ဘုတလင်မြို့ပေါ်သို့ PDF အဖွဲ့က လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ (၁)ဦးသေဆုံးခဲ့ပြီး ကျောင်းသားနှင့် နိုင်ငံ့ဝန်ထမ်း (၁၁)ဦး ထိခိုက်

1112

NP News - ဇူလိုင် ၁၈
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်သို့ PDF အဖွဲ့က လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ (၁)ဦးသေဆုံးခဲ့ပြီး ကျောင်းသားနှင့် နိုင်ငံ့ဝန်ထမ်း (၁၁)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့(ဇူလိုင် ၁၇ ရက်) နံနက် ၉ နာရီမှ ၁၀ နာရီခွဲအချိန်ထိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအပါအဝင် စုစုပေါင်း (၂၀၀)ဦးဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ကြောင်း နစကမှ ဆိုသည်။
ထိုသို့ စိုက်ပျိုးခဲ့ပြီးနောက် မြို့တွင်းသို့ ပြန်လည်ထွက်ခွာလာစဉ်အချိန်တွင် PDF အမည်ခံအကြမ်းဖက်သမားများက မြို့၏ မြောက်ဘက်နှင့်တောင်ဘက်တို့မှ (၂)ဖွဲ့ခွဲကာ မြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။
၎င်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် PDF များက ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းလည်း နစကမှ ဆိုထားသည်။
အထက်ပါကဲ့သို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုတလင်မြို့အတွင်းရှိ နေရာအနှံ့အပြားသို့ လက်လုပ်စိန်ပြောင်းဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါကဲ့သို့ လက်လုပ်စိန်ပြောင်းဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ ပါဝင်ခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနက် တစ်ဦးသေဆုံးခဲ့ကာ အသက်(၁၀)နှစ်အောက် ကလေးငယ် (၃)အပါအဝင် (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် လက်လုပ်စိန်ပြောင်းဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဗန္ဓုလရပ်ကွက်ရှိ ရောင်ခြည်ဦးဘုန်းတော်ကြီးကျောင်း၏ တံခါးမှန်အချို့သည်လည်း ပျက်စီးမှုများရှိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
၎င်းဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဘုတလင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် အထက်ပါကဲ့သို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော PDF များကို ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးတို့အတွက် ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း နစကမှ အသိပေးထားသည်။

Zawgyi Version
ဘုတလင္ၿမိဳ႕ေပၚသို႔ PDF အဖြဲ႕က လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ ပစ္ခတ္ခဲ့ရာ (၁)ဦးေသဆုံးခဲ့ၿပီး ေက်ာင္းသားႏွင့္ ႏိုင္ငံ့ဝန္ထမ္း (၁၁)ဦး ထိခိုက္
NP News - ဇူလိုင္ ၁၈
စစ္ကိုင္းတိုင္း၊ ဘုတလင္ၿမိဳ႕ေပၚသို႔ PDF အဖြဲ႕က လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ ပစ္ခတ္ခဲ့ရာ (၁)ဦးေသဆုံးခဲ့ၿပီး ေက်ာင္းသားႏွင့္ ႏိုင္ငံ့ဝန္ထမ္း (၁၁)ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ဘုတလင္ၿမိဳ႕၊ ခုံမင္းႀကီးရပ္ကြက္ရွိ အေျခခံပညာအလယ္တန္းေက်ာင္း(ခြဲ)တြင္ ယမန္ေန႔(ဇူလိုင္ ၁၇ ရက္) နံနက္ ၉ နာရီမွ ၁၀ နာရီခြဲအခ်ိန္ထိ ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအပါအဝင္ စုစုေပါင္း (၂၀၀)ဦးျဖင့္ မိုးရာသီသစ္ပင္စိုက္ပ်ိဳးပြဲ က်င္းပခဲ့ေၾကာင္း နစကမွ ဆိုသည္။
ထိုသို႔ စိုက္ပ်ိဳးခဲ့ၿပီးေနာက္ ၿမိဳ႕တြင္းသို႔ ျပန္လည္ထြက္ခြာလာစဥ္အခ်ိန္တြင္ PDF အမည္ခံအၾကမ္းဖက္သမားမ်ားက ၿမိဳ႕၏ ေျမာက္ဘက္ႏွင့္ေတာင္ဘက္တို႔မွ (၂)ဖြဲ႕ခြဲကာ ၿမိဳ႕အတြင္းသို႔ လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ အေၾကာင္းမဲ့ ပစ္ခတ္တိုက္ခိုက္ခဲ့သည္ဟု နစကမွ သတင္းထုတ္ျပန္ထားသည္။
၎ကဲ့သို႔ ပစ္ခတ္တိုက္ခိုက္မႈအေပၚ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကလည္း လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ျပန္လည္ပစ္ခတ္တိုက္ခိုက္ခဲ့သည့္အတြက္ PDF မ်ားက ျပန္လည္ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္းလည္း နစကမွ ဆိုထားသည္။
အထက္ပါကဲ့သို႔ လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ဘုတလင္ၿမိဳ႕အတြင္းရွိ ေနရာအႏွံ႔အျပားသို႔ လက္လုပ္စိန္ေျပာင္းဗုံးသီးမ်ား က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
အဆိုပါကဲ့သို႔ လက္လုပ္စိန္ေျပာင္းဗုံးသီးမ်ား က်ေရာက္ေပါက္ကြဲမႈေၾကာင့္ မိုးရာသီသစ္ပင္စိုက္ပ်ိဳးပြဲ၌ ပါဝင္ခဲ့ၾကသည့္ ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ ေဒသခံျပည္သူမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအနက္ တစ္ဦးေသဆုံးခဲ့ကာ အသက္(၁၀)ႏွစ္ေအာက္ ကေလးငယ္ (၃)အပါအဝင္ (၁၁)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ လက္လုပ္စိန္ေျပာင္းဗုံးသီးမ်ား က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ဗႏၶဳလရပ္ကြက္ရွိ ေရာင္ျခည္ဦးဘုန္းေတာ္ႀကီးေက်ာင္း၏ တံခါးမွန္အခ်ိဳ႕သည္လည္း ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။
၎ျဖစ္စဥ္အတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့ေသာ ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ ေဒသခံျပည္သူမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ဘုတလင္ၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကာ ေဆးဝါးကုသေပးလ်က္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားအေနျဖင့္ အထက္ပါကဲ့သို႔ လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေသာ PDF မ်ားကို ဖမ္းဆီးအေရးယူႏိုင္ေရးႏွင့္ နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းေရးတို႔အတြက္ ဆက္လက္လုပ္ေဆာင္ေနသည္ဟုလည္း နစကမွ အသိေပးထားသည္။