သင်္ဘောသားများ စည်းကမ်းထိန်းသိမ်းရေး နှင့် တာဝန်မဲ့ အေဂျင်စီများကို အရေးယူနိုင်ရန် စီစဉ်နေ

 1276

NP News - ဇူလိုင် ၂၇

သင်္ဘောသားများအတွက် စည်းကမ်းထိန်းသိမ်းရေး နှင့် တာဝန်မဲ့သည့်အေဂျင်စီများကို အရေးယူနိုင်ရန်ပို့ဆောင်ရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရသည်။

အဆိုပါ အရေးယူမှုများဆောင်ရွက်နိုင်ရန် ဒေါပုံမြို့နယ်မှ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနရုံး (DMA) တွင် ဇူလိုင်လ ၂၁ ရက်က ဝန်ကြီးဌာနတာဝန်ရှိသူများ၊ သင်္ဘောသားအရေးလုပ်ကိုင်နေသည့် အဖွဲ့အစည်းများ၊ ရေကြောင်းပညာရပ်ပို့ချနေသည့် တက္ကသိုလ်ကောလိပ်မှ တာဝန်ရှိသူများ၊ ရေကြောင်းဆိုင်ရာဥပဒေပညာရှင်များနှင့် ပြည်တွင်းပြည်ပကုန်သွယ်ရေကြောင်းသင်္ဘောပိုင်ရှင်များက ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးပွဲ၌ ပို့ဆောင်ရေးဝန်ကြီးဌာနက ၁၉၉၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသော စည်းကမ်းထိန်းသိမ်းရေးနှင့် စပ်လျဥ်းသည့်ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရေးသားနိုင်ရန် တက်ရောက်လာသူများက ဆွေးနွေးအကြံပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိသင်္ဘောသားလောကတွင် ဖြစ်ပွါးသောအမှုအများစုသည် မြန်မာသင်္ဘောသားအချင်းချင်း ခိုက်ရန်ဖြစ်ပွါးခြင်း ၊ လူသေဆုံးခြင်း ၊ လုပ်ငန်းခွင်စည်းကမ်းဖောက်ဖျက်ခြင်း၊ သင်္ဘောသားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို ပိုင်ရှင်နှင့် အေဂျင်စီများက ဖောက်ဖျက်ခြင်းရှိခြင်းကြောင့် သင့်တင့်သည့် ပြစ်ဒဏ်ချမှတ်အရေးယူနိုင်ရန် စည်းကမ်းထိန်းသိမ်းရေးကော်မတီတစ်ရပ်ဖွဲ့စည်းရန်လိုအပ်ကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) ကအကြံပြုတင်ပြထားကြောင်းသိရသည်။

"အထူးသဖြင့် လူသစ်တွေပေါ့ ၊ သင်္ဘောပြထားတာကတစ်မျိုး ၊ တကယ်ရောက်သွားတဲ့သင်္ဘောကတစ်မျိုး ၊ ကြည့်လိုက်တော့ သူတို့ပို့လိုက်တဲ့အေဂျင်စီက လိုင်စင်မရှိဘူး ။ တော်တော်ရှင်းရ၊ ကိုင်တွယ်ရ ခက်တယ်ပေါ့။ သင်္ဘောပိုင်ရှင်နဲ့ ပတ်သတ်လို့ဖြစ်လာတဲ့အရေးယူရမဲ့အခါမှာ သင်္ဘောသားကို မျက်နှာလွှဲခဲပစ်လုပ်တဲ့ ပိုင်ရှင်နဲ့ SRPS (တရားဝင်ခွင့်ပြုချက်ရ သင်္ဘောသားအလုပ်အကိုင်အေဂျင်စီ) တွေကိုလဲ အရေး ယူဖို့လိုတယ်။ ဥပမာပြောရရင် မဒါဂါစကာမှာ ထောင်ကျခံနေရတဲ့ ကလေးနှစ်ယောက်ကိစ္စက အထင်ရှားဆုံးဥပမာပဲလေ ။ အဲဒီတော့ သင်္ဘောသားကိုလဲ အရေးယူနေသလို SRPS ကိုလဲ အရေးယူတာကို စည်းကမ်းထိန်းသိမ်းရေးထဲမှာထည့်ဖို့ တိုက်တွန်းလိုပါတယ်"ဟု MSF မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

လက်ရှိတွင် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအဖွဲ့ချုပ်(MSF) အနေဖြင့် လျော်ကြေးရလိုမှု၊ လူသေမှု၊ အခြားနိုင်ငံတွင် ဖမ်းဆီးခံထားရမှု၊ အသက်သေဆုံးမှုများအပါအဝင် အမှုပေါင်းတစ်ရာကျော် တိုင်ကြားစာလက်ခံရရှိထားပြီး ယင်းအမှုများမှ ၅၇ ခုသည် ပြီးပြတ်သွားပြီဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သောဇွန်လအတွင်းက မှောင်ခိုသင်္ဘောတွင်လိုက်ပါမိ၍ အာဖရိကတိုက်မှ နိုင်ငံတစ်ခုဖြစ်သော မာဒါဂါစကာနိုင်ငံမြန်မာနိုင်ငံသားသ​င်္ဘောသားနှစ်ယောက်ဖမ်းဆီးခံရကာ ထောင်ဒဏ် ၂၅ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံထားရပြီး ယင်းသင်္ဘောသားများကို တရားဝင်လိုင်စင်မရှိသော အေဂျင်စီက ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
သေဘၤာသား စည္းကမ္းထိန္းသိမ္းေရး ႏွင့္ တာဝန္မဲ့ ေအဂ်င္စီမ်ားကို အေရးယူႏိုင္ရန္ စီစဥ္ေန

NP News - ဇူလိုင္ ၂၇

သေဘၤာသားမ်ားအတြက္ စည္းကမ္းထိန္းသိမ္းေရး ႏွင့္ တာဝန္မဲ့သည့္ေအဂ်င္စီမ်ားကို အေရးယူႏိုင္ရန္ပို႔ေဆာင္ေရးဝန္ႀကီးဌာနက စီစဥ္ေနေၾကာင္း သိရသည္။

အဆိုပါ အေရးယူမႈမ်ားေဆာင္႐ြက္ႏိုင္ရန္ ေဒါပုံၿမိဳ႕နယ္မွ ေရေၾကာင္းပို႔ေဆာင္ေရးဦးစီးဌာန႐ုံး (DMA) တြင္ ဇူလိုင္လ ၂၁ ရက္က ဝန္ႀကီးဌာနတာဝန္ရွိသူမ်ား၊ သေဘၤာသားအေရးလုပ္ကိုင္ေနသည့္ အဖြဲ႕အစည္းမ်ား၊ ေရေၾကာင္းပညာရပ္ပို႔ခ်ေနသည့္ တကၠသိုလ္ေကာလိပ္မွ တာဝန္ရွိသူမ်ား၊ ေရေၾကာင္းဆိုင္ရာဥပေဒပညာရွင္မ်ားႏွင့္ ျပည္တြင္းျပည္ပကုန္သြယ္ေရေၾကာင္းသေဘၤာပိုင္ရွင္မ်ားက ေဆြးေႏြးခဲ့ၾကေၾကာင္းသိရသည္။

အဆိုပါ အစည္းအေဝးပြဲ၌ ပို႔ေဆာင္ေရးဝန္ႀကီးဌာနက ၁၉၉၈ ခုႏွစ္တြင္ ျပ႒ာန္းထားေသာ စည္းကမ္းထိန္းသိမ္းေရးႏွင့္ စပ္လ်ဥ္းသည့္ျပ႒ာန္းခ်က္မ်ားကို ျပင္ဆင္ေရးသားႏိုင္ရန္ တက္ေရာက္လာသူမ်ားက ေဆြးေႏြးအႀကံျပဳခဲ့ျခင္းျဖစ္သည္။

လက္ရွိသေဘၤာသားေလာကတြင္ ျဖစ္ပြါးေသာအမႈအမ်ားစုသည္ ျမန္မာသေဘၤာသားအခ်င္းခ်င္း ခိုက္ရန္ျဖစ္ပြါးျခင္း ၊ လူေသဆုံးျခင္း ၊ လုပ္ငန္းခြင္စည္းကမ္းေဖာက္ဖ်က္ျခင္း၊ သေဘၤာသားမ်ား၏ ရပိုင္ခြင့္ႏွင့္ အခြင့္အေရးမ်ားကို ပိုင္ရွင္ႏွင့္ ေအဂ်င္စီမ်ားက ေဖာက္ဖ်က္ျခင္းရွိျခင္းေၾကာင့္ သင့္တင့္သည့္ ျပစ္ဒဏ္ခ်မွတ္အေရးယူႏိုင္ရန္ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီတစ္ရပ္ဖြဲ႕စည္းရန္လိုအပ္ေၾကာင္း ျမန္မာႏိုင္ငံပင္လယ္ကူးသေဘၤာသား အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ (MSF) ကအႀကံျပဳတင္ျပထားေၾကာင္းသိရသည္။

"အထူးသျဖင့္ လူသစ္ေတြေပါ့ ၊ သေဘၤာျပထားတာကတစ္မ်ိဳး ၊ တကယ္ေရာက္သြားတဲ့သေဘၤာကတစ္မ်ိဳး ၊ ၾကည့္လိုက္ေတာ့ သူတို႔ပို႔လိုက္တဲ့ေအဂ်င္စီက လိုင္စင္မရွိဘူး ။ ေတာ္ေတာ္ရွင္းရ၊ ကိုင္တြယ္ရ ခက္တယ္ေပါ့။ သေဘၤာပိုင္ရွင္နဲ႔ ပတ္သတ္လို႔ျဖစ္လာတဲ့အေရးယူရမဲ့အခါမွာ သေဘၤာသားကို မ်က္ႏွာလႊဲခဲပစ္လုပ္တဲ့ ပိုင္ရွင္နဲ႔ SRPS (တရားဝင္ခြင့္ျပဳခ်က္ရ သေဘၤာသားအလုပ္အကိုင္ေအဂ်င္စီ) ေတြကိုလဲ အေရး ယူဖို႔လိုတယ္။ ဥပမာေျပာရရင္ မဒါဂါစကာမွာ ေထာင္က်ခံေနရတဲ့ ကေလးႏွစ္ေယာက္ကိစၥက အထင္ရွားဆုံးဥပမာပဲေလ ။ အဲဒီေတာ့ သေဘၤာသားကိုလဲ အေရးယူေနသလို SRPS ကိုလဲ အေရးယူတာကို စည္းကမ္းထိန္းသိမ္းေရးထဲမွာထည့္ဖို႔ တိုက္တြန္းလိုပါတယ္"ဟု MSF မွ တာဝန္ရွိသူတစ္ဦးက ေျပာ သည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံပင္လယ္ကူးသေဘၤာသားမ်ားအဖြဲ႕ခ်ဳပ္(MSF) အေနျဖင့္ ေလ်ာ္ေၾကးရလိုမႈ၊ လူေသမႈ၊ အျခားႏိုင္ငံတြင္ ဖမ္းဆီးခံထားရမႈ၊ အသက္ေသဆုံးမႈမ်ားအပါအဝင္ အမႈေပါင္းတစ္ရာေက်ာ္ တိုင္ၾကားစာလက္ခံရရွိထားၿပီး ယင္းအမႈမ်ားမွ ၅၇ ခုသည္ ၿပီးျပတ္သြားၿပီျဖစ္ေၾကာင္း သိရသည္။

လြန္ခဲ့ေသာဇြန္လအတြင္းက ေမွာင္ခိုသေဘၤာတြင္လိုက္ပါမိ၍ အာဖရိကတိုက္မွ ႏိုင္ငံတစ္ခုျဖစ္ေသာ မာဒါဂါစကာႏိုင္ငံျမန္မာႏိုင္ငံသားသ​ေဘၤာသားႏွစ္ေယာက္ဖမ္းဆီးခံရကာ ေထာင္ဒဏ္ ၂၅ ႏွစ္စီ ျပစ္ဒဏ္ခ်မွတ္ခံထားရၿပီး ယင္းသေဘၤာသားမ်ားကို တရားဝင္လိုင္စင္မရွိေသာ ေအဂ်င္စီက ပို႔ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.