အမေရိကန်မှာ ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၃)ဦးသေဆုံး

82

Pika (NP News) - စက်တင်ဘာ ၂၉
အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ် Southport မြို့က မြစ်ကမ်းနားစားသောက်ဆိုင်တစ်ခုမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၃)ဦးသေဆုံးပြီး အခြားလူ(၈)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင် တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ သင်္ဘောတစ်စင်းဟာ the American Fish Company စားသောက်ဆိုင် အနီးကို ချဉ်းကပ်လာခဲ့ပြီး ပစ်ခတ်မှုတွေကိုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ Southport မြို့တော်ဝန် Noah Saldo က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပစ်ခတ်မှုအတွက် သံသယရှိသူဟာ ပစ်ခတ်မှုတွေကိုလုပ်ဆောင်ပြီးနောက် အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေး သွားခဲ့တယ်လို့ Noah Saldo က ထပ်မံပြောကြားခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် အနည်းဆုံးလူ(၃)ဦးသေဆုံးခဲ့ပြီး အခြားလူ(၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ ပစ်ခတ်မှု လုပ်ဆောင်သွားသူကို လိုက်လံရှာဖွေနေပြီး သံသယရှိဖြစ်ဖွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှု တွေ ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း အမေရိကန်နိုင်ငံမှာ သေနတ်ပစ်ခတ်မှုတွေ အနည်းငယ်ငြိမ်သွားခဲ့ပေမယ့်လည်း ယခုလအစောပိုင်းကနေစတင်ပြီး ပစ်ခတ်မှုတွေ ခပ်စိတ်စိတ် ပြန်လည်ဖြစ်ပွားလာခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက New Hampshire ပြည်နယ်က ဂေါက်ကွင်းကလပ်တစ်ခုမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁)ဦးသေဆုံးခဲ့ကာ အခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

Zawgyi Version:
အေမရိကန္မွာ ပစ္ခတ္မႈေတြ ထပ္မံျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၃)ဦးေသဆုံး
Pika (NP News) - စက္တင္ဘာ ၂၉
အေမရိကန္ႏိုင္ငံ ေျမာက္ကာ႐ိုလိုင္းနားျပည္နယ္ Southport ၿမိဳ႕က ျမစ္ကမ္းနားစားေသာက္ဆိုင္တစ္ခုမွာ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၃)ဦးေသဆုံးၿပီး အျခားလူ(၈)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အာဏာပိုင္ ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ သေဘၤာတစ္စင္းဟာ the American Fish Company စားေသာက္ဆိုင္ အနီးကို ခ်ဥ္းကပ္လာခဲ့ၿပီး ပစ္ခတ္မႈေတြကိုလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ Southport ၿမိဳ႕ေတာ္ဝန္ Noah Saldo က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ပစ္ခတ္မႈအတြက္ သံသယရွိသူဟာ ပစ္ခတ္မႈေတြကိုလုပ္ေဆာင္ၿပီးေနာက္ အခင္းျဖစ္ပြားရာေနရာကေန ထြက္ေျပး သြားခဲ့တယ္လို႔ Noah Saldo က ထပ္မံေျပာၾကားခဲ့ပါတယ္။ အဲဒီပစ္ခတ္မႈေၾကာင့္ အနည္းဆုံးလူ(၃)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၈)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ဟာ ပစ္ခတ္မႈ လုပ္ေဆာင္သြားသူကို လိုက္လံရွာေဖြေနၿပီး သံသယရွိျဖစ္ဖြယ္အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးကာ စစ္ေဆးေမးျမန္းမႈ ေတြ ဆက္လက္လုပ္ေဆာင္လ်က္ရွိတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့လေတြအတြင္း အေမရိကန္ႏိုင္ငံမွာ ေသနတ္ပစ္ခတ္မႈေတြ အနည္းငယ္ၿငိမ္သြားခဲ့ေပမယ့္လည္း ယခုလအေစာပိုင္းကေနစတင္ၿပီး ပစ္ခတ္မႈေတြ ခပ္စိတ္စိတ္ ျပန္လည္ျဖစ္ပြားလာခဲ့တယ္လို႔သိရပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက New Hampshire ျပည္နယ္က ေဂါက္ကြင္းကလပ္တစ္ခုမွာ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁)ဦးေသဆုံးခဲ့ကာ အျခားလူအမ်ားအျပား ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔သိရပါတယ္။