ဂွေးချိုရွာမှ ဒေသခံ(၅)ဦးနှင့် ကားတစ်စီးကို PDF မှ ဖမ်းဆီးသွားပြီးနောက် ယနေ့အထိ အဆက်အသွယ်ပြတ်တောက်နေ၍ မိသားစုဝင်များ စိုးရိမ်နေ

4594

NP News - ဇူလိုင် ၁၆
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဂွေးချိုရွာမှ ဒေသခံ(၅)ဦးနှင့် ကားတစ်စီးကို PDF မှ ဖမ်းဆီးသွားပြီးနောက် ယနေ့အထိ အဆက်သွယ်ပြတ်တောက်နေ၍ မိသားစုဝင်များက စိုးရိမ်နေကြောင်း သိရသည်။
ဂွေးချိုရွာတွင် နေထိုင်သော အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၂ဝ)ဦးတို့သည် ၎င်းတို့ရွာအနီးရှိ မြေဖြူရွာမှ ကားတစ်စီးကို ငှားရမ်းကာ ပြီးခဲ့သော ဇူလိုင်လ ၁၁ ရက်တွင် ပခုက္ကူမြို့ပေါ်သို့ ဈေးဝယ်သွားခဲ့ကြောင်း ဒေသခံများက NP News ကို ပြောသည်။
“ညနေ ၃ နာရီလောက်မှာ ပခုက္ကူမြို့ကနေ ဈေးဝယ်ပြီးပြန်လာတာပေါ့။ ဈေးဝယ်သွားတာ အကုန်လုံးက ကျွန်တော်တို့ ဂွေးချိုရွာက လူတွေချည်းပဲ။ ပြန်လာတော့ ကျောက်လှေခါးရွာလမ်းဆုံရဲ့ အနားမှ တိုးဂိတ်အဆောက်အဦးရှိတယ်။ အဲဒီတိုးဂိတ်နားမှာ PDF (၂၀)လောက်က ကားကို တားပြီးတော့ ကားပေါ်မှာပါတဲ့သူတွေကို အကုန်ဆင်းခိုင်းတယ်။ ပြီးတော့ ယောကျာ်လေးတွေကို ကားပေါ်ကို အကုန်ပြန်တက်ခိုင်းတယ်။ အဲဒီမှာ ဂွေးချိုရွာ အမျိုးသား(၃)ယောက်နဲ့ မြေဖြူရွာက ကားသမား(၁)ယောက် ကားပေါ်ပြန်တက်ရတယ်။ နောက်တစ်ခါ အမျိုးသမီးတစ်ယောက်က ကားပေါ်မှာ သူ့ပစ္စည်းယူစရာရှိလို့ တက်ယူနေတဲ့အချိန်မှာ ပြန်အဆင်းမခံတော့ဘဲ မောင်းထွက်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသူများသည် မြေဖြူရွာမှ ယာဉ်မောင်း ကိုရဲမင်းဇော်၊ ဂွေးချိုရွာမှ ဦးတင့်၊ ဦးရဲလွင်၊ ကိုမင်းသူ နှင့် ဒေါ်အေးကြင်မော်တို့ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ကားသမားအပါအဝင် ယောကျာ်းလေး(၄)ယောက်နဲ့ မိန်းကလေးတစ်ယောက် စုစုပေါင်း (၅)ယောက်ပါသွားတယ်။ အဲဒီမှာ သူတို့မှာပါတဲ့ ငွေကြေးတွေလည်း ပါသွားတယ်။ ဆန်တွေ၊ ဆီတွေလည်းပါသွားတယ်။ ဂွေးချိုရွာမှာ မင်္ဂလာဆောင်ရှိတော့ အဲဒီအတွက်သွားဝယ်တဲ့ ဆန်တွေ၊ ဆီတွေ၊ ဆားတွေ အကုန်လုံးပါသွားတယ်။ စက်သုံးဆီပေပါတွေလည်း ပါသွားတယ်” ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောသည်။
အထက်ပါကဲ့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ဒေသခံ(၅)ဦးသည် ယနေ့(ဇူလိုင်လ ၁၆ ရက်)အထိ မိသားစုဝင်များနှင့်အဆက်အသွယ်ပြတ်တောက်နေသည့်အတွက် စိုးရိမ်ပူပန်နေကြကြောင်း ဒေသခံများက ပြောကြားထားသည်။
ဒေသခံ PDF အဖွဲ့ခေါင်းဆောင် အောင်လှိုင်ဝင်း ဦးဆောင်သောအဖွဲ့နှင့် ဗိုလ်ဟိန်း(ခ)အောင်မောင်း ဦးဆောင်သောအဖွဲ့ (၂)ဖွဲ့ပူးပေါင်းကာ ဒေသခံ(၅)ဦးနှင့် ကားတစ်စီးကို ဖမ်းဆီးခေါ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားသည်။
“အဖမ်းခံရတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် သူက မုဆိုးမ။ သူ့မှာ သားသမီး(၈)ယောက်ရှိတယ်။ သူ့မှာ ကလေးငယ်တွေနဲ့ပေါ့။ ကျန်တဲ့ ယောကျာ်လေးတွေကလည်း တစ်နေ့လုပ်တစ်နေ့စားတွေပေါ့။ အခုထိလည်း အဆက်အသွယ်က မရဖြစ်နေတော့ သူတို့ရဲ့ မိသားစုဝင်တွေက စိတ်ပူနေကြတာပေါ့" ဟု ဂွေးချိုရွာခံတစ်ဦးက ပြောသည်။
ထို့ပြင် ယင်းကဲ့သို့ ဖမ်းဆီးခံခဲ့ရသူများအနက် ဒေါ်အေးကြင်မော်သည် အသက်(၅၀)အရွယ်ခန့် ရှိပြီဖြစ်ကာ ကျန်းမာရေးချို့တဲ့သူတစ်ဦးဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောသည်။
“ဒေါ်အေးကြင်မော်မှာက (၃)နှစ်လောက်ပဲရှိသေးတဲ့ ကလေးငယ်လေးရှိတယ်။ အဲဒီကလေးက ညဆိုရင် မေမေ၊ မေမေနဲ့ ခေါ်ပြီး ငိုငိုနေလို့ မွေးချင်းတွေလည်း စိတ်ဆင်းရဲနေကြတယ်။ ကလေးတွေက စားဝတ်နေရေးနဲ့ဘာနဲ့ဆိုတော့ ကျောင်းလည်း မတက်ရ။ ဖြစ်နိုင်ရင်တော့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဒေါ်အေးကြင်မော်၏ မိသားစုဝင်တစ်ဦးက NP News ကို ပြောသည်။
ထိုကဲ့သို့ PDF အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည့် ဂွေးချိုရွာဒေသခံ (၅)ဦးနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့၏ လှုပ်ရှားမှုများလည်း တစ်စုံတစ်ရာမတွေ့ရှိရသေးကြောင်း ဒေသခံများက ပြောကြားသည်။

zawgyi version
ေဂြးခ်ိဳ႐ြာမွ ေဒသခံ(၅)ဦးႏွင့္ ကားတစ္စီးကို PDF မွ ဖမ္းဆီးသြားၿပီးေနာက္ ယေန႔အထိ အဆက္အသြယ္ျပတ္ေတာက္ေန၍ မိသားစုဝင္မ်ား စိုးရိမ္ေန
NP News - ဇူလိုင္ ၁၆
မေကြးတိုင္း၊ ပခုကၠဴခ႐ိုင္၊ ေရစႀကိဳၿမိဳ႕နယ္၊ ေဂြးခ်ိဳ႐ြာမွ ေဒသခံ(၅)ဦးႏွင့္ ကားတစ္စီးကို PDF မွ ဖမ္းဆီးသြားၿပီးေနာက္ ယေန႔အထိ အဆက္သြယ္ျပတ္ေတာက္ေန၍ မိသားစုဝင္မ်ားက စိုးရိမ္ေနေၾကာင္း သိရသည္။
ေဂြးခ်ိဳ႐ြာတြင္ ေနထိုင္ေသာ အမ်ိဳးသား(၃)ဦးႏွင့္ အမ်ိဳးသမီး(၂ဝ)ဦးတို႔သည္ ၎တို႔႐ြာအနီးရွိ ေျမျဖဴ႐ြာမွ ကားတစ္စီးကို ငွားရမ္းကာ ၿပီးခဲ့ေသာ ဇူလိုင္လ ၁၁ ရက္တြင္ ပခုကၠဴၿမိဳ႕ေပၚသို႔ ေဈးဝယ္သြားခဲ့ေၾကာင္း ေဒသခံမ်ားက NP News ကို ေျပာသည္။
“ညေန ၃ နာရီေလာက္မွာ ပခုကၠဴၿမိဳ႕ကေန ေဈးဝယ္ၿပီးျပန္လာတာေပါ့။ ေဈးဝယ္သြားတာ အကုန္လုံးက ကြၽန္ေတာ္တို႔ ေဂြးခ်ိဳ႐ြာက လူေတြခ်ည္းပဲ။ ျပန္လာေတာ့ ေက်ာက္ေလွခါး႐ြာလမ္းဆုံရဲ႕ အနားမွ တိုးဂိတ္အေဆာက္အဦးရွိတယ္။ အဲဒီတိုးဂိတ္နားမွာ PDF (၂၀)ေလာက္က ကားကို တားၿပီးေတာ့ ကားေပၚမွာပါတဲ့သူေတြကို အကုန္ဆင္းခိုင္းတယ္။ ၿပီးေတာ့ ေယာက်ာ္ေလးေတြကို ကားေပၚကို အကုန္ျပန္တက္ခိုင္းတယ္။ အဲဒီမွာ ေဂြးခ်ိဳ႐ြာ အမ်ိဳးသား(၃)ေယာက္နဲ႔ ေျမျဖဴ႐ြာက ကားသမား(၁)ေယာက္ ကားေပၚျပန္တက္ရတယ္။ ေနာက္တစ္ခါ အမ်ိဳးသမီးတစ္ေယာက္က ကားေပၚမွာ သူ႔ပစၥည္းယူစရာရွိလို႔ တက္ယူေနတဲ့အခ်ိန္မွာ ျပန္အဆင္းမခံေတာ့ဘဲ ေမာင္းထြက္သြားတယ္”ဟု ေဒသခံတစ္ဦးက ေျပာသည္။
ထိုသို႔ ဖမ္းဆီးေခၚေဆာင္ျခင္းခံခဲ့ရသူမ်ားသည္ ေျမျဖဴ႐ြာမွ ယာဥ္ေမာင္း ကိုရဲမင္းေဇာ္၊ ေဂြးခ်ိဳ႐ြာမွ ဦးတင့္၊ ဦးရဲလြင္၊ ကိုမင္းသူ ႏွင့္ ေဒၚေအးၾကင္ေမာ္တို႔ျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
“ကားသမားအပါအဝင္ ေယာက်ာ္းေလး(၄)ေယာက္နဲ႔ မိန္းကေလးတစ္ေယာက္ စုစုေပါင္း (၅)ေယာက္ပါသြားတယ္။ အဲဒီမွာ သူတို႔မွာပါတဲ့ ေငြေၾကးေတြလည္း ပါသြားတယ္။ ဆန္ေတြ၊ ဆီေတြလည္းပါသြားတယ္။ ေဂြးခ်ိဳ႐ြာမွာ မဂၤလာေဆာင္ရွိေတာ့ အဲဒီအတြက္သြားဝယ္တဲ့ ဆန္ေတြ၊ ဆီေတြ၊ ဆားေတြ အကုန္လုံးပါသြားတယ္။ စက္သုံးဆီေပပါေတြလည္း ပါသြားတယ္” ဟု ေဒသခံတစ္ဦးက ဆက္လက္ေျပာသည္။
အထက္ပါကဲ့သို႔ ဖမ္းဆီးေခၚေဆာင္ျခင္းခံခဲ့ရသည့္ ေဒသခံ(၅)ဦးသည္ ယေန႔(ဇူလိုင္လ ၁၆ ရက္)အထိ မိသားစုဝင္မ်ားႏွင့္အဆက္အသြယ္ျပတ္ေတာက္ေနသည့္အတြက္ စိုးရိမ္ပူပန္ေနၾကေၾကာင္း ေဒသခံမ်ားက ေျပာၾကားထားသည္။
ေဒသခံ PDF အဖြဲ႕ေခါင္းေဆာင္ ေအာင္လႈိင္ဝင္း ဦးေဆာင္ေသာအဖြဲ႕ႏွင့္ ဗိုလ္ဟိန္း(ခ)ေအာင္ေမာင္း ဦးေဆာင္ေသာအဖြဲ႕ (၂)ဖြဲ႕ပူးေပါင္းကာ ေဒသခံ(၅)ဦးႏွင့္ ကားတစ္စီးကို ဖမ္းဆီးေခၚသြားျခင္းျဖစ္ေၾကာင္း ၎တို႔က ဆက္လက္ေျပာၾကားသည္။
“အဖမ္းခံရတဲ့ အမ်ိဳးသမီးတစ္ေယာက္ဆိုရင္ သူက မုဆိုးမ။ သူ႔မွာ သားသမီး(၈)ေယာက္ရွိတယ္။ သူ႔မွာ ကေလးငယ္ေတြနဲ႔ေပါ့။ က်န္တဲ့ ေယာက်ာ္ေလးေတြကလည္း တစ္ေန႔လုပ္တစ္ေန႔စားေတြေပါ့။ အခုထိလည္း အဆက္အသြယ္က မရျဖစ္ေနေတာ့ သူတို႔ရဲ႕ မိသားစုဝင္ေတြက စိတ္ပူေနၾကတာေပါ့" ဟု ေဂြးခ်ိဳ႐ြာခံတစ္ဦးက ေျပာသည္။
ထို႔ျပင္ ယင္းကဲ့သို႔ ဖမ္းဆီးခံခဲ့ရသူမ်ားအနက္ ေဒၚေအးၾကင္ေမာ္သည္ အသက္(၅၀)အ႐ြယ္ခန႔္ ရွိၿပီျဖစ္ကာ က်န္းမာေရးခ်ိဳ႕တဲ့သူတစ္ဦးျဖစ္ေၾကာင္း ၎၏ မိသားစုဝင္မ်ားက ေျပာသည္။
“ေဒၚေအးၾကင္ေမာ္မွာက (၃)ႏွစ္ေလာက္ပဲရွိေသးတဲ့ ကေလးငယ္ေလးရွိတယ္။ အဲဒီကေလးက ညဆိုရင္ ေမေမ၊ ေမေမနဲ႔ ေခၚၿပီး ငိုငိုေနလို႔ ေမြးခ်င္းေတြလည္း စိတ္ဆင္းရဲေနၾကတယ္။ ကေလးေတြက စားဝတ္ေနေရးနဲ႔ဘာနဲ႔ဆိုေတာ့ ေက်ာင္းလည္း မတက္ရ။ ျဖစ္ႏိုင္ရင္ေတာ့ အျမန္ဆုံး ျပန္လႊတ္ေပးဖို႔ ေမတၱာရပ္ခံပါတယ္” ဟု ေဒၚေအးၾကင္ေမာ္၏ မိသားစုဝင္တစ္ဦးက NP News ကို ေျပာသည္။
ထိုကဲ့သို႔ PDF အဖြဲ႕၏ ဖမ္းဆီးေခၚေဆာင္ျခင္းကို ခံခဲ့ရသည့္ ေဂြးခ်ိဳ႐ြာေဒသခံ (၅)ဦးႏွင့္ပတ္သက္၍ သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕၏ လႈပ္ရွားမႈမ်ားလည္း တစ္စုံတစ္ရာမေတြ႕ရွိရေသးေၾကာင္း ေဒသခံမ်ားက ေျပာၾကားသည္။