(၂၀၂၄) ခုနှစ်အတွင်း လူသတ်မှုပေါင်း (၈၆၀) နီးပါး ဖြစ်ပွားခဲ့

222

စော (NP News) - ဇူလိုင် ၈
ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စွဲဆိုသော အရေးကြီး ရာဇ ဝတ်မှုခင်းများအနက် လူသတ်မှုပေါင်း (၈၅၂)မှု ရှိခဲ့ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အချက်အလက်များအရ သိရသည်။
အဆိုပါလူသတ်မှုများအနက် ကယားပြည်နယ်တွင် လူသတ်မှု (၁)မှုသာဖြစ်ပွားခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီးတွင် (၁၇၉)မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးတွင် (၁၅၁)မှုဖြင့် ဒုတိယ အများဆုံးဖြစ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီးတွင် (၁၅၀)မှုဖြင့် တတိယအများဆုံးဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးတွင် (၁၁၁)မှု၊ ရှမ်းပြည်နယ်တွင် (၅၈)မှုနှင့် မကွေးတိုင်း ဒေသကြီးတွင် (၅၆)မှုတို့ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါ အရေးကြီးရာဇဝတ်မှုခင်းများတွင် လူသတ်မှုအပြင် မုဒိမ်းမှု (၅၆၂)မှု၊ မူးယစ်ဆေးဝါးမှု (၄၈၉၇)၊ လူကုန်ကူးမှု (၅၅)မှု၊ ယာဉ်မတော်တဆမှုကြောင့် လူသေမှု (၁၀၁၃)မှုနှင့် ကလေးသူငယ် မှုခင်း များ (၁၉၅၃)မှုရှိခဲ့ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အချက်အလက်များအရ သိရသည်။
လူကုန်ကူးမှုများအနက် မန္တလေးတိုင်းဒေသကြီးတွင် (၂၈)မှုဖြင့် အများဆုံးစွဲဆိုခံရပြီး မူးယစ်ဆေးဝါးမှုများအနက် ရှမ်းပြည်နယ်တွင် (၁၁၄၆)ဖြင့် အများဆုံးစွဲခံရကြောင်း သိရသည်။
လူကုန်ကူးမှုကြောင့် ထောင်ဒဏ်နှစ် (၂၀)နှင့် (၂၀)နှစ်အထက် ချမှတ်ခံရသူ (၅)ဦး၊ ထောင်ဒဏ် (၁၀) နှစ်နှင့် (၁၀)နှစ်အထက် နှစ်(၂၀)အောက်ချမှတ်ခံရသူ (၄၉)ဦး၊ ထောင်ဒဏ် (၁၀)နှစ်အောက် ချမှတ် ခံရသူ (၂)ဦးနှင့် အခြားပြစ်ဒဏ်ချမှတ်ခံရသူ (၃)ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
zawgyi version
(၂၀၂၄) ခုႏွစ္အတြင္း လူသတ္မႈေပါင္း (၈၆၀) နီးပါး ျဖစ္ပြားခဲ့
ေစာ (NP News) - ဇူလိုင္ ၈
ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္အတြင္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ စြဲဆိုေသာ အေရးႀကီး ရာဇ ဝတ္မႈခင္းမ်ားအနက္ လူသတ္မႈေပါင္း (၈၅၂)မႈ ရွိခဲ့ေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၏ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါလူသတ္မႈမ်ားအနက္ ကယားျပည္နယ္တြင္ လူသတ္မႈ (၁)မႈသာျဖစ္ပြားခဲ့ၿပီး ဧရာဝတီ တိုင္းေဒသႀကီးတြင္ (၁၇၉)မႈျဖင့္ အမ်ားဆုံးျဖစ္ပြားခဲ့ကာ ရန္ကုန္တိုင္းေဒသႀကီးတြင္ (၁၅၁)မႈျဖင့္ ဒုတိယ အမ်ားဆုံးျဖစ္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။ ထို႔ျပင္ မႏၲေလးတိုင္းေဒသႀကီးတြင္ (၁၅၀)မႈျဖင့္ တတိယအမ်ားဆုံးျဖစ္ၿပီး ပဲခူးတိုင္းေဒသႀကီးတြင္ (၁၁၁)မႈ၊ ရွမ္းျပည္နယ္တြင္ (၅၈)မႈႏွင့္ မေကြးတိုင္း ေဒသႀကီးတြင္ (၅၆)မႈတို႔ ျဖစ္ပြားခဲ့ေၾကာင္း ထုတ္ျပန္ထားခ်က္အရ သိရသည္။
အဆိုပါ အေရးႀကီးရာဇဝတ္မႈခင္းမ်ားတြင္ လူသတ္မႈအျပင္ မုဒိမ္းမႈ (၅၆၂)မႈ၊ မူးယစ္ေဆးဝါးမႈ (၄၈၉၇)၊ လူကုန္ကူးမႈ (၅၅)မႈ၊ ယာဥ္မေတာ္တဆမႈေၾကာင့္ လူေသမႈ (၁၀၁၃)မႈႏွင့္ ကေလးသူငယ္ မႈခင္း မ်ား (၁၉၅၃)မႈရွိခဲ့ေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၏ အခ်က္အလက္မ်ားအရ သိရသည္။
လူကုန္ကူးမႈမ်ားအနက္ မႏၲေလးတိုင္းေဒသႀကီးတြင္ (၂၈)မႈျဖင့္ အမ်ားဆုံးစြဲဆိုခံရၿပီး မူးယစ္ေဆးဝါးမႈမ်ားအနက္ ရွမ္းျပည္နယ္တြင္ (၁၁၄၆)ျဖင့္ အမ်ားဆုံးစြဲခံရေၾကာင္း သိရသည္။
လူကုန္ကူးမႈေၾကာင့္ ေထာင္ဒဏ္ႏွစ္ (၂၀)ႏွင့္ (၂၀)ႏွစ္အထက္ ခ်မွတ္ခံရသူ (၅)ဦး၊ ေထာင္ဒဏ္ (၁၀) ႏွစ္ႏွင့္ (၁၀)ႏွစ္အထက္ ႏွစ္(၂၀)ေအာက္ခ်မွတ္ခံရသူ (၄၉)ဦး၊ ေထာင္ဒဏ္ (၁၀)ႏွစ္ေအာက္ ခ်မွတ္ ခံရသူ (၂)ဦးႏွင့္ အျခားျပစ္ဒဏ္ခ်မွတ္ခံရသူ (၃)ဦးရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။