ရွာငံမြို့၌ ကြိုးဆွဲချအဆုံးစီရင်ထားသည့် ပုံစံဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ

839
စော(NP News) - ဩဂုတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့တွင် ကြိုးဆွဲချအဆုံးစီရင်ထားသည့် ပုံစံဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသား၏ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအလောင်းအား ယနေ့(ဩဂုတ်လ ၂ ရက်)၊ မွန်းလွဲပိုင်း (၁၂)နာရီဝန်းကျင်အချိန်တွင် ရွာငံမြို့၊ ကျောက်ကူပြင်ကျေးရွာအနီး၌ အထက်ပါကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Myanmar Rescue YwarNgan Family ထံမှ သိရသည်။
“ဆွဲကြိုးချထားတဲ့ပုံစံနဲ့ ရုပ်ကပျက်နေပြီ။ ခန့်မှန်းခြေ လွန်ခဲ့တဲ့(၁၅)ရက်လောက်က သေထားတဲ့ပုံစံမျိုး။ လက်ရှိကတော့သူနဲ့ပတ်သတ်ပြီးဘာမှမသိရသေးဘူး။ သူနဲ့ပတ်သတ်ပြီး ဘာမှ အတည်ပြုချက်လည်းမပေးနိုင်ပါဘူး။ ပြင်ပဒဏ်ရာရှိ၊ မရှိကြည့်လို့မရဘူး။ မျက်နှာတောင်ဖမ်းလို့မရတော့ဘူး”ဟု Myanmar Rescue YwarNgan Family မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူအမျိုးသားနှင့် ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမျှမသိရသေးကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါအမျိုးသား၏ရုပ်အလောင်းအား ရွာငံမြို့သုဿန်တွင် မီးသဂြိုလ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
zawgyi version
႐ြာငံၿမိဳ႕၌ ႀကိဳးဆြဲခ်အဆုံးစီရင္ထားသည့္ ပုံစံျဖင့္ ပုပ္ပြေသဆုံးေနသည့္ အမ်ိဳးသားအေလာင္းေတြ႕ရွိ
ေစာ(NP News) - ဩဂုတ္ ၂
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ႐ြာငံၿမိဳ႕တြင္ ႀကိဳးဆြဲခ်အဆုံးစီရင္ထားသည့္ ပုံစံျဖင့္ ပုပ္ပြေသဆုံးေနသည့္ အမ်ိဳးသား၏႐ုပ္အေလာင္းကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါအေလာင္းအား ယေန႔(ဩဂုတ္လ ၂ ရက္)၊ မြန္းလြဲပိုင္း (၁၂)နာရီဝန္းက်င္အခ်ိန္တြင္ ႐ြာငံၿမိဳ႕၊ ေက်ာက္ကူျပင္ေက်း႐ြာအနီး၌ အထက္ပါကဲ့သို႔ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း Myanmar Rescue YwarNgan Family ထံမွ သိရသည္။
“ဆြဲႀကိဳးခ်ထားတဲ့ပုံစံနဲ႔ ႐ုပ္ကပ်က္ေနၿပီ။ ခန႔္မွန္းေျခ လြန္ခဲ့တဲ့(၁၅)ရက္ေလာက္က ေသထားတဲ့ပုံစံမ်ိဳး။ လက္ရွိကေတာ့သူနဲ႔ပတ္သတ္ၿပီးဘာမွမသိရေသးဘူး။ သူနဲ႔ပတ္သတ္ၿပီး ဘာမွ အတည္ျပဳခ်က္လည္းမေပးႏိုင္ပါဘူး။ ျပင္ပဒဏ္ရာရွိ၊ မရွိၾကည့္လို႔မရဘူး။ မ်က္ႏွာေတာင္ဖမ္းလို႔မရေတာ့ဘူး”ဟု Myanmar Rescue YwarNgan Family မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသူအမ်ိဳးသားႏွင့္ ပတ္သက္သည့္ မည္သည့္အခ်က္အလက္ကိုမွ်မသိရေသးေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါအမ်ိဳးသား၏႐ုပ္အေလာင္းအား ႐ြာငံၿမိဳ႕သုႆန္တြင္ မီးသၿဂိဳလ္ေပးလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။