ပျူခေတ်ဝတ်စားဆင်ယင်မှုကို ပြန်လည်ဖော်ထုတ်ရန် နှင့် ပျူမျိုးဆက်များကို သုတေသနပြုလုပ်ရန် နစက ပြင်ဆင်နေ

 1952

မျိုးကြီး (NP News) - ဇူလိုင် ၁၈

ပျူခေတ်ဝတ်စားဆင်ယင်မှုကို ပြန်လည်ဖော်ထုတ်ရန်နှင့် ပျူမျိုးဆက်များကို သုတေသနပြုလုပ်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

နစကဥက္ကဋ္ဌသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း၌ ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ သရေခတ္တရာမြို့ဟောင်းယဉ်ကျေးမှုဇုန်အတွင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့စဉ် အထက်ပါကဲ့သို့ လမ်းညွှန်ခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆိုသည်။

လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် ဒုဝန်ကြီးဒေါ်နုမြဇံ ဦးဆောင်သည့် ပျူမျိုးဆက်ဆိုင်ရာသုတေသနလုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့် ပျူမျိုးဆက်ဆိုင်ရာကွင်းဆင်းသုတေသနလုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်းထားကြောင်း သိရသည်။

၎င်းအဖွဲ့အနေဖြင့် ပျူလူမျိုးတို့၏ မျိုးရိုးဗီဇ နှင့် သက်တမ်းတွက်ချက် သုတေသနပြုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ဌာနအနေနဲ့ ပျူနဲ့ပတ်သက်ပြီးတော့ စာပေအထောက်အထားတွေ၊ ကွင်းဆင်းသုတေသနအစီရင်ခံစာတွေ၊ တူးဖော်တွေ့ရှိချက်တွေ၊ ကျောက်စာတွေကို ဒုတိယညွှန်ကြားရေးမှူးချုပ်ဦး‌‌ဆောင်တဲ့ သုတေသနအရာရှိအဖွဲ့နဲ့ စိစစ်သုတေသနပြုတာတွေဆောင်ရွက်နေတယ်။ ပြီးတော့ အထောက်အထားတွေကို ထုတ်နှုတ်ပြီးတော့ ဆောင်ရွက်နေပါတယ်။ နောက်ပိုင်းမှာလည်း ကျွမ်းကျင်ဝန်ထမ်းတွေအပြင် ပြင်ပကပျူနဲ့ပတ်သက်တဲ့ ကျွမ်းကျင်တဲ့ပညာရှင်တွေ မြန်မာ့သမိုင်းအဖွဲ့က ပျူနဲ့ပတ်သက်တဲ့ ပညာရှင်တွေနဲ့ စုစည်းပြီးတော့ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ပြီး ဆောင်ရွက်ဖို့ စီစဥ်လျက်ရှိပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်၊ ညှိနှိုင်းအဖြေရှာပြီး စိစစ်ပြီးတော့မှ ဒါတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က NP News ကိုပြော သည်။

ထို့ပြင် မြန်မာ့သမိုင်းစဉ်တစ်လျှောက်၌ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်မှစ၍ ပျူခေတ်ကာလအထိ သမိုင်းကြောင်း အစဉ်အဆက်ဖြတ်သန်းခဲ့သော ပျူလူမျိုးများ၏ မျိုးရိုးဗီဇများ နှင့် ယနေ့ခေတ်ကာလ လူမျိုးများ၏ မျိုးရိုးဗီဇကိုလည်း နှိုင်းယှဉ်လေ့လာသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။

ပျူမျိုးဆက်ဆိုင်ရာ သုတေသနလုပ်ငန်းများကို ပျူရှေးဟောင်းမြို့တော်များနှင့် ကြေးခေတ်၊ သံခေတ်နေရာများတွင်လည်း ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းသုတေသနလုပ်ငန်းသည် နိုင်ငံတော်အဆင့် ပြုလုပ်ခြင်းဖြစ်သည့်အတွက် အစ၊ အလယ်၊ အဆုံး မှတ်တမ်းတင်ပြုစုသွားမည်ဟုလည်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆိုထားသည်။

zawgyi version
ပ်ဴေခတ္ဝတ္စားဆင္ယင္မႈကို ျပန္လည္ေဖာ္ထုတ္ရန္ ႏွင့္ ပ်ဴမ်ိဳးဆက္မ်ားကို သုေတသနျပဳလုပ္ရန္ နစက ျပင္ဆင္ေန

မ်ိဳးႀကီး (NP News) - ဇူလိုင္ ၁၈

ပ်ဴေခတ္ဝတ္စားဆင္ယင္မႈကို ျပန္လည္ေဖာ္ထုတ္ရန္ႏွင့္ ပ်ဴမ်ိဳးဆက္မ်ားကို သုေတသနျပဳလုပ္ရန္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ၫႊန္ၾကားထားေၾကာင္း သတင္းရရွိသည္။

နစကဥကၠ႒သည္ ၿပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္အတြင္း၌ ပဲခူးတိုင္း၊ ျပည္ၿမိဳ႕နယ္၊ သေရခတၱရာၿမိဳ႕ေဟာင္းယဥ္ေက်းမႈဇုန္အတြင္း သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့စဥ္ အထက္ပါကဲ့သို႔ လမ္းၫႊန္ခဲ့ျခင္းျဖစ္ေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနက ဆိုသည္။

လက္ရွိတြင္ ဝန္ႀကီးဌာနအေနျဖင့္ ဒုဝန္ႀကီးေဒၚႏုျမဇံ ဦးေဆာင္သည့္ ပ်ဴမ်ိဳးဆက္ဆိုင္ရာသုေတသနလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕ႏွင့္ ပ်ဴမ်ိဳးဆက္ဆိုင္ရာကြင္းဆင္းသုေတသနလုပ္ငန္းအဖြဲ႕တို႔ကို ဖြဲ႕စည္းထားေၾကာင္း သိရသည္။

၎အဖြဲ႕အေနျဖင့္ ပ်ဴလူမ်ိဳးတို႔၏ မ်ိဳး႐ိုးဗီဇ ႏွင့္ သက္တမ္းတြက္ခ်က္ သုေတသနျပဳလုပ္ငန္းမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။

“ကြၽန္ေတာ္တို႔ဌာနအေနနဲ႔ ပ်ဴနဲ႔ပတ္သက္ၿပီးေတာ့ စာေပအေထာက္အထားေတြ၊ ကြင္းဆင္းသုေတသနအစီရင္ခံစာေတြ၊ တူးေဖာ္ေတြ႕ရွိခ်က္ေတြ၊ ေက်ာက္စာေတြကို ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ဦး‌‌ေဆာင္တဲ့ သုေတသနအရာရွိအဖြဲ႕နဲ႔ စိစစ္သုေတသနျပဳတာေတြေဆာင္႐ြက္ေနတယ္။ ၿပီးေတာ့ အေထာက္အထားေတြကို ထုတ္ႏႈတ္ၿပီးေတာ့ ေဆာင္႐ြက္ေနပါတယ္။ ေနာက္ပိုင္းမွာလည္း ကြၽမ္းက်င္ဝန္ထမ္းေတြအျပင္ ျပင္ပကပ်ဴနဲ႔ပတ္သက္တဲ့ ကြၽမ္းက်င္တဲ့ပညာရွင္ေတြ ျမန္မာ့သမိုင္းအဖြဲ႕က ပ်ဴနဲ႔ပတ္သက္တဲ့ ပညာရွင္ေတြနဲ႔ စုစည္းၿပီးေတာ့ အလုပ္႐ုံေဆြးေႏြးပြဲေတြလုပ္ၿပီး ေဆာင္႐ြက္ဖို႔ စီစဥ္လ်က္ရွိပါတယ္။ အလုပ္႐ုံေဆြးေႏြးပြဲေတြလုပ္၊ ညႇိႏႈိင္းအေျဖရွာၿပီး စိစစ္ၿပီးေတာ့မွ ဒါေတြကို ဆက္လက္ေဆာင္႐ြက္သြားမွာပါ” ဟု ေရွးေဟာင္းသု ေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးေအာင္ေအာင္ေက်ာ္က NP News ကိုေျပာ သည္။

ထို႔ျပင္ ျမန္မာ့သမိုင္းစဥ္တစ္ေလွ်ာက္၌ ေက်ာက္ေခတ္၊ ေၾကးေခတ္၊ သံေခတ္မွစ၍ ပ်ဴေခတ္ကာလအထိ သမိုင္းေၾကာင္း အစဥ္အဆက္ျဖတ္သန္းခဲ့ေသာ ပ်ဴလူမ်ိဳးမ်ား၏ မ်ိဳး႐ိုးဗီဇမ်ား ႏွင့္ ယေန႔ေခတ္ကာလ လူမ်ိဳးမ်ား၏ မ်ိဳး႐ိုးဗီဇကိုလည္း ႏႈိင္းယွဥ္ေလ့လာသြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုထားသည္။

ပ်ဴမ်ိဳးဆက္ဆိုင္ရာ သုေတသနလုပ္ငန္းမ်ားကို ပ်ဴေရွးေဟာင္းၿမိဳ႕ေတာ္မ်ားႏွင့္ ေၾကးေခတ္၊ သံေခတ္ေနရာမ်ားတြင္လည္း ကြင္းဆင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

၎သုေတသနလုပ္ငန္းသည္ ႏိုင္ငံေတာ္အဆင့္ ျပဳလုပ္ျခင္းျဖစ္သည့္အတြက္ အစ၊ အလယ္၊ အဆုံး မွတ္တမ္းတင္ျပဳစုသြားမည္ဟုလည္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနက ဆိုထားသည္။

Related news

© 2021. All rights reserved.