စိုက်ပျိုးရေးဖြင့် ခေတ်မီခဲ့သည့် မီဒဲလင်မြို့ (ဘာသာပြန် ဗဟုသုတ ဆောင်းပါး)

 211

Pika( NP News) - အောက်တိုဘာလ ၃ဝ

မီဒဲလင်မြို့သည် ကိုလံဘီယာနိုင်ငံတွင်း တွင် ဘိုဂိုတာမြို့ပြီးလျှင် ဒုတိယမြောက်အကြီးဆုံး မြို့တစ်မြို့ဖြစ်ပြီး ကောင်းမွန်သောရာသီဥတုနှင့် အတူ ထာဝရနွေဦးမြို့တော်အဖြစ်နာမည်ကျော် ကြားသည့် မြို့တစ်မြို့ဖြစ်သည်။ ထို့ပြင် မီဒဲလင်မြို့ သည် နှစ်စဉ်ကျင်းပသော နာမည်ကြီးပန်းပွဲတော်၊ တောင်တန်းများကြားတွင်ရှိသော ကော်ဖီစိုက်ခင်း များကြောင့် နာမည်ကျော်ကြားသည့်မြို့လည်းဖြစ် သည်။ မီဒဲလင်မြို့သည် တောင်အမေရိကတိုက် အနောက်တောင်ပိုင်းတွင်ရှိသော Andes တောင် တန်းများ၏ အလယ်ပိုင်းဒေသဖြစ်သော Aburrá တောင်ကြားတွင်တည်ရှိပြီး စုစုပေါင်းနေထိုင်သူလူ ဦးရေမှာ (၂၆၃၄၅၇၀)ဦးရှိကြောင်းသိရသည်။ မီဒဲလင်မြို့ပြဧရိယာတွင် နေထိုင်သူလူဦးရေမှာ (၄)သန်းကျော်ရှိပြီး လူဦးရေနှင့်စီးပွားရေးအရ ကိုလံဘီယာနိုင်ငံတွင်း ဒုတိယမြောက်အကြီးဆုံး မြို့ပြဧရိယာတစ်ခုဖြစ်ကြောင်းလည်းသိရပါတယ်။

သမိုင်းကြောင်း

(၁၆၁၆)ခုနှစ်တွင် စပိန်လူမျိုး Fran­cisco de Herrera Campuzano သည် ယနေ့ ခတ်တွင် မီဒဲလင်အဖြစ်လူသိများသောမြို့ကို တိုင်းရင်းသားရွာငယ်လေးတစ်ခုအဖြစ် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။(၁၆၇၅)ခုနှစ် နိုဝင်ဘာလ(၂)ရက်တွင် စပိန်ဘုရင် Philip IV ၏မိဖုရားဖြစ်သူသည် Aná ဒေသတွင် ''Town of Our Lady of Candelaria of Medellín" မြို့ကို စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။ ထို့နောက် (၁၈၂၆)ခုနှစ်တွင် မီဒဲလင် မြို့ကို ယနေ့ခေတ် ကိုလံဘီယာ၊ ဗင်နီဇွဲလား၊ အီ ကွေဒေါနှင့် ပနားမားနိုင်ငံတို့ပါဝင်သော ဂရန်းကို လံဘီယာ အမျိုးသားကွန်ဂရက်၏မြို့တော်အဖြစ် သတ်မှတ်ခဲ့ကြောင်းသိရသည်။ ကိုလံဘီယာနိုင်ငံ သည် စပိန်ထံမှလွတ်လပ်ရေးရရှိပြီးနောက် မီဒဲလင် မြို့သည် (၁၈၈၈)ခုနှစ်အထိ ဖက်ဒရယ်ပြည်ထောင် စုနိုင်ငံ Antioquia ၏မြို့တော်ဖြစ်လာခဲ့ပြီး (၁၈၈၆)ခုနှစ်တွင် ကိုလံဘီယာ ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။ (၁၉) ရာစုအတွင်း မီဒဲလင်မြို့သည် တက်ြွကသော ကုန် သွယ်ရေးအချက်အချာနေရာတစ်ခုဖြစ်လာခဲ့ပြီး အ စောပိုင်းတွင် ရွှေကိုတင်ပို့ခဲ့သော်လည်း နောက်ပိုင်း တွင် ကော်ဖီကိုထုတ်လုပ်တင်ပို့ခဲ့ကြောင်းသိရသည်။
(၂၀)ရာစုနှောင်းပိုင်းနှင့်(၂၁)ရာစုအစ တွင် မီဒဲလင်မြို့သည် မီဒဲလင်မက်ထရိုခရီးသည်ရထားလမ်းကိုဖောက်လုပ်ခြင်း၊ လွတ်လပ်သောဖွံ့ဖြိုး တိုးတက်မှုဝါဒများ၊ လုံခြုံရေးနှင့်ပညာရေးဆိုင်ရာ တိုး တက်မှုတို့နှင့်အတူ တက်ြွကသောစက်မှုလုပ်ငန်းမြို့တော်ဖြစ်လာခဲ့ကြောင်းသိရသည်။ ထို့ပြင် Overseas Development Institute မှသုတေသီများက မီဒဲ လင်မြို့ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပုံစံ၏ ရှေ့ဆောင် မြို့တစ်မြို့အဖြစ် အမည်တပ်ခဲ့ကြောင်းသိရသည်။ မီဒဲလင်မြို့ကို ခရီးသွားနေရာတစ်ခုအဖြစ် နိုင်ငံတ ကာတွင်သတ်မှတ်ထားပြီး ကမ္ဘာလုံးဆိုင်ရာ "Gam­ma+" မြို့အဖြစ် Globalization and World Cities Research Network က သတ်မှတ်ခဲ့ကြောင်း သိရသည်။ မီဒဲလင်မြို့ပြဧရိယာသည် Antioquia ပြည်နယ်၏ ဂျီဒီပီ၏ (၆၇)ရာခိုင်နှုန်းနှင့် ကိုလံဘီယာ စီးပွားရေး၏ (၁၁)ရာခိုင်နှုန်းကိုထုတ်လုပ်ပေးထား ကြောင်းသိရသည်။ ထို့ပြင် မီဒဲလင်မြို့သည် ၎င်း၏တက္ကသိုလ်များ၊ အကယ်ဒမီများ၊ ကူးသန်းရောင်းဝယ် ရေး၊ စက်မှုလုပ်ငန်း၊ သိပ္ပံ၊ ကျန်းမာရေးဝန်ဆောင်မှုများ၊ ပန်းများစိုက်ပျိုးခြင်းနှင့် ပွဲတော်များအတွက် အရေး ကြီးသောမြို့တစ်မြို့အဖြစ် အမည်တပ်ခံထားရသည့် မြို့လည်းဖြစ်သည်။
(၂၀၁၃)ခုနှစ် ဖေဖော်ဝါရီလတွင် Urban Land Institute က မီဒဲလင်မြို့ကို မကြာသေးမီက နိုင်ငံရေး၊ ပညာရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများ တွင် တိုးတက်မှုများကြောင့် ကမ္ဘာပေါ်တွင် ဆန်းသစ် တီထွင်မှုအရှိဆုံးမြို့တစ်မြို့အဖြစ်ရွေးချယ်ခဲ့ကြောင်း သိရသည်။ အဆိုပါနှစ်တွင်ပင် မီဒဲလင်မြို့သည် ဟား ဗတ်တက္ကသိုလ်ကပေးအပ်သော Veronica Rudge Urbanism Award ကို ရရှိခဲ့ကြောင်းသိရသည်။ (၂၀၁၄)ခုနှစ်တွင် မီဒဲလင်မြို့သည့် UN-Habitat ၏ (၇)ကြိမ်‌မြောက် ကမ္ဘာ့မြို့ပြဖိုရမ်ကို လက်ခံကျင်း ပခဲ့ပြီး (၂၀၁၆)ခုနှစ်တွင် Lee Kuan Yew World City ဆုကိုထပ်မံရရှိခဲ့သည်။ အဆိုပါဆုသည် မြို့ပြ ဖြေရှင်းချက်များနှင့် ရေရှည်တည်တံ့သော မြို့ပြဖွံ့ ဖြိုးတိုးတက်မှုတွင် ဆန်းသစ်တီထွင်မှုများ ပိုမိုတိုး ပွားလာစေရန် ကြိုးပမ်းမှုများကို အသိအမှတ်ပြု ဂုဏ်ပြုသည့် ဆုတစ်ခုလည်းဖြစ်သည်။

စီးပွားရေး

မီဒဲလင်မြို့သည် ဘိုဂိုတာမြို့ပြီးလျှင် ကို လံဘီယာနိုင်ငံ၏ ဒုတိယမြောက်အရေးအကြီးဆုံး စီး ပွားရေးအချက်အချာနေရာတစ်ခုလည်းဖြစ်သည်။ မီဒဲလင်မြို့၏စီးပွားရေးကို Grupo Empresarial Antioqueño (Antioquian Enterprises Group) ဟုခေါ်သော ပုဂ္ဂလိကကဏ္ဍမှလူများက ဦး ဆောင်ထားကြောင်းသိရသည်။ အဆိုပါအဖွဲ့ကို ယ ခင်ကSindicato Antioqueño (Antioquian Union) ဟုခေါ်တွင်သော်လည်း နောက်ပိုင်းတွင် တရားဝင်အမည်အသစ်ကိုရွေးချယ်ခဲ့ကြောင်း သိရ သည်။ ၎င်းကို Grupo Suramericana (ဘဏ်လုပ် ငန်း၊ ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုနှင့် အာမခံလုပ်ငန်းစုကြီး) အကြီးအကဲ David Bojanini ၊ Grupo Nutresa (အစားအသောက်လုပ်ငန်း)၏စီအီးအို Carlos Ignacio Gallego ၊ Cementos Argos (နိုင်ငံ စုံဘိလပ်မြေကုမ္ပဏီ)၏အကြီးအကဲ José Alberto Velez နှင့် Bancolombia ကေုမ္ပဏီ၏ စီအီးအို Carlos Raúl Yepes တို့က ကိုယ်စားပြုထားကြောင်း သိရသည်။ အဆိုပါအဖွဲ့၏ စုစုပေါင်း ဈေးကွက်အ ရင်းအနှီးသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ် လာ(၁၇)ဘီလျံရှိပြီး ကိုလံဘီယာနိုင်ငံသား (၈)သောင်းကျော်ကို အလုပ်ခန့်အပ်ထားကြောင်းသိရ သည်။ အဆိုပါအဖွဲ့သည် မီဒဲလင်စက်မှုလုပ်ငန်း၏ အခြားကဏ္ဍများတွင်လည်းပါဝင်ပြီး ကိုလံဘီယာ စ တော့အိတ်ချိန်းအတွက် အရေးကြီးသော ကုန်သွယ်မှု အစုအဖွဲ့လည်းဖြစ်သည်။ ထို့ပြင် မီဒဲလင်မြို့သည် ကိုလံဘီယာနိုင်ငံနှင့် နိုင်ငံစုံကုမ္ပဏီများစွာ၏ ဌာန ချုပ်များတည်ရှိရာနေရာတစ်ခုလည်းဖြစ်သည်။
မီဒဲလင်မြို့၏ အဓိကစီးပွားရေးထုတ် ကုန်များမှာ သံမဏိ၊ အထည်အလိပ်များ၊ မုန့်များ၊ အစားအစာနှင့် အဖျော်ယမကာများ၊ စိုက်ပျိုးရေး၊ အများပြည်သူဝန်ဆောင်မှုများ၊ ဓာတုဗေဒပစ္စည်းများ၊ ဆေးဝါးများ၊ သန့်စင်ပြီးဆီနှင့်ပန်းတို့ဖြစ်သည်။ ထို့ ပြင် ဖက်ရှင်လုပ်ငန်းသည် မီဒဲလင်မြို့စီးပွားရေးနှင့် ယဉ်ကျေးမှုတို့၏ အဓိကအစိတ်အပိုင်း တစ်ခု လည်းဖြစ်ပြီး လက်တင်အမေရိက၏ အကြီးဆုံး ဖက်ရှင်ရှိုးကို လက်ခံကျင်းပထားကြောင်း သိရ သည်။
Aerolínea de Antioquia လေ ကြောင်းလိုင်းသည် မီဒဲလင်မြို့ရှိ Olaya Herrera လေဆိပ်တွင် ဌာနချုပ်ရှိပြီး West Caribbean Airways လေကြောင်းလိုင်းသည်လည်း Olaya Herrera လေဆိပ်တွင် ဌာနချုပ်များရှိကြောင်းသိရ သည်။ ထို့ပြင် ACES Colombia လေကြောင်း လိုင်းသည် မီဒဲလင်မြို့တွင်အခြေစိုက်ပြီး ကိုလံဘီ ယာဈေးနည်းလေကြောင်းလိုင်း Viva Air onf Rionegro လေဆိပ်တွင် ၎င်း၏အချက်အချာနေရာတစ်ခုရှိကြောင်းသိရသည်။

ဂျီဒီပီ

မီဒဲလင်မြို့ပြဧရိယာသည် Antioquia ပြည်နယ်၏ ဂျီဒီပီ၏ (၆၇)ရာခိုင်နှုန်းနှင့် ကိုလံဘီ ယာစီးပွားရေး၏ (၁၁)ရာခိုင်နှုန်းကို ပံ့ပိုးပေးထား ကြောင်းသိရသည်။ Antioquia ပြည်နယ်သည် ကိုလံဘီယာနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံး စီး ပွားရေးဒေသတစ်ခုဖြစ်ပြီး (၂၀ဝ၅)ခုနှစ်တွင် ၎င်း၏စုစုပေါင်းဂျီဒီပီမှာ အမေရိကန်ဒေါ်လာ (၂၀ ဒသမ ၆)ဘီလျံကျော်ရှိခဲ့ပြီး နိုင်ငံတွင်းတွင် ထိပ် တန်းတင်ပို့မှုပြည်နယ်တစ်ခုဖြစ်ခဲ့ကြောင်းသိရ သည်။ Proexport နှင့် မီဒဲလင်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့၏ (၂၀ဝ၅)ခုနှစ် ကိုလံဘီယာစီးပွားရေးသုံးသပ်ချက်အစီရင် ခံစာတွင် မီဒဲလင်မြို့ကို ကိုလံဘီယာနိုင်ငံစီးပွားရေး ကို ဂျီဒီပီအများဆုံးကူညီပံ့ပိုးပေးခဲ့သည့် မြို့တစ်မြို့ အဖြစ် ရေးသားဖော်ပြခဲ့ကြောင်းသိရသည်။ ထို့ပြင် (၂၀၁၄)ခုနှစ်တွင် မီဒဲလင်မြို့သည် ကိုလံဘီယာ နိုင်ငံတွင်းတွင် အကောင်းဆုံးနှင့် အထူးခြားဆုံးမြို့ များထဲမှတစ်မြို့အဖြစ် ရပ်တည်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:

စိုက္ပ်ိဳးေရးျဖင့္ ေခတ္မီခဲ့သည့္ မီဒဲလင္ၿမိဳ႕
(ဘာသာျပန္ ဗဟုသုတ ေဆာင္းပါး)
Pika( NP News) - ေအာက္တိုဘာလ ၃ဝ

မီဒဲလင္ၿမိဳ႕သည္ ကိုလံဘီယာႏိုင္ငံတြင္း တြင္ ဘိုဂိုတာၿမိဳ႕ၿပီးလွ်င္ ဒုတိယေျမာက္အႀကီးဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ေကာင္းမြန္ေသာရာသီဥတုႏွင့္ အတူ ထာဝရေႏြဦးၿမိဳ႕ေတာ္အျဖစ္နာမည္ေက်ာ္ ၾကားသည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ ထို႔ျပင္ မီဒဲလင္ၿမိဳ႕ သည္ ႏွစ္စဥ္က်င္းပေသာ နာမည္ႀကီးပန္းပြဲေတာ္၊ ေတာင္တန္းမ်ားၾကားတြင္ရွိေသာ ေကာ္ဖီစိုက္ခင္း မ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည့္ၿမိဳ႕လည္းျဖစ္ သည္။ မီဒဲလင္ၿမိဳ႕သည္ ေတာင္အေမရိကတိုက္ အေနာက္ေတာင္ပိုင္းတြင္ရွိေသာ Andes ေတာင္ တန္းမ်ား၏ အလယ္ပိုင္းေဒသျဖစ္ေသာ Aburrá ေတာင္ၾကားတြင္တည္ရွိၿပီး စုစုေပါင္းေနထိုင္သူလူ ဦးေရမွာ (၂၆၃၄၅၇၀)ဦးရွိေၾကာင္းသိရသည္။ မီဒဲလင္ၿမိဳ႕ျပဧရိယာတြင္ ေနထိုင္သူလူဦးေရမွာ (၄)သန္းေက်ာ္ရွိၿပီး လူဦးေရႏွင့္စီးပြားေရးအရ ကိုလံဘီယာႏိုင္ငံတြင္း ဒုတိယေျမာက္အႀကီးဆုံး ၿမိဳ႕ျပဧရိယာတစ္ခုျဖစ္ေၾကာင္းလည္းသိရပါတယ္။

သမိုင္းေၾကာင္း

(၁၆၁၆)ခုႏွစ္တြင္ စပိန္လူမ်ိဳး Fran­cisco de Herrera Campuzano သည္ ယေန႔ ခတ္တြင္ မီဒဲလင္အျဖစ္လူသိမ်ားေသာၿမိဳ႕ကို တိုင္းရင္းသား႐ြာငယ္ေလးတစ္ခုအျဖစ္ စတင္ တည္ေထာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။(၁၆၇၅)ခုႏွစ္ ႏိုဝင္ဘာလ(၂)ရက္တြင္ စပိန္ဘုရင္ Philip IV ၏မိဖုရားျဖစ္သူသည္ Aná ေဒသတြင္ ''Town of Our Lady of Candelaria of Medellín" ၿမိဳ႕ကို စတင္တည္ေထာင္ခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ (၁၈၂၆)ခုႏွစ္တြင္ မီဒဲလင္ ၿမိဳ႕ကို ယေန႔ေခတ္ ကိုလံဘီယာ၊ ဗင္နီဇြဲလား၊ အီ ေကြေဒါႏွင့္ ပနားမားႏိုင္ငံတို႔ပါဝင္ေသာ ဂရန္းကို လံဘီယာ အမ်ိဳးသားကြန္ဂရက္၏ၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ခဲ့ေၾကာင္းသိရသည္။ ကိုလံဘီယာႏိုင္ငံ သည္ စပိန္ထံမွလြတ္လပ္ေရးရရွိၿပီးေနာက္ မီဒဲလင္ ၿမိဳ႕သည္ (၁၈၈၈)ခုႏွစ္အထိ ဖက္ဒရယ္ျပည္ေထာင္ စုႏိုင္ငံ Antioquia ၏ၿမိဳ႕ေတာ္ျဖစ္လာခဲ့ၿပီး (၁၈၈၆)ခုႏွစ္တြင္ ကိုလံဘီယာ ဖြဲ႕စည္းပုံအေျခခံဥပ ေဒကို ထုတ္ျပန္ေၾကညာခဲ့ေၾကာင္းသိရသည္။ (၁၉) ရာစုအတြင္း မီဒဲလင္ၿမိဳ႕သည္ တက္ျြကေသာ ကုန္ သြယ္ေရးအခ်က္အခ်ာေနရာတစ္ခုျဖစ္လာခဲ့ၿပီး အ ေစာပိုင္းတြင္ ေ႐ႊကိုတင္ပို႔ခဲ့ေသာ္လည္း ေနာက္ပိုင္း တြင္ ေကာ္ဖီကိုထုတ္လုပ္တင္ပို႔ခဲ့ေၾကာင္းသိရသည္။
(၂၀)ရာစုေႏွာင္းပိုင္းႏွင့္(၂၁)ရာစုအစ တြင္ မီဒဲလင္ၿမိဳ႕သည္ မီဒဲလင္မက္ထ႐ိုခရီးသည္ရထားလမ္းကိုေဖာက္လုပ္ျခင္း၊ လြတ္လပ္ေသာဖြံ႕ၿဖိဳး တိုးတက္မႈဝါဒမ်ား၊ လုံၿခဳံေရးႏွင့္ပညာေရးဆိုင္ရာ တိုး တက္မႈတို႔ႏွင့္အတူ တက္ျြကေသာစက္မႈလုပ္ငန္းၿမိဳ႕ေတာ္ျဖစ္လာခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ Overseas Development Institute မွသုေတသီမ်ားက မီဒဲ လင္ၿမိဳ႕ကို စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈပုံစံ၏ ေရွ႕ေဆာင္ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ အမည္တပ္ခဲ့ေၾကာင္းသိရသည္။ မီဒဲလင္ၿမိဳ႕ကို ခရီးသြားေနရာတစ္ခုအျဖစ္ ႏိုင္ငံတ ကာတြင္သတ္မွတ္ထားၿပီး ကမာၻလုံးဆိုင္ရာ "Gam­ma+" ၿမိဳ႕အျဖစ္ Globalization and World Cities Research Network က သတ္မွတ္ခဲ့ေၾကာင္း သိရသည္။ မီဒဲလင္ၿမိဳ႕ျပဧရိယာသည္ Antioquia ျပည္နယ္၏ ဂ်ီဒီပီ၏ (၆၇)ရာခိုင္ႏႈန္းႏွင့္ ကိုလံဘီယာ စီးပြားေရး၏ (၁၁)ရာခိုင္ႏႈန္းကိုထုတ္လုပ္ေပးထား ေၾကာင္းသိရသည္။ ထို႔ျပင္ မီဒဲလင္ၿမိဳ႕သည္ ၎၏တကၠသိုလ္မ်ား၊ အကယ္ဒမီမ်ား၊ ကူးသန္းေရာင္းဝယ္ ေရး၊ စက္မႈလုပ္ငန္း၊ သိပၸံ၊ က်န္းမာေရးဝန္ေဆာင္မႈမ်ား၊ ပန္းမ်ားစိုက္ပ်ိဳးျခင္းႏွင့္ ပြဲေတာ္မ်ားအတြက္ အေရး ႀကီးေသာၿမိဳ႕တစ္ၿမိဳ႕အျဖစ္ အမည္တပ္ခံထားရသည့္ ၿမိဳ႕လည္းျဖစ္သည္။
(၂၀၁၃)ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ Urban Land Institute က မီဒဲလင္ၿမိဳ႕ကို မၾကာေသးမီက ႏိုင္ငံေရး၊ ပညာေရးႏွင့္ လူမႈေရးဖြံ႕ၿဖိဳးတိုးတက္မႈမ်ား တြင္ တိုးတက္မႈမ်ားေၾကာင့္ ကမာၻေပၚတြင္ ဆန္းသစ္ တီထြင္မႈအရွိဆုံးၿမိဳ႕တစ္ၿမိဳ႕အျဖစ္ေ႐ြးခ်ယ္ခဲ့ေၾကာင္း သိရသည္။ အဆိုပါႏွစ္တြင္ပင္ မီဒဲလင္ၿမိဳ႕သည္ ဟား ဗတ္တကၠသိုလ္ကေပးအပ္ေသာ Veronica Rudge Urbanism Award ကို ရရွိခဲ့ေၾကာင္းသိရသည္။ (၂၀၁၄)ခုႏွစ္တြင္ မီဒဲလင္ၿမိဳ႕သည့္ UN-Habitat ၏ (၇)ႀကိမ္‌ေျမာက္ ကမာၻ႔ၿမိဳ႕ျပဖိုရမ္ကို လက္ခံက်င္း ပခဲ့ၿပီး (၂၀၁၆)ခုႏွစ္တြင္ Lee Kuan Yew World City ဆုကိုထပ္မံရရွိခဲ့သည္။ အဆိုပါဆုသည္ ၿမိဳ႕ျပ ေျဖရွင္းခ်က္မ်ားႏွင့္ ေရရွည္တည္တံ့ေသာ ၿမိဳ႕ျပဖြံ႕ ၿဖိဳးတိုးတက္မႈတြင္ ဆန္းသစ္တီထြင္မႈမ်ား ပိုမိုတိုး ပြားလာေစရန္ ႀကိဳးပမ္းမႈမ်ားကို အသိအမွတ္ျပဳ ဂုဏ္ျပဳသည့္ ဆုတစ္ခုလည္းျဖစ္သည္။

စီးပြားေရး

မီဒဲလင္ၿမိဳ႕သည္ ဘိုဂိုတာၿမိဳ႕ၿပီးလွ်င္ ကို လံဘီယာႏိုင္ငံ၏ ဒုတိယေျမာက္အေရးအႀကီးဆုံး စီး ပြားေရးအခ်က္အခ်ာေနရာတစ္ခုလည္းျဖစ္သည္။ မီဒဲလင္ၿမိဳ႕၏စီးပြားေရးကို Grupo Empresarial Antioqueño (Antioquian Enterprises Group) ဟုေခၚေသာ ပုဂၢလိကက႑မွလူမ်ားက ဦး ေဆာင္ထားေၾကာင္းသိရသည္။ အဆိုပါအဖြဲ႕ကို ယ ခင္ကSindicato Antioqueño (Antioquian Union) ဟုေခၚတြင္ေသာ္လည္း ေနာက္ပိုင္းတြင္ တရားဝင္အမည္အသစ္ကိုေ႐ြးခ်ယ္ခဲ့ေၾကာင္း သိရ သည္။ ၎ကို Grupo Suramericana (ဘဏ္လုပ္ ငန္း၊ ပိုင္ဆိုင္မႈစီမံခန႔္ခြဲမႈႏွင့္ အာမခံလုပ္ငန္းစုႀကီး) အႀကီးအကဲ David Bojanini ၊ Grupo Nutresa (အစားအေသာက္လုပ္ငန္း)၏စီအီးအို Carlos Ignacio Gallego ၊ Cementos Argos (ႏိုင္ငံ စုံဘိလပ္ေျမကုမၸဏီ)၏အႀကီးအကဲ José Alberto Velez ႏွင့္ Bancolombia ေကုမၸဏီ၏ စီအီးအို Carlos Raúl Yepes တို႔က ကိုယ္စားျပဳထားေၾကာင္း သိရသည္။ အဆိုပါအဖြဲ႕၏ စုစုေပါင္း ေဈးကြက္အ ရင္းအႏွီးသည္ ခန႔္မွန္းေျခအားျဖင့္ အေမရိကန္ေဒၚ လာ(၁၇)ဘီလ်ံရွိၿပီး ကိုလံဘီယာႏိုင္ငံသား (၈)ေသာင္းေက်ာ္ကို အလုပ္ခန႔္အပ္ထားေၾကာင္းသိရ သည္။ အဆိုပါအဖြဲ႕သည္ မီဒဲလင္စက္မႈလုပ္ငန္း၏ အျခားက႑မ်ားတြင္လည္းပါဝင္ၿပီး ကိုလံဘီယာ စ ေတာ့အိတ္ခ်ိန္းအတြက္ အေရးႀကီးေသာ ကုန္သြယ္မႈ အစုအဖြဲ႕လည္းျဖစ္သည္။ ထို႔ျပင္ မီဒဲလင္ၿမိဳ႕သည္ ကိုလံဘီယာႏိုင္ငံႏွင့္ ႏိုင္ငံစုံကုမၸဏီမ်ားစြာ၏ ဌာန ခ်ဳပ္မ်ားတည္ရွိရာေနရာတစ္ခုလည္းျဖစ္သည္။
မီဒဲလင္ၿမိဳ႕၏ အဓိကစီးပြားေရးထုတ္ ကုန္မ်ားမွာ သံမဏိ၊ အထည္အလိပ္မ်ား၊ မုန႔္မ်ား၊ အစားအစာႏွင့္ အေဖ်ာ္ယမကာမ်ား၊ စိုက္ပ်ိဳးေရး၊ အမ်ားျပည္သူဝန္ေဆာင္မႈမ်ား၊ ဓာတုေဗဒပစၥည္းမ်ား၊ ေဆးဝါးမ်ား၊ သန႔္စင္ၿပီးဆီႏွင့္ပန္းတို႔ျဖစ္သည္။ ထို႔ ျပင္ ဖက္ရွင္လုပ္ငန္းသည္ မီဒဲလင္ၿမိဳ႕စီးပြားေရးႏွင့္ ယဥ္ေက်းမႈတို႔၏ အဓိကအစိတ္အပိုင္း တစ္ခု လည္းျဖစ္ၿပီး လက္တင္အေမရိက၏ အႀကီးဆုံး ဖက္ရွင္ရႈိးကို လက္ခံက်င္းပထားေၾကာင္း သိရ သည္။
Aerolínea de Antioquia ေလ ေၾကာင္းလိုင္းသည္ မီဒဲလင္ၿမိဳ႕ရွိ Olaya Herrera ေလဆိပ္တြင္ ဌာနခ်ဳပ္ရွိၿပီး West Caribbean Airways ေလေၾကာင္းလိုင္းသည္လည္း Olaya Herrera ေလဆိပ္တြင္ ဌာနခ်ဳပ္မ်ားရွိေၾကာင္းသိရ သည္။ ထို႔ျပင္ ACES Colombia ေလေၾကာင္း လိုင္းသည္ မီဒဲလင္ၿမိဳ႕တြင္အေျခစိုက္ၿပီး ကိုလံဘီ ယာေဈးနည္းေလေၾကာင္းလိုင္း Viva Air onf Rionegro ေလဆိပ္တြင္ ၎၏အခ်က္အခ်ာေနရာတစ္ခုရွိေၾကာင္းသိရသည္။

ဂ်ီဒီပီ

မီဒဲလင္ၿမိဳ႕ျပဧရိယာသည္ Antioquia ျပည္နယ္၏ ဂ်ီဒီပီ၏ (၆၇)ရာခိုင္ႏႈန္းႏွင့္ ကိုလံဘီ ယာစီးပြားေရး၏ (၁၁)ရာခိုင္ႏႈန္းကို ပံ့ပိုးေပးထား ေၾကာင္းသိရသည္။ Antioquia ျပည္နယ္သည္ ကိုလံဘီယာႏိုင္ငံ၏ ဒုတိယေျမာက္အႀကီးဆုံး စီး ပြားေရးေဒသတစ္ခုျဖစ္ၿပီး (၂၀ဝ၅)ခုႏွစ္တြင္ ၎၏စုစုေပါင္းဂ်ီဒီပီမွာ အေမရိကန္ေဒၚလာ (၂၀ ဒသမ ၆)ဘီလ်ံေက်ာ္ရွိခဲ့ၿပီး ႏိုင္ငံတြင္းတြင္ ထိပ္ တန္းတင္ပို႔မႈျပည္နယ္တစ္ခုျဖစ္ခဲ့ေၾကာင္းသိရ သည္။ Proexport ႏွင့္ မီဒဲလင္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီတို႔၏ (၂၀ဝ၅)ခုႏွစ္ ကိုလံဘီယာစီးပြားေရးသုံးသပ္ခ်က္အစီရင္ ခံစာတြင္ မီဒဲလင္ၿမိဳ႕ကို ကိုလံဘီယာႏိုင္ငံစီးပြားေရး ကို ဂ်ီဒီပီအမ်ားဆုံးကူညီပံ့ပိုးေပးခဲ့သည့္ ၿမိဳ႕တစ္ၿမိဳ႕ အျဖစ္ ေရးသားေဖာ္ျပခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ (၂၀၁၄)ခုႏွစ္တြင္ မီဒဲလင္ၿမိဳ႕သည္ ကိုလံဘီယာ ႏိုင္ငံတြင္းတြင္ အေကာင္းဆုံးႏွင့္ အထူးျခားဆုံးၿမိဳ႕ မ်ားထဲမွတစ္ၿမိဳ႕အျဖစ္ ရပ္တည္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.