မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ လုပ်ပိုင်ခွင့်များကျော်လွန်လုပ်ဆောင်နေကြောင်း တရုတ်အစိုးရ ဝေဖန်ပြစ်တင်

1594

ဂျန်ဇက် (NP News) - ဇူလိုင် ၁၉
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်တင်သွင်းခဲ့တဲ့အစီရင်ခံစာဟာ လုပ်ပိုင်ခွင့်ကို ကျော် လွန် လုပ်ဆောင်နေသလိုမျိုးဖြစ်နေတယ်လို့ တရုတ်အစိုးရက ဝေဖန်ပြစ်တင်လိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ Mao Ning ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အခုလိုမျိုးပြောဆိုခဲတာဖြစ်ကြောင်း သိရပါတယ်။
၎င်းက "မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူအခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာတစ်ခုကို ရည်ညွှန်း ပြောဆိုရမယ်ဆိုရင် အဲဒီလူအခွင့်အရေးအထူးကိုယ်စားလှယ်ဟာ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်နေတယ်လို့ ပြောချင်ပါတယ်။ အဲဒီအစီရင်ခံစာဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေကြား စစ်လက်နက်ပစ္စည်း ပုံမှန်အရောင်း အဝယ်လုပ်ဆောင်မှုတွေကို အပုပ်ချတာမျိုးတွေအပြင် မမှန်ကန်တဲ့အချက်အလက်တွေကို အခြေခံထားတာမျိုး ဖြစ်နေတယ်။ အဲဒီအစီရင်ခံစာကို တရုတ်အစိုးရက ကန့်ကွက်ဆန့်ကျင်ပါတယ်" လို့ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူအခွင့်အရေး အထူး ကိုယ်စားလှယ်အနေနဲ့ ရည်မှန်းချက်များအတိုင်းလုပ်ဆောင်ပြီး လုပ်ပိုင်ခွင့်အာဏာကို လိုက်နာကာ မျှတစွာ ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လူအခွင့်ရေးအထူးကိုယ်စားလှယ်အနေနဲ့ အထူးကိုယ်စားလှယ်ဆိုတဲ့ဂုဏ်သိက္ခာကို ထိခိုက် နစ်နာမှုမရှိရအောင် နိုင်ငံရေးအစီအစဉ်တွေဆောင်ရွက်တာမျိုးတွေကို ရပ်တန့်ဖို့အတွက်လည်း တိုက်တွန်း တောင်းဆိုလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး အမည်တပ်ပြီး ပြောဆိုခြင်းမျိုး မရှိပေမယ့် လူအခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် ဖြစ်တဲ့ တွန်အန်ဒရူးကို ရည်ရွယ်ပြောဆိုခြင်းဖြစ်ဖွယ်ရှိနေကြောင်း သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်၊ ရုရှား နိုင်ငံတို့ထံကနေ စစ်လက်နက်ပစ္စည်းများ တင်သွင်းလျက်ရှိနေကြောင်း ပြီးခဲ့တဲ့မေလက တင်သွင်းခဲ့တဲ့ တွန်အန်ဒရူးရဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တစ်ဦးက သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်းမေးမြန်းခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အခုလိုမျိုးထည့်သွင်းပြောဆိုခြင်းဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံဆိုင္ရာကုလသမဂၢအထူးကိုယ္စားလွယ္ဟာ လုပ္ပိုင္ခြင့္မ်ားေက်ာ္လြန္လုပ္ေဆာင္ေနေၾကာင္း တ႐ုတ္အစိုးရ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၉
ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး ကုလသမဂၢအထူးကိုယ္စားလွယ္တင္သြင္းခဲ့တဲ့အစီရင္ခံစာဟာ လုပ္ပိုင္ခြင့္ကို ေက်ာ္ လြန္ လုပ္ေဆာင္ေနသလိုမ်ိဳးျဖစ္ေနတယ္လို႔ တ႐ုတ္အစိုးရက ေဝဖန္ျပစ္တင္လိုက္ပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ေျပာေရးဆိုခြင့္ရွိသူ Mao Ning ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပတဲ့ သတင္းစာ ရွင္းလင္းပြဲအတြင္း အခုလိုမ်ိဳးေျပာဆိုခဲတာျဖစ္ေၾကာင္း သိရပါတယ္။
၎က "ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူအခြင့္အေရးအထူးကိုယ္စားလွယ္ရဲ႕အစီရင္ခံစာတစ္ခုကို ရည္ၫႊန္း ေျပာဆိုရမယ္ဆိုရင္ အဲဒီလူအခြင့္အေရးအထူးကိုယ္စားလွယ္ဟာ လုပ္ပိုင္ခြင့္ကို ေက်ာ္လြန္လုပ္ေဆာင္ေနတယ္လို႔ ေျပာခ်င္ပါတယ္။ အဲဒီအစီရင္ခံစာဟာ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံေတြၾကား စစ္လက္နက္ပစၥည္း ပုံမွန္အေရာင္း အဝယ္လုပ္ေဆာင္မႈေတြကို အပုပ္ခ်တာမ်ိဳးေတြအျပင္ မမွန္ကန္တဲ့အခ်က္အလက္ေတြကို အေျခခံထားတာမ်ိဳး ျဖစ္ေနတယ္။ အဲဒီအစီရင္ခံစာကို တ႐ုတ္အစိုးရက ကန႔္ကြက္ဆန႔္က်င္ပါတယ္" လို႔ ေျပာပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူဟာ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢလူအခြင့္အေရး အထူး ကိုယ္စားလွယ္အေနနဲ႔ ရည္မွန္းခ်က္မ်ားအတိုင္းလုပ္ေဆာင္ၿပီး လုပ္ပိုင္ခြင့္အာဏာကို လိုက္နာကာ မွ်တစြာ ေဆာင္႐ြက္ဖို႔ တိုက္တြန္းလိုက္ပါတယ္။
ဒါ့အျပင္ ကုလသမဂၢ လူအခြင့္ေရးအထူးကိုယ္စားလွယ္အေနနဲ႔ အထူးကိုယ္စားလွယ္ဆိုတဲ့ဂုဏ္သိကၡာကို ထိခိုက္ နစ္နာမႈမရွိရေအာင္ ႏိုင္ငံေရးအစီအစဥ္ေတြေဆာင္႐ြက္တာမ်ိဳးေတြကို ရပ္တန႔္ဖို႔အတြက္လည္း တိုက္တြန္း ေတာင္းဆိုလိုေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူက ဆိုပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူဟာ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ဆိုတဲ့ အခ်က္နဲ႔ပတ္သက္ၿပီး အမည္တပ္ၿပီး ေျပာဆိုျခင္းမ်ိဳး မရွိေပမယ့္ လူအခြင့္အေရးဆိုင္ရာအထူးကိုယ္စားလွယ္ ျဖစ္တဲ့ တြန္အန္ဒ႐ူးကို ရည္႐ြယ္ေျပာဆိုျခင္းျဖစ္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ တ႐ုတ္၊ ႐ုရွား ႏိုင္ငံတို႔ထံကေန စစ္လက္နက္ပစၥည္းမ်ား တင္သြင္းလ်က္ရွိေနေၾကာင္း ၿပီးခဲ့တဲ့ေမလက တင္သြင္းခဲ့တဲ့ တြန္အန္ဒ႐ူးရဲ႕အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။
အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး သတင္းေထာက္တစ္ဦးက သတင္းစာရွင္းလင္းပြဲအတြင္း ထည့္သြင္းေမးျမန္းခဲ့ရာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက အခုလိုမ်ိဳးထည့္သြင္းေျပာဆိုျခင္းျဖစ္ေၾကာင္း သိရပါတယ္။