ကြက်ဥခွက်ပေါင်း(၁၅၄၈၅)ခွက်အထိ စုဆောင်းခဲ့ပြီးနောက် ဂင်းနစ်စံချိန်ရရှိခဲ့သည့် စပိန်အမျိုးသမီး
                        
                            
                             
 685
 
                             
                            
                            
                         
                        
 
                        Pika (NP News) - ဇူလိုင် ၁၆
	ကြက်ဥခွက်များကို နှစ်ပေါင်း(၅၀)ကျော်ကြာ စုဆောင်းခဲ့သော စပိန်အမျိုးသမီးတစ်ဦးသည် ကြက်ဥခွက်အများဆုံးစုဆောင်းနိုင်ခြင်းအတွက် ကမ္ဘာ့ ဂင်းနစ်စံချိန်ရရှိခဲ့ကြောင်းသိရသည်။ María José Fuster ဆိုသည့်အမျိုးသမီးသည် ကြက်ဥခွက်ပေါင်း (၁၅၄၈၅)ခွက်အထိ စုဆောင်းနိုင်ခဲ့ပြီးနောက် ယင်းကဲ့သို့ ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
	María José Fuster သည် စပိန်နိုင်ငံ Campo မြို့ရှိ စင်တာတစ်ခုတွင် ၎င်း၏ကြက်ဥခွက် စုဆောင်းမှုနှင့်ပတ်သက်ပြီး ကူညီပေးရန်အတွက် မျက်မြင်သက်သေနှစ်ဦးကို စုစည်းခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် María José Fuster ၏ စုဆောင်းမှုတွင် အရောင်များနှင့် ဒီဇိုင်းမျိုးစုံပါဝင်ပြီး စူပါမန်း၊ Betty Boop နှင့် Garfield တို့အပါအဝင် ဇာတ်ကောင်များ၏ ရုပ်ပုံများပါရှိသော ခွက်အသစ်အဆန်းများပင် ပါဝင်ကြောင်းသိရသည်။
	María José Fuster သည် ၎င်း၏ ကြက်ဥခွက်စုဆောင်းမှုနှင့်ပတ်သက်ပြီး ခွက်တစ်ခွက်စီ တိုင်းကို စာအုပ်တစ်အုပ်တွင် မှတ်တမ်းတင်ထား ခြင်းနှင့် ၎င်းကိုကြက်ဥခွက်လှူဒါန်းခဲ့ဖူးသူများ၏ အမည်များကို မှတ်ထားခြင်းများလည်း လုပ်ဆောင်ထားကြောင်းသိရသည်။
	လက်ရှိအချိန်တွင် ၎င်း၏တန်ဖိုးအရှိဆုံး ကြက်ဥခွက်များထဲမှ ခွက်ပေါင်း(၁၁၄၃)ခွက်ကို ဒေသတွင်းပြတိုက်တစ်ခုတွင် ပြသထားကြောင်း လည်းသိရသည်။
                     
                        
                                                                    
 
                                
                                
                                        zawgyi version
ၾကက္ဥခြက္ေပါင္း(၁၅၄၈၅)ခြက္အထိ စုေဆာင္းခဲ့ၿပီးေနာက္ ဂင္းနစ္စံခ်ိန္ရရွိခဲ့သည့္ စပိန္အမ်ိဳးသမီး 
Pika (NP News) - ဇူလိုင္ ၁၆
	ၾကက္ဥခြက္မ်ားကို ႏွစ္ေပါင္း(၅၀)ေက်ာ္ၾကာ စုေဆာင္းခဲ့ေသာ စပိန္အမ်ိဳးသမီးတစ္ဦးသည္ ၾကက္ဥခြက္အမ်ားဆုံးစုေဆာင္းႏိုင္ျခင္းအတြက္ ကမာၻ႔ ဂင္းနစ္စံခ်ိန္ရရွိခဲ့ေၾကာင္းသိရသည္။ María José Fuster ဆိုသည့္အမ်ိဳးသမီးသည္ ၾကက္ဥခြက္ေပါင္း (၁၅၄၈၅)ခြက္အထိ စုေဆာင္းႏိုင္ခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
	María José Fuster သည္ စပိန္ႏိုင္ငံ Campo ၿမိဳ႕ရွိ စင္တာတစ္ခုတြင္ ၎၏ၾကက္ဥခြက္ စုေဆာင္းမႈႏွင့္ပတ္သက္ၿပီး ကူညီေပးရန္အတြက္ မ်က္ျမင္သက္ေသႏွစ္ဦးကို စုစည္းခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ María José Fuster ၏ စုေဆာင္းမႈတြင္ အေရာင္မ်ားႏွင့္ ဒီဇိုင္းမ်ိဳးစုံပါဝင္ၿပီး စူပါမန္း၊ Betty Boop ႏွင့္ Garfield တို႔အပါအဝင္ ဇာတ္ေကာင္မ်ား၏ ႐ုပ္ပုံမ်ားပါရွိေသာ ခြက္အသစ္အဆန္းမ်ားပင္ ပါဝင္ေၾကာင္းသိရသည္။
	María José Fuster သည္ ၎၏ ၾကက္ဥခြက္စုေဆာင္းမႈႏွင့္ပတ္သက္ၿပီး ခြက္တစ္ခြက္စီ တိုင္းကို စာအုပ္တစ္အုပ္တြင္ မွတ္တမ္းတင္ထား ျခင္းႏွင့္ ၎ကိုၾကက္ဥခြက္လႉဒါန္းခဲ့ဖူးသူမ်ား၏ အမည္မ်ားကို မွတ္ထားျခင္းမ်ားလည္း လုပ္ေဆာင္ထားေၾကာင္းသိရသည္။
	လက္ရွိအခ်ိန္တြင္ ၎၏တန္ဖိုးအရွိဆုံး ၾကက္ဥခြက္မ်ားထဲမွ ခြက္ေပါင္း(၁၁၄၃)ခြက္ကို ေဒသတြင္းျပတိုက္တစ္ခုတြင္ ျပသထားေၾကာင္း လည္းသိရသည္။