နှစ်သောင်းကျပ်တန် ထုတ်ဝေမည့် သတင်းကြောင့် အခေါက်ရွှေ အရောင်းအဝယ် ရပ်နား

6741
NP News - ဇူလိုင် ၂၃
နှစ်သောင်းကျပ်တန် ငွေစက္ကူ အသစ်ထုတ်ဝေမည်ဟု ကြေညာချက်ထွက်ပေါ်လာပြီး ယနေ့ (ဇူလိုင်လ ၂၃ ရက်)တွင် ရန်ကုန်ရွှေဈေးကွက်အတွင်း၌ အခေါက်ရွှေအရောင်းအဝယ်ရပ် နားထားကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှသိရသည်။
နစက၏ နိုင်ငံပိုင် ရုပ်သံများမှတဆင့် မြန်မာငွေ နှစ်သောင်းကျပ်တန် အသစ်ကို ဇူလိုင်လကုန်တွင်ထုတ်ဝေမည်ဟု ကြေညာခဲ့သည်။
ယနေ့ ရန်ကုန်ရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သုံးဆယ်သုံးသိန်းဝန်းကျင်ရှိနေရာမှ အရောင်းအဝယ်ပြုလုပ်ခြင်းမရှိဘဲ ရပ်နားထား ကြောင်း ရွှေဆိုင်ပိုင် ရှင်တစ်ဦးကပြောသည်။
“ရွှေဈေးတွေက ကမောက်ကမဖြစ်သွားတယ်။ ပေါက်ဈေးလဲမဖွင့်နိုင်ဘူး။ တစ်ကျပ်သားကိုသုံးဆယ်လေးသိန်းကနေသုံးဆယ့်ခြောက်သိန်းအထိ အမျိုးမျိုးပြောနေကြတယ်။ ဝယ်လို့လဲမရဘူး"ဟု ရန်ကုန် ရွှေဘုံသာလမ်းမှ ဝါရင့်ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
ရွှေအထည် ၁၅ ပဲရည်များကို ရောင်းချနေသော်လည်းရွှေဆိုင်အများစုသည် အခေါက်ရွှေရောင်းချခြင်းရပ်နားထားကြောင်းသိရသည်။
နှစ်သောင်းကျပ်တန် ငွေစက္ကူအသစ်ထုတ်ဝေမည့်သတင်းကြောင့်နောက်ဆက်တွဲ ကုန်ဈေးနှုန်းများမြင့် တက်လာမည့်အပေါ် ပြည်သူအများစုက စိုးရိမ်မှုရှိနေကြောင်းသိရသည်။
zawgyi version
ႏွစ္ေသာင္းက်ပ္တန္ ထုတ္ေဝမည့္ သတင္းေၾကာင့္ အေခါက္ေ႐ႊ အေရာင္းအဝယ္ ရပ္နား
NP News - ဇူလိုင္ ၂၃
ႏွစ္ေသာင္းက်ပ္တန္ ေငြစကၠဴ အသစ္ထုတ္ေဝမည္ဟု ေၾကညာခ်က္ထြက္ေပၚလာၿပီး ယေန႔ (ဇူလိုင္လ ၂၃ ရက္)တြင္ ရန္ကုန္ေ႐ႊေဈးကြက္အတြင္း၌ အေခါက္ေ႐ႊအေရာင္းအဝယ္ရပ္ နားထားေၾကာင္း ေ႐ႊဆိုင္ပိုင္ရွင္မ်ားထံမွသိရသည္။
နစက၏ ႏိုင္ငံပိုင္ ႐ုပ္သံမ်ားမွတဆင့္ ျမန္မာေငြ ႏွစ္ေသာင္းက်ပ္တန္ အသစ္ကို ဇူလိုင္လကုန္တြင္ထုတ္ေဝမည္ဟု ေၾကညာခဲ့သည္။
ယေန႔ ရန္ကုန္ေ႐ႊေဈးကြက္အတြင္း အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ သုံးဆယ္သုံးသိန္းဝန္းက်င္ရွိေနရာမွ အေရာင္းအဝယ္ျပဳလုပ္ျခင္းမရွိဘဲ ရပ္နားထား ေၾကာင္း ေ႐ႊဆိုင္ပိုင္ ရွင္တစ္ဦးကေျပာသည္။
“ေ႐ႊေဈးေတြက ကေမာက္ကမျဖစ္သြားတယ္။ ေပါက္ေဈးလဲမဖြင့္ႏိုင္ဘူး။ တစ္က်ပ္သားကိုသုံးဆယ္ေလးသိန္းကေနသုံးဆယ့္ေျခာက္သိန္းအထိ အမ်ိဳးမ်ိဳးေျပာေနၾကတယ္။ ဝယ္လို႔လဲမရဘူး"ဟု ရန္ကုန္ ေ႐ႊဘုံသာလမ္းမွ ဝါရင့္ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးကေျပာသည္။
ေ႐ႊအထည္ ၁၅ ပဲရည္မ်ားကို ေရာင္းခ်ေနေသာ္လည္းေ႐ႊဆိုင္အမ်ားစုသည္ အေခါက္ေ႐ႊေရာင္းခ်ျခင္းရပ္နားထားေၾကာင္းသိရသည္။
ႏွစ္ေသာင္းက်ပ္တန္ ေငြစကၠဴအသစ္ထုတ္ေဝမည့္သတင္းေၾကာင့္ေနာက္ဆက္တြဲ ကုန္ေဈးႏႈန္းမ်ားျမင့္ တက္လာမည့္အေပၚ ျပည္သူအမ်ားစုက စိုးရိမ္မႈရွိေနေၾကာင္းသိရသည္။