ဆိုရှယ်မီဒီယာပလပ်ဖောင်း X (Twitter) က ကမ္ဘာကျော်ရပ်စ်ပါ ကန်နေးဝပ်ရဲ့အကောင့်ကို ပိတ်ဆို့ထားရာမှ ပြန်လည်ဖယ်ရှားပေး

531

ရောင်နီ (NP News) - သြဂုတ် ၁
ကမ္ဘာကျော်သူဋ္ဌေးကြီး အီလွန်မက်ခ် ပိုင်ဆိုင်တဲ့ ဆိုရှယ်မီဒီယာပလပ်ဖောင်း X (Twitter) ဟာ လွန်ခဲ့တဲ့ ရှစ်လနီးပါးက အကြမ်းဖက်မှုကို ရည်ညွှန်းတဲ့လှုံ့ဆော်မှုတစ်ခုကြောင့် ပိတ်ဆို့ထားတဲ့ ကမ္ဘာကျော်ရပ်စ်ပါ အဆိုတော် ကန်နေးဝပ်ရဲ့အကောင့်ကို ပိတ်ဆို့မှုမှ ပြန်လည်ဖယ်ရှားပေးခဲ့တယ်လို့ Aljazeera သတင်းဌာနမှ ဇူလိုင် ၃ဝ ရက်နေ့ ရက်စွဲပါ သတင်းအရ သိရပါတယ်။
ကန်နေးဝပ်ရဲ့အကောင့်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်က နာဇီသင်္ကေတဖြစ်တဲ့ ကြယ်အတွင်းထဲက စကြာပုံစံ သင်္ကေတကို ပိုစ့်တင်ခဲ့ခြင်းကြောင့် အကြမ်းဖက်မှုအတွက် လှုံ့ဆော်မှုနဲ့ ပိတ်ဆို့ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် ကန်နေးဝပ်က ဂျူးဆန့်ကျင်ရေး ဒါမှမဟုတ် အန္တရာယ်ရှိတဲ့စကားတွေ မျှဝေဖို့အတွက် တွစ်တာပလက်ဖောင်းကို အသုံးမပြုတော့ကြောင်း အာမခံခဲ့ပြီးနောက် အီလွန်မက်ခ်က ကန်နေးရဲ့အကောင့်ကို ပိတ်ဆို့မှုမှ ပြန်လည် ဖယ်ရှားပေးခဲ့ခြင်းဖြစ်တယ်လို့ အဆိုပါကိစ္စနဲ့ရင်းနှီးသူတစ်ဦးက ဆိုပါတယ်။
ကန်နေးရဲ့အကောင့်ဟာ တွစ်တာရဲ့ပလက်ဖောင်းပေါ် ပြန်ရောက်လာခဲ့ပြီဖြစ်ပေမယ့် သူ့ရဲ့ပိုစ့်တွေကိုတော့ မတွေ့ရသေးပါဘူး။
ကန်နေးဟာ ပြီးခဲ့တဲ့နှစ်က အဆိုပါနာဇီသင်္ကေတပုံ တင်ခဲ့ခြင်းကြောင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေ မှာလည်း ဆုံးရှုံးမှုကြီးကြီးမားမားရှိခဲ့ပြီး Adidas က ၄င်းနဲ့ ဆယ်စုနှစ်နီးပါးကြာတဲ့ဆက်ဆံရေးကို လက်တွဲဖြုတ်ခဲ့ပါ တယ်။

Zawgyi Version;
ဆိုရွယ္မီဒီယာပလပ္ေဖာင္း X (Twitter) က ကမာၻေက်ာ္ရပ္စ္ပါ ကန္ေနးဝပ္ရဲ႕အေကာင့္ကို ပိတ္ဆို႔ထားရာမွ ျပန္လည္ ဖယ္ရွားေပး
ေရာင္နီ (NP News) - ၾသဂုတ္ ၁
ကမာၻေက်ာ္သူေ႒းႀကီး အီလြန္မက္ခ္ ပိုင္ဆိုင္တဲ့ ဆိုရွယ္မီဒီယာပလပ္ေဖာင္း X (Twitter) ဟာ လြန္ခဲ့တဲ့ ရွစ္လနီးပါးက အၾကမ္းဖက္မႈကို ရည္ၫႊန္းတဲ့လႈံ႕ေဆာ္မႈတစ္ခုေၾကာင့္ ပိတ္ဆို႔ထားတဲ့ ကမာၻေက်ာ္ရပ္စ္ပါ အဆိုေတာ္ ကန္ေနးဝပ္ရဲ႕အေကာင့္ကို ပိတ္ဆို႔မႈမွ ျပန္လည္ဖယ္ရွားေပးခဲ့တယ္လို႔ Aljazeera သတင္းဌာနမွ ဇူလိုင္ ၃ဝ ရက္ေန႔ ရက္စြဲပါ သတင္းအရ သိရပါတယ္။
ကန္ေနးဝပ္ရဲ႕အေကာင့္ဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁ ရက္က နာဇီသေကၤတျဖစ္တဲ့ ၾကယ္အတြင္းထဲက စၾကာပုံစံ သေကၤတကို ပိုစ့္တင္ခဲ့ျခင္းေၾကာင့္ အၾကမ္းဖက္မႈအတြက္ လႈံ႕ေဆာ္မႈနဲ႔ ပိတ္ဆို႔ခံခဲ့ရတာျဖစ္ပါတယ္။ အဲဒီေနာက္ ကန္ေနးဝပ္က ဂ်ဴးဆန႔္က်င္ေရး ဒါမွမဟုတ္ အႏၲရာယ္ရွိတဲ့စကားေတြ မွ်ေဝဖို႔အတြက္ တြစ္တာပလက္ေဖာင္းကို အသုံးမျပဳေတာ့ေၾကာင္း အာမခံခဲ့ၿပီးေနာက္ အီလြန္မက္ခ္က ကန္ေနးရဲ႕အေကာင့္ကို ပိတ္ဆို႔မႈမွ ျပန္လည္ ဖယ္ရွားေပးခဲ့ျခင္းျဖစ္တယ္လို႔ အဆိုပါကိစၥနဲ႔ရင္းႏွီးသူတစ္ဦးက ဆိုပါတယ္။
ကန္ေနးရဲ႕အေကာင့္ဟာ တြစ္တာရဲ႕ပလက္ေဖာင္းေပၚ ျပန္ေရာက္လာခဲ့ၿပီျဖစ္ေပမယ့္ သူ႔ရဲ႕ပိုစ့္ေတြကိုေတာ့ မေတြ႕ရေသးပါဘူး။
ကန္ေနးဟာ ၿပီးခဲ့တဲ့ႏွစ္က အဆိုပါနာဇီသေကၤတပုံ တင္ခဲ့ျခင္းေၾကာင့္ စီးပြားေရးဆိုင္ရာ သေဘာတူညီခ်က္ေတြ မွာလည္း ဆုံးရႈံးမႈႀကီးႀကီးမားမားရွိခဲ့ၿပီး Adidas က ၄င္းနဲ႔ ဆယ္စုႏွစ္နီးပါးၾကာတဲ့ဆက္ဆံေရးကို လက္တြဲျဖဳတ္ခဲ့ပါတယ္။