အမျိုးသမီးနှစ်ဦးကို ဝတ်လစ်စလစ် ပုံစံမျိုးနဲ့ လမ်းလျှောက်ခိုင်းခဲ့တဲ့လူအုပ်ထဲမှာပါဝင်သူများကို ဖမ်းဆီးဖို့ အိန္ဒိယအမျိုးသမီးသောင်းချီ ဆန္ဒပြ

5963
ဂျန်ဇက် (NP News) - ဇူလိုင် ၂၃
အမျိုးသမီးနှစ်ဦးကို ဝတ်လစ်စလစ် ပုံစံမျိုးနဲ့ လမ်းလျှောက်ခိုင်းခဲ့တဲ့ လူအုပ်ထဲမှာပါဝင်နေသူများကို ဖမ်းဆီးပေးဖို့ ဇူလိုင်လ ၂၂ ရက်၊ နံနက်ပိုင်းက အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ အမျိုးသမီး သောင်းချီဆန္ဒပြတောင်းဆိုခဲ့ကြောင်းသိရပါတယ်။
မဏိပူရပြည်နယ်မှာ ပြီးခဲ့တဲ့ မေလက မတူညီတဲ့ တိုင်းရင်းသားမျိုးနွယ်စု နှစ်ခုကြား အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားလာခဲ့ရာ လူပေါင်း ၁၃၀ ကျော်သေဆုံးခဲ့ပြီး ပြည်နယ်အတွင်းတည်ငြိမ်မှုမရှိဘဲဖြစ်နေကြောင်းသိရပါတယ်။ အမျိုးသမီးပေါင်း ၁၅၀၀၀ ကျော်ဟာ ဇူလိုင်လ ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲအတွင်း ပြည်နယ်ဝန်ကြီးချုပ်ကိုလည်း ရာထူးကနေ နှုတ်ထွက်ဖို့တောင်းဆိုခဲ့ကြောင်းသိရပါတယ်။ မကြာသေးမီက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်ထဲမှာ အမျိုးသမီး နှစ်ဦးက ကိုယ်တုံးလုံး ပုံစံမျိုးနဲ့လမ်းလျှောက်နေရပြီး လူငယ်အများစုက အဆိုပါအမျိုးသမီးရဲ့ငယ်ပါကို လိုက်လံကြည့်ရှုနေခဲ့ကာ အမျိုးသမီးနှစ်ဦးကို ကွင်းထဲကိုမောင်းထုတ်ခဲ့ကြောင်းသိရပါတယ်။
ရဲတပ်ဖွဲ့က အဆိုပါ အဖြစ်ပျက်ဟာ မဏိပူရပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုများစတင်ခဲ့ပြီးနောက် တစ်ရက်အကြာ မေလ ၄ ရက်က ဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ ကိုယ်တုံးလုံးပုံစံနဲ့ လမ်းလျှောက်နေရတဲ့ အမျိုးသမီးနှစ်ဦးရဲ့မိသားစုဝင်အမျိုးသားနှစ်ဦးဟာ လူအုပ်ကြီးရဲ့သတ်ဖြတ်ခံခဲ့ရကြောင်း ပြောပါတယ်။ အဆိုပါအမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်မှုတွေရှိခဲ့တယ်လို့လည်း တိုင်ကြားမှုတွေရှိနေကြောင်းသိရပါတယ်။
မဏိပူရပြည်နယ်အစိုးရက လက်ရှိအချိန်မှာ အဆိုပါအဖြစ်အပျက်နဲ့ပတ်သက်တဲ့ သံသယရှိသူ ငါးဦးမြောက်ကို ဖမ်းဆီးထားပြီး အခြားသံသယရှိသူတွေကိုလည်း ဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်နေကြောင်း ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ Hindu Meiteis လူမျိုးများကို အထူးအခွင့်ရေးတစ်ရပ်ပေးလိုက်ပြီးနောက်အခြားမျိုးနွယ်စုများနဲ့အငြင်းပွားအကြမ်းဖက်မှုများဖြစ်ပွားလာခဲ့ကာအထူးသဖြင့် Hindu Meiteis လူမျိုးများနဲ့ Kukis လူမျိုးများကြား အကြမ်းဖက်တိုက်ခိုက်မှုတွေ မေလအတွင်းစတင်ခဲ့ပါတယ်။

zawgyi version
အမ်ိဳးသမီးႏွစ္ဦးကို ဝတ္လစ္စလစ္ ပုံစံမ်ိဳးနဲ႔ လမ္းေလွ်ာက္ခိုင္းခဲ့တဲ့လူအုပ္ထဲမွာပါဝင္သူမ်ားကို ဖမ္းဆီးဖို႔ အိႏၵိယအမ်ိဳးသမီးေသာင္းခ်ီ ဆႏၵျပ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၃
အမ်ိဳးသမီးႏွစ္ဦးကို ဝတ္လစ္စလစ္ ပုံစံမ်ိဳးနဲ႔ လမ္းေလွ်ာက္ခိုင္းခဲ့တဲ့ လူအုပ္ထဲမွာပါဝင္ေနသူမ်ားကို ဖမ္းဆီးေပးဖို႔ ဇူလိုင္လ ၂၂ ရက္၊ နံနက္ပိုင္းက အိႏၵိယႏိုင္ငံ မဏိပူရျပည္နယ္မွာ အမ်ိဳးသမီး ေသာင္းခ်ီဆႏၵျပေတာင္းဆိုခဲ့ေၾကာင္းသိရပါတယ္။
မဏိပူရျပည္နယ္မွာ ၿပီးခဲ့တဲ့ ေမလက မတူညီတဲ့ တိုင္းရင္းသားမ်ိဳးႏြယ္စု ႏွစ္ခုၾကား အၾကမ္းဖက္တိုက္ခိုက္မႈေတြျဖစ္ပြားလာခဲ့ရာ လူေပါင္း ၁၃၀ ေက်ာ္ေသဆုံးခဲ့ၿပီး ျပည္နယ္အတြင္းတည္ၿငိမ္မႈမရွိဘဲျဖစ္ေနေၾကာင္းသိရပါတယ္။ အမ်ိဳးသမီးေပါင္း ၁၅၀၀၀ ေက်ာ္ဟာ ဇူလိုင္လ ၂၂ ရက္က ျပဳလုပ္ခဲ့တဲ့ဆႏၵျပပြဲအတြင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္ကိုလည္း ရာထူးကေန ႏႈတ္ထြက္ဖို႔ေတာင္းဆိုခဲ့ေၾကာင္းသိရပါတယ္။ မၾကာေသးမီက လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့တဲ့ ႐ုပ္သံဖိုင္ထဲမွာ အမ်ိဳးသမီး ႏွစ္ဦးက ကိုယ္တုံးလုံး ပုံစံမ်ိဳးနဲ႔လမ္းေလွ်ာက္ေနရၿပီး လူငယ္အမ်ားစုက အဆိုပါအမ်ိဳးသမီးရဲ႕ငယ္ပါကို လိုက္လံၾကည့္ရႈေနခဲ့ကာ အမ်ိဳးသမီးႏွစ္ဦးကို ကြင္းထဲကိုေမာင္းထုတ္ခဲ့ေၾကာင္းသိရပါတယ္။
ရဲတပ္ဖြဲ႕က အဆိုပါ အျဖစ္ပ်က္ဟာ မဏိပူရျပည္နယ္မွာ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားစတင္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာ ေမလ ၄ ရက္က ျဖစ္ပြားခဲ့တာျဖစ္ေၾကာင္း၊ ကိုယ္တုံးလုံးပုံစံနဲ႔ လမ္းေလွ်ာက္ေနရတဲ့ အမ်ိဳးသမီးႏွစ္ဦးရဲ႕မိသားစုဝင္အမ်ိဳးသားႏွစ္ဦးဟာ လူအုပ္ႀကီးရဲ႕သတ္ျဖတ္ခံခဲ့ရေၾကာင္း ေျပာပါတယ္။ အဆိုပါအမ်ိဳးသမီးႏွစ္ဦးကို အဓမၼျပဳက်င့္သတ္ျဖတ္မႈေတြရွိခဲ့တယ္လို႔လည္း တိုင္ၾကားမႈေတြရွိေနေၾကာင္းသိရပါတယ္။
မဏိပူရျပည္နယ္အစိုးရက လက္ရွိအခ်ိန္မွာ အဆိုပါအျဖစ္အပ်က္နဲ႔ပတ္သက္တဲ့ သံသယရွိသူ ငါးဦးေျမာက္ကို ဖမ္းဆီးထားၿပီး အျခားသံသယရွိသူေတြကိုလည္း ဖမ္းဆီးႏိုင္ဖို႔ လုပ္ေဆာင္ေနေၾကာင္း ေျပာပါတယ္။ အိႏၵိယႏိုင္ငံမွာ Hindu Meiteis လူမ်ိဳးမ်ားကို အထူးအခြင့္ေရးတစ္ရပ္ေပးလိုက္ၿပီးေနာက္အျခားမ်ိဳးႏြယ္စုမ်ားနဲ႔အျငင္းပြားအၾကမ္းဖက္မႈမ်ားျဖစ္ပြားလာခဲ့ကာအထူးသျဖင့္ Hindu Meiteis လူမ်ိဳးမ်ားနဲ႔ Kukis လူမ်ိဳးမ်ားၾကား အၾကမ္းဖက္တိုက္ခိုက္မႈေတြ ေမလအတြင္းစတင္ခဲ့ပါတယ္။