ဘတ်ဟိုးတူးထားသည့် မြောင်းအတွင်းရေဆင်းကူးသည့် ကျောင်းသားနှစ်ဦး ရေနစ်သေဆုံးမှု ကြို့ပင်ကောက်တွင် ဖြစ်ပွား

 566

NP News - ဇူလိုင် ၁၈

ကျောင်းမတက်ဘဲ ဘတ်ဟိုးတူးထားသည့် မြောင်းအတွင်းရေဆင်းကူးသည့် ကျောင်းသားနှစ်ဦး ရေနစ်သေဆုံးမှု ကြို့ပင်ကောက်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့(ဇူလိုင်လ ၁၈ ရက်) နံနက်(၉)နာရီအချိန်ခန့်တွင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကျောင်းကုန်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ကြို့ပင်ကောက်နာရေးကူညီမှုအသင်းထံမှ သိရသည်။

အသက်(၁၃)နှစ်အရွယ်နှင့် အသက်(၉)နှစ်အရွယ်ကျောင်းသားနှစ်ဦးသည် ကျောင်းမတက်ဘဲ အဆိုပါ ကျေးရွာအနီးရှိ ဆည်မြောင်းဘေး ကန်အတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

“ကြို့ပင်ကောက်မြို့အရှေ့ဘက်ကို တက်တဲ့ကားလမ်းရှိတယ်။ ကားလမ်းဘေးမှာ ဆည်မြောင်းရှိတယ်။ အဲဒီနှစ်ခုကြားထဲမှာ ဘတ်ဟိုး တူးထားတဲ့ ကန်လိုမျိုးရှိတယ် မိုးတွင်းဆိုတော့ ရေများတော့ အထဲမှာရေတွေပြည့်နေတယ်။ ကျောင်းမတက်ဘဲနဲ့ နှစ်ယောက်လုံး ရေသွားကူးရင်းနဲ့ ရေနစ်ကြတာ။ လမ်းသွားတွေကမြင်တော့ သွားတော့ကယ်ပေမယ့် အသက်မမီတော့ဘူး”ဟု ကြို့ပင်ကောက် နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ကျောင်းသားနှစ်ဦးသည် ကြို့ပင်ကောက်မြို့နယ်၊ ရွာမမြောက်ရပ်ကွက်၊ ဗောဓိ(၃)လမ်းတွင် နေထိုင်ကြပြီး ဗောဓိရုက္ခကျောင်းတွင် ပညာသင်ကြားနေသူများဖြစ်ကြောင်း သိရသည်။

သေဆုံးသူများအနက်မှ မောင်ကိုကိုထွန်း(၁၃)နှစ်သည် ဆဌမတန်းတက်ရောက်နေသူဖြစ်ပြီး မောင်ထက်မြတ်သူ(၉)နှစ်သည် တတိယတန်းတက်ရောက်နေသူများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

သေဆုံးသူကျောင်းသားနှစ်ဦးအား ကြို့ပင်ကောက်နာရေးကူညီမှုအသင်းမှ ကြို့ပင်ကောက်ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတဆင့် ဗောဓိ(၃)လမ်းရှိ သေဆုံးသူများ၏ နေအိမ်များကို ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ဘတ္ဟိုးတူးထားသည့္ ေျမာင္းအတြင္းေရဆင္းကူးသည့္ ေက်ာင္းသားႏွစ္ဦး ေရနစ္ေသဆုံးမႈ ႀကိဳ႕ပင္ေကာက္တြင္ ျဖစ္ပြား

NP News - ဇူလိုင္ ၁၈

ေက်ာင္းမတက္ဘဲ ဘတ္ဟိုးတူးထားသည့္ ေျမာင္းအတြင္းေရဆင္းကူးသည့္ ေက်ာင္းသားႏွစ္ဦး ေရနစ္ေသဆုံးမႈ ႀကိဳ႕ပင္ေကာက္ၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ဇူလိုင္လ ၁၈ ရက္) နံနက္(၉)နာရီအခ်ိန္ခန႔္တြင္ ပဲခူးတိုင္း၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္၊ ေက်ာင္းကုန္းေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း ႀကိဳ႕ပင္ေကာက္နာေရးကူညီမႈအသင္းထံမွ သိရသည္။

အသက္(၁၃)ႏွစ္အ႐ြယ္ႏွင့္ အသက္(၉)ႏွစ္အ႐ြယ္ေက်ာင္းသားႏွစ္ဦးသည္ ေက်ာင္းမတက္ဘဲ အဆိုပါ ေက်း႐ြာအနီးရွိ ဆည္ေျမာင္းေဘး ကန္အတြင္း ေရဆင္းကူးရာမွ ေရနစ္ေသဆုံးခဲ့ေၾကာင္း သိရသည္။

“ႀကိဳ႕ပင္ေကာက္ၿမိဳ႕အေရွ႕ဘက္ကို တက္တဲ့ကားလမ္းရွိတယ္။ ကားလမ္းေဘးမွာ ဆည္ေျမာင္းရွိတယ္။ အဲဒီႏွစ္ခုၾကားထဲမွာ ဘတ္ဟိုး တူးထားတဲ့ ကန္လိုမ်ိဳးရွိတယ္ မိုးတြင္းဆိုေတာ့ ေရမ်ားေတာ့ အထဲမွာေရေတြျပည့္ေနတယ္။ ေက်ာင္းမတက္ဘဲနဲ႔ ႏွစ္ေယာက္လုံး ေရသြားကူးရင္းနဲ႔ ေရနစ္ၾကတာ။ လမ္းသြားေတြကျမင္ေတာ့ သြားေတာ့ကယ္ေပမယ့္ အသက္မမီေတာ့ဘူး”ဟု ႀကိဳ႕ပင္ေကာက္ နာေရးကူညီမႈ အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ေက်ာင္းသားႏွစ္ဦးသည္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္၊ ႐ြာမေျမာက္ရပ္ကြက္၊ ေဗာဓိ(၃)လမ္းတြင္ ေနထိုင္ၾကၿပီး ေဗာဓိ႐ုကၡေက်ာင္းတြင္ ပညာသင္ၾကားေနသူမ်ားျဖစ္ေၾကာင္း သိရသည္။

ေသဆုံးသူမ်ားအနက္မွ ေမာင္ကိုကိုထြန္း(၁၃)ႏွစ္သည္ ဆဌမတန္းတက္ေရာက္ေနသူျဖစ္ၿပီး ေမာင္ထက္ျမတ္သူ(၉)ႏွစ္သည္ တတိယတန္းတက္ေရာက္ေနသူမ်ားျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ေသဆုံးသူေက်ာင္းသားႏွစ္ဦးအား ႀကိဳ႕ပင္ေကာက္နာေရးကူညီမႈအသင္းမွ ႀကိဳ႕ပင္ေကာက္ေဆး႐ုံႀကီးရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ထိုမွတဆင့္ ေဗာဓိ(၃)လမ္းရွိ ေသဆုံးသူမ်ား၏ ေနအိမ္မ်ားကို ျပန္လည္ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.