကား ရရွိေၾကာင္း သိရသည္၊၊

Bharat Jain သည္ Chhatrapati Shivaji Maharaj Terminus မီးရထားဘူတာ (CSMT) သို႔မဟုတ္ Azad Maidan အားကစားကြင္းကဲ့သို႔ေနရာမ်ားတြင္ ေတာင္းရမ္းစားေသာက္ေနသည္မွာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီျဖစ္ၿပီး ႂကြယ္ဝခ်မ္းသာလာခဲ့ေၾကာင္း သိရသည္။

၎၏ အသားတင္ပိုင္ဆိုင္မႈမွာ ႐ူပီး(၇ ဒသမ ၅) ကုေဋဝန္းက်င္ရွိၿပီး မြန္ဘိုင္းတြင္ ႐ူပီး(၁ ဒသမ ၂) ကုေဋတန္ဖိုးရွိ အိပ္ခန္းႏွစ္ခန္းပါ တိုက္ခန္းႏွင့္ Thane ၿမိဳ႕တြင္ တစ္လလွ်င္႐ူပီး(၃)ေသာင္းျဖင့္ ငွားရမ္းေနသည့္ ဆိုင္ခန္းႏွစ္ခန္း လည္း ပိုင္ဆိုင္ေၾကာင္း သိရသည္။ ၎၏ လစဥ္ဝင္ေငြသည္ ႐ူပီး(၆)ေသာင္း ႏွင့္ (၇)ေသာင္းခြဲၾကားတြင္ ရွိႏိုင္ ေၾကာင္း ခန႔္မွန္းေျပာဆိုမႈမ်ားလည္း ရွိသည္။

Bharat Jain သည္ ပညာေရးကို သင္ယူရန္ မတတ္ႏိုင္ခဲ့ျခင္းေၾကာင့္ အသက္ေမြးဝမ္းေက်ာင္းျပဳရန္အတြက္ ေတာင္းရမ္းစားေသာက္ခဲ့ေၾကာင္း Economic Times အဆိုအရ သိရသည္။ သို႔ေသာ္လည္း ၎၏ ကေလးမ်ားကို ၎၏ ေျခရာအတိုင္း မနင္းေစဘဲ ေက်ာင္းတက္ေစခဲ့ကာ ဘြဲ႕ရရွိၿပီး အလုပ္အကိုင္မ်ား ရရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

Bharat Jain ၏ မိသားစုဝင္မ်ားက ၎ကို သက္ေတာင့္သက္သာေနရန္ တိုက္တြန္းေျပာဆိုထားမႈကို လက္မခံဘဲ လမ္းမမ်ားေပၚတြင္ ေတာင္းရမ္းစားေသာက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

© 2021. All rights reserved.