အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး ဆောက်လုပ်မှု အဆုံးသတ်နိုင်ရန် မြန်မာအစိုးရ ကြိုးစားသင့်ကြောင်း အိန္ဒိယတိုက်တွန်း

 1382

ထွန်းမွန်သက် (NP News) - ဇူလိုင် ၁၇

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးသည် ၇ဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး အမြန်ဆုံး အပြီးသတ်တည်ဆောက်နိုင်ရန် မြန်မာအစိုးရအနေဖြင့် ကြိုးစားသင့်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar Jaishankar တိုက်တွန်းပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေးကို တက်ရောက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သည့် Mekong Ganga Cooperation Mechanism အစည်း အဝေးနားချိန်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံမှု၌ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့အနေဖြင့် ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှု၌ အရေးကြီးသည့် အကြောင်းအရာများကို အဓိကဆွေးနွေးခဲ့ကြပြီး ၎င်းစီမံကိန်းများ အမြန်ဆုံးအပြီးသတ်ဆောင်ရွက်နိုင်ရန် စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ အထူးသဖြင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံချိတ်ဆက်မည့် အဝေးပြေးလမ်းမကြီးအား အမြန်ဆုံးအပြီးသတ်နိုင်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး တည်ဆောက်နေမှုသည် အလွန်ခက်ခဲသော စီမံကိန်းတစ်ခုဖြစ်ပြီး အဆုံးသတ်တည်ဆောက်နိုင်ရန် မြန်မာအစိုးရအနေဖြင့် နည်းလမ်းများ ရှာဖွေသင့်ကြောင်း S Jaishankar Jaishankar က ၎င်း၏ တွစ်တာ၌ ရေးသားခဲ့သည်။

၁၄၀၀ ကီလိုမီတာ ရှည်လျားသည့် အဆိုပါ သုံးနိုင်ငံ ချိတ်ဆက်သည့် အဝေးပြေးလမ်းမကြီးသည် အိန္ဒိယနိုင်ငံ မော်ရေးမြို့ နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့များသို့ ချိတ်ဆက်ထားရာ မြန်မာနိုင်ငံမှ ဖြတ်သန်းသွားသည့် ဒေသတွင်း အရေးပါသည့် အဝေးပြေးလမ်းမကြီး တစ်ခုဖြစ်ပြီး အိန္ဒိယနှင့် ထိုင်းနိုင်ငံဘက်ခြမ်းများတွင် ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံး၏ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ကျန်ရှိသည့် ၃၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံတွင်း လုပ်ဆောင်ရမည့် စီမံကိန်းအစိတ်အပိုင်းများ ဖြစ်ပြီး နိုင်ငံတွင်း မတည်ငြိမ်မှုများကြောင့် ရပ်တန့်ထားရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သုံးနိုင်ငံချိတ်ဆက်သည့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး တည်ဆောက်မှု ပြီးစီးအောင်မြင်သည့်အခါ အရှေ့တောင်အာရှနှင့် အိန္ဒိယဒေသတွင်း၌ ကုန်သွယ်မှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ခရီးသွားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
အိႏၵိယ-ျမန္မာ-ထိုင္း အေဝးေျပးလမ္းမႀကီး ေဆာက္လုပ္မႈ အဆုံးသတ္ႏိုင္ရန္ ျမန္မာအစိုးရ ႀကိဳးစားသင့္ေၾကာင္း အိႏၵိယတိုက္တြန္း

ထြန္းမြန္သက္ (NP News) - ဇူလိုင္ ၁၇

အိႏၵိယ-ျမန္မာ-ထိုင္း သုံးႏိုင္ငံ အေဝးေျပးလမ္းမႀကီးသည္ ၇ဝ ရာခိုင္ႏႈန္းၿပီးစီးေနၿပီျဖစ္ၿပီး အျမန္ဆုံး အၿပီးသတ္တည္ေဆာက္ႏိုင္ရန္ ျမန္မာအစိုးရအေနျဖင့္ ႀကိဳးစားသင့္ေၾကာင္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး S Jaishankar Jaishankar တိုက္တြန္းေျပာၾကားခဲ့သည္။

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးသည္ အင္ဒိုနီးရွားႏိုင္ငံတြင္က်င္းပခဲ့သည့္ အာဆီယံအစည္းအေဝးကို တက္ေရာက္ခဲ့ၿပီးေနာက္ ထိုင္းႏိုင္ငံ၌ ျပဳလုပ္ခဲ့သည့္ Mekong Ganga Cooperation Mechanism အစည္း အေဝးနားခ်ိန္အတြင္း ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ တိုက္တြန္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေတြ႕ဆုံမႈ၌ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးတို႔အေနျဖင့္ ေဒသတြင္း ဆက္သြယ္ခ်ိတ္ဆက္မႈ၌ အေရးႀကီးသည့္ အေၾကာင္းအရာမ်ားကို အဓိကေဆြးေႏြးခဲ့ၾကၿပီး ၎စီမံကိန္းမ်ား အျမန္ဆုံးအၿပီးသတ္ေဆာင္႐ြက္ႏိုင္ရန္ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ေနရေၾကာင္း၊ အထူးသျဖင့္ အိႏၵိယ-ျမန္မာ-ထိုင္း သုံးႏိုင္ငံခ်ိတ္ဆက္မည့္ အေဝးေျပးလမ္းမႀကီးအား အျမန္ဆုံးအၿပီးသတ္ႏိုင္ရန္ လိုအပ္ေၾကာင္း ေဆြးေႏြးခဲ့ၾကသည္ဟု သိရသည္။

အိႏၵိယ-ျမန္မာ-ထိုင္း သုံးႏိုင္ငံအေဝးေျပးလမ္းမႀကီး တည္ေဆာက္ေနမႈသည္ အလြန္ခက္ခဲေသာ စီမံကိန္းတစ္ခုျဖစ္ၿပီး အဆုံးသတ္တည္ေဆာက္ႏိုင္ရန္ ျမန္မာအစိုးရအေနျဖင့္ နည္းလမ္းမ်ား ရွာေဖြသင့္ေၾကာင္း S Jaishankar Jaishankar က ၎၏ တြစ္တာ၌ ေရးသားခဲ့သည္။

၁၄၀၀ ကီလိုမီတာ ရွည္လ်ားသည့္ အဆိုပါ သုံးႏိုင္ငံ ခ်ိတ္ဆက္သည့္ အေဝးေျပးလမ္းမႀကီးသည္ အိႏၵိယႏိုင္ငံ ေမာ္ေရးၿမိဳ႕ ႏွင့္ ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕မ်ားသို႔ ခ်ိတ္ဆက္ထားရာ ျမန္မာႏိုင္ငံမွ ျဖတ္သန္းသြားသည့္ ေဒသတြင္း အေရးပါသည့္ အေဝးေျပးလမ္းမႀကီး တစ္ခုျဖစ္ၿပီး အိႏၵိယႏွင့္ ထိုင္းႏိုင္ငံဘက္ျခမ္းမ်ားတြင္ ၿပီးစီးေနၿပီျဖစ္ကာ စီမံကိန္းတစ္ခုလုံး၏ ၇၀ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီ ျဖစ္ေၾကာင္း သိရသည္။

က်န္ရွိသည့္ ၃၀ ရာခိုင္ႏႈန္းသည္ ျမန္မာႏိုင္ငံတြင္း လုပ္ေဆာင္ရမည့္ စီမံကိန္းအစိတ္အပိုင္းမ်ား ျဖစ္ၿပီး ႏိုင္ငံတြင္း မတည္ၿငိမ္မႈမ်ားေၾကာင့္ ရပ္တန႔္ထားရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သုံးႏိုင္ငံခ်ိတ္ဆက္သည့္ အိႏၵိယ-ျမန္မာ-ထိုင္း အေဝးေျပးလမ္းမႀကီး တည္ေဆာက္မႈ ၿပီးစီးေအာင္ျမင္သည့္အခါ အေရွ႕ေတာင္အာရွႏွင့္ အိႏၵိယေဒသတြင္း၌ ကုန္သြယ္မႈ၊ စီးပြားေရး၊ က်န္းမာေရး၊ ပညာေရးႏွင့္ ခရီးသြားက႑မ်ား ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.