အမေရိကန်၊ တက္ကဆက်မှာ 'ding dong ditch' နောက်ပြောင်မှုကြောင့် ကလေးငယ်တစ်ဦး သေနတ်ထိမှန်

 400

ရောင်နီ (NP News) - စက်တင်ဘာ ၂
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ ဟူစတန်မြို့မှာ ဩဂုတ် ၃၀ ရက်က “ding dong ditch” ဆိုတဲ့ ကလေးကစားနည်းတစ်ခုကို ကစားရင်း အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရကာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဟူစတန်မြို့အရှေ့ဘက်ဧရိယာမှာ ဩဂုတ်လ ၃၀ ရက်(ည ၁၁ နာရီ) မထိုးမီ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဟူစတန်ရဲဌာနက ဆိုပါတယ်။ “Ding dong ditch” ကစားနည်းဟာ ကလေးတွေ စုပြီး အိမ်တစ်အိမ်ကို တံခါးခေါက်၊ အိမ်ရှင်တံခါးမဖွင့်မီ အမြန်ထွက်ပြေးရတဲ့ ကစားနည်းဖြစ်ပါတယ်။
အဲဒီနေ့ကတော့ သူတို့ စနောက်ခဲ့တဲ့ အိမ်မှ လူတစ်ဦးထွက်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့ရာ အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦး သေနတ် ၂ ချက် ထိမှန်ခဲ့ပါတယ်။
ရဲဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ မစ္စတာရှေအွမ်စီယန်ရဲ့အဆိုအရ ဟူစတန်မီးသတ်ဌာနက အဆိုပါကလေးငယ်ကို သြဂုတ် ၃၁ ရက်မှာ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် ကလေးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုအတွင်း အခြားဒဏ်ရာရရှိသူ ရှိ၊ မရှိကိုတော့ အတိအကျမသိရသေးပါဘူး။ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သံသယရှိ လူတစ်ဦးကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Zawgyi Version:
အေမရိကန္၊ တကၠဆက္မွာ 'ding dong ditch' ေနာက္ေျပာင္မႈေၾကာင့္ ကေလးငယ္တစ္ဦး ေသနတ္ထိမွန္
ေရာင္နီ (NP News) - စက္တင္ဘာ ၂
အေမရိကန္ႏိုင္ငံ၊ တကၠဆက္ျပည္နယ္မွာ ဟူစတန္ၿမိဳ႕မွာ ဩဂုတ္ ၃၀ ရက္က “ding dong ditch” ဆိုတဲ့ ကေလးကစားနည္းတစ္ခုကို ကစားရင္း အသက္ ၁၀ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး ေသနတ္နဲ႔ ပစ္ခတ္ခံရကာ စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနတယ္လို႔ အာဏာပိုင္ေတြက ဆိုပါတယ္။
ဟူစတန္ၿမိဳ႕အေရွ႕ဘက္ဧရိယာမွာ ဩဂုတ္လ ၃၀ ရက္(ည ၁၁ နာရီ) မထိုးမီ ပစ္ခတ္မႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ဟူစတန္ရဲဌာနက ဆိုပါတယ္။ “Ding dong ditch” ကစားနည္းဟာ ကေလးေတြ စုၿပီး အိမ္တစ္အိမ္ကို တံခါးေခါက္၊ အိမ္ရွင္တံခါးမဖြင့္မီ အျမန္ထြက္ေျပးရတဲ့ ကစားနည္းျဖစ္ပါတယ္။
အဲဒီေန႔ကေတာ့ သူတို႔ စေနာက္ခဲ့တဲ့ အိမ္မွ လူတစ္ဦးထြက္လာၿပီး ေသနတ္နဲ႔ပစ္ခတ္ခဲ့ရာ အသက္ ၁၀ ႏွစ္အ႐ြယ္ကေလးတစ္ဦး ေသနတ္ ၂ ခ်က္ ထိမွန္ခဲ့ပါတယ္။
ရဲဌာနရဲ႕ေျပာေရးဆိုခြင့္ရွိသူ မစၥတာေရွအြမ္စီယန္ရဲ႕အဆိုအရ ဟူစတန္မီးသတ္ဌာနက အဆိုပါကေလးငယ္ကို ၾသဂုတ္ ၃၁ ရက္မွာ ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ေပမယ့္ ကေလးကေတာ့ စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနခဲ့တယ္လို႔ သိရပါတယ္။ ပစ္ခတ္မႈအတြင္း အျခားဒဏ္ရာရရွိသူ ရွိ၊ မရွိကိုေတာ့ အတိအက်မသိရေသးပါဘူး။ ပစ္ခတ္မႈနဲ႔ပတ္သက္ၿပီး သံသယရွိ လူတစ္ဦးကိုေတာ့ ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.