တောင်ကုတ်မြို့နယ် ခန်းမအနီး ရွှေဆိုင်ဓားပြတိုက်သူတစ်ဦးကို ရွှေတွေနှင့်အတူ ညတွင်းချင်း ဖမ်းမိ

2264

NP News - ဇူလိုင် ၂၈
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ "ရွှေပွင့်အိမ် ရွှေဆိုင် " ဓားပြတိုက်ခဲ့သူတစ်ဦးကို ရွှေထည်ပစ္စည်းတွေနှင့်အတူ ဇူလိုင် ၂၇ ရက် ညပိုင်း မှာ ချက်ချင်းဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်၂၇ ရက် ညနေ ၂ နာရီ ကျော်ခန့်တွင် အမည်မသိအမျိုးသား ၂ ဦးသည် ရွှေဆိုင်သို့ရောက်လာပြီး ဆိုင်ရှင်ကို သေနတ်ပြခြိမ်းခြောက်ကာ ဆိုင်မှာပြသထားသော ရွှေထည်ပစ္စည်းတွေကို လုယက်သွားခြင်းဖြစ် ကြောင်း သိရသည်။
"ဆိုင်ကယ် အုပ်ထုပ်ဆောင်းထားတဲ့ ၂ ယောက် ရောက်လာတယ်။ ဆိုင်ရှင်ကလည်း ဝယ်သူပဲထင်တာပေါ့။ ပြီးမှ သေနတ်ထုတ်ပြီး ချိန်တယ်၊ မှန်ကောင်တာကို ရိုက်ခွဲပြီး ရွှေတွေ ယူသွားတယ်။ ဘယက်အတွဲ ပါသွားတယ်။ ဖြစ်တဲ့ဆိုင်က မြို့နယ်ခန်းမဘေးမှာ ဖွင့်ထားတာ၊ မြို့လယ်ပဲပေါ့။ လူစည်ကားတဲ့နေရာပါ။ ကားဝန်းတွေလည်း ရှိတယ်။ ဆိုင်က cctv လည်း ရှိတယ်" ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။
ရွှေဆိုင်ဓားပြတိုက်ခံရပြီး အချိန် ၈ နာရီခန့်အတွင်း ရွှေထည်ပစ္စည်းတွေနဲ့အတူ လုယက်သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ ခြင်း ဖြစ်သည်။
"ညက ၁ဝ နာရီလောက်မှာ တစ်ယောက်ဖမ်းမိတယ်လို့ သိရတယ်။ ရွှေတွေလည်း အကုန်ပြန်ရတယ်။ အခုမိတဲ့သူ ကတော့ ကမ်းထောင်းကြီးဇာတိ၊ နေပြည်တော်မှာနေတဲ့သူလို့ သိရတယ်။ သူ့ကို လမူးရွာမှာ မိတာပါ။ လောလော ဆယ် တစ်ယောက်ပဲ မိသေးတယ်" ဟု တောင်ကုတ်ဒေသခံတစ်ဦး က ပြောသည်။
ရွှေပွင့်အိမ် ရွှေဆိုင်သည် ဇူလိုင်၂၇ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ ဓားပြတိုက်ခံရပြီး၊ ဆိုင်ကယ်အုပ်ထုပ်ဆောင်းထားသော အမျိုးသားနှစ်ယောက်က သေနတ်ပြခြိမ်းခြောက်ကာ သိန်း ၆ဝဝ ကျော် တန်ဖိုးရှိ ရွှေထည် ပစ္စည်းတွေဖြစ်သည့် ရွှေဆွဲကြိုး ၁ဝ ကုံး၊ ရွှေ ဘယက် ၂ ခု၊ ၁ ကျပ်ရွှေဆွဲကြိုး ၇ ကုံး၊ ရွှေဆွဲသီး၊ ရွှေဟန်းချိန်း တို့ကို လုယက်သွားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လုယက်သွားသည့် ရွှေတွေအကုန်လုံးနှင့်အတူ လုယက်သူတစ်ဦးကို ဖမ်းမိထားပြီး ကျန်ရှိနေသော ကျူးလွန်သူနောက်တစ်ဦးမှာ လွတ်မြောက်နေကြောင်းသိရသည်။
ရွှေဆိုင် ဓားပြတိုက်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ကာ လက်ရှိ မှာ ရွှေဆိုင်ကိုပိတ်ထားပြီး ဖမ်းဆီးရန်ကျန်ရှိနေသော ဓားပြတိုက်သွားသူအား တောင်ကုတ်မြို့နယ်ရဲစခန်းက လိုက်လံရှာဖွေနေကြောင်း သိရသည်။

Zawgyi Version;
ေတာင္ကုတ္ၿမိဳ႕နယ္ ခန္းမအနီး ေ႐ႊဆိုင္ဓားျပတိုက္သူတစ္ဦးကို ေ႐ႊေတြႏွင့္အတူ ညတြင္းခ်င္း ဖမ္းမိ
NP News - ဇူလိုင္ ၂၈
ရခိုင္ျပည္၊ ေတာင္ကုတ္ၿမိဳ႕မွ "ေ႐ႊပြင့္အိမ္ ေ႐ႊဆိုင္ " ဓားျပတိုက္ခဲ့သူတစ္ဦးကို ေ႐ႊထည္ပစၥည္းေတြႏွင့္အတူ ဇူလိုင္ ၂၇ ရက္ ညပိုင္း မွာ ခ်က္ခ်င္းဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။
ျဖစ္စဥ္မွာ ဇူလိုင္၂၇ ရက္ ညေန ၂ နာရီ ေက်ာ္ခန္႔တြင္ အမည္မသိအမ်ိဳးသား ၂ ဦးသည္ ေ႐ႊဆိုင္သို႔ေရာက္လာၿပီး ဆိုင္ရွင္ကို ေသနတ္ျပၿခိမ္းေျခာက္ကာ ဆိုင္မွာျပသထားေသာ ေ႐ႊထည္ပစၥည္းေတြကို လုယက္သြားျခင္းျဖစ္ ေၾကာင္း သိရသည္။
"ဆိုင္ကယ္ အုပ္ထုပ္ေဆာင္းထားတဲ့ ၂ ေယာက္ ေရာက္လာတယ္။ ဆိုင္ရွင္ကလည္း ဝယ္သူပဲထင္တာေပါ့။ ၿပီးမွ ေသနတ္ထုတ္ၿပီး ခ်ိန္တယ္၊ မွန္ေကာင္တာကို ႐ိုက္ခြဲၿပီး ေ႐ႊေတြ ယူသြားတယ္။ ဘယက္အတြဲ ပါသြားတယ္။ ျဖစ္တဲ့ဆိုင္က ၿမိဳ႕နယ္ခန္းမေဘးမွာ ဖြင့္ထားတာ၊ ၿမိဳ႕လယ္ပဲေပါ့။ လူစည္ကားတဲ့ေနရာပါ။ ကားဝန္းေတြလည္း ရွိတယ္။ ဆိုင္က cctv လည္း ရွိတယ္" ဟု ေတာင္ကုတ္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
ေ႐ႊဆိုင္ဓားျပတိုက္ခံရၿပီး အခ်ိန္ ၈ နာရီခန္႔အတြင္း ေ႐ႊထည္ပစၥည္းေတြနဲ႔အတူ လုယက္သူတစ္ဦးကို ဖမ္းဆီးရမိခဲ့ ျခင္း ျဖစ္သည္။
"ညက ၁ဝ နာရီေလာက္မွာ တစ္ေယာက္ဖမ္းမိတယ္လို႔ သိရတယ္။ ေ႐ႊေတြလည္း အကုန္ျပန္ရတယ္။ အခုမိတဲ့သူ ကေတာ့ ကမ္းေထာင္းႀကီးဇာတိ၊ ေနျပည္ေတာ္မွာေနတဲ့သူလို႔ သိရတယ္။ သူ႔ကို လမူး႐ြာမွာ မိတာပါ။ ေလာေလာ ဆယ္ တစ္ေယာက္ပဲ မိေသးတယ္" ဟု ေတာင္ကုတ္ေဒသခံတစ္ဦး က ေျပာသည္။
ေ႐ႊပြင့္အိမ္ ေ႐ႊဆိုင္သည္ ဇူလိုင္၂၇ ရက္ ေန႔လယ္ ၂ နာရီေက်ာ္ေလာက္မွာ ဓားျပတိုက္ခံရၿပီး၊ ဆိုင္ကယ္အုပ္ထုပ္ေဆာင္းထားေသာ အမ်ိဳးသားႏွစ္ေယာက္က ေသနတ္ျပၿခိမ္းေျခာက္ကာ သိန္း ၆ဝဝ ေက်ာ္ တန္ဖိုးရွိ ေ႐ႊထည္ ပစၥည္းေတြျဖစ္သည့္ ေ႐ႊဆြဲႀကိဳး ၁ဝ ကုံး၊ ေ႐ႊ ဘယက္ ၂ ခု၊ ၁ က်ပ္ေ႐ႊဆြဲႀကိဳး ၇ ကုံး၊ ေ႐ႊဆြဲသီး၊ ေ႐ႊဟန္းခ်ိန္း တို႔ကို လုယက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ လုယက္သြားသည့္ ေ႐ႊေတြအကုန္လုံးႏွင့္အတူ လုယက္သူတစ္ဦးကို ဖမ္းမိထားၿပီး က်န္ရွိေနေသာ က်ဴးလြန္သူေနာက္တစ္ဦးမွာ လြတ္ေျမာက္ေနေၾကာင္းသိရသည္။
ေ႐ႊဆိုင္ ဓားျပတိုက္ခံရၿပီးေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြေရာက္လာၿပီး စစ္ေဆးေမးျမန္းမႈေတြျပဳလုပ္ကာ လက္ရွိ မွာ ေ႐ႊဆိုင္ကိုပိတ္ထားၿပီး ဖမ္းဆီးရန္က်န္ရွိေနေသာ ဓားျပတိုက္သြားသူအား ေတာင္ကုတ္ၿမိဳ႕နယ္ရဲစခန္းက လိုက္လံရွာေဖြေနေၾကာင္း သိရသည္။