ခရီးသွားများကို အကြမ်းဖက်သည့်ပုံစံ ဗီဒီယိုဖိုင်ရိုက်ကူးခဲ့သည့် မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

1524

Pika (NP News) - သြဂုတ် ၃
ထိုင်းနိုင်ငံ ပတ္တရားမြို့ တောင်ထိပ်ရှိ viewpoint တွင် အရှေ့အလယ်ပိုင်းဒေသမှ ခရီးသွားအဖွဲ့တစ်ဖွဲ့ကို အကြမ်းဖက်ခဲ့သည်ဟု စွပ်စွဲခံရသော မြန်မာနိုင်ငံသားနှစ်ဦးကို ပတ္တရားရဲတပ်ဖွဲ့က ဩဂုတ်လ(၂)ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
သို့သော်လည်း မြန်မာနိုင်ငံသားနှစ်ဦးက အဆိုပါခရီးသည်အဖွဲ့သည် ဖျော်ဖြေမှုများ လုပ်ဆောင်ရန်အတွက် အကြမ်းဖက်ဖြစ်ရပ်လိုမျိုး ဗီဒီယိုတစ်ခုရိုက်ရန် ၎င်းတို့ကိုတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ပတ္တရားရဲတပ်ဖွဲ့ကို ပြောခဲ့သည်။ Sor Thor Ro 5 တောင်ထိပ် viewpoint တွင် ဖြစ်ပွားခဲ့သော ဓါးစာခံအဖြစ် ဖမ်းဆီးသည့် ဗီဒီယိုဖိုင် သည် ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဗီဒီယိုဖိုင်တွင် အနက်ရောင် ၀တ်စုံဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် အရှေ့အလယ်ပိုင်းဒေသမှ ခရီးသွား(၁ဝ)ဦးကျော်ကို ဒူးထောက်ရန် (သို့မဟုတ်) အတန်းလိုက်ထိုင်ခိုင်းနေသည်ကို မြင်တွေ့ခဲ့ရသည်။ ထို့အပြင် ခရီးသွားအမျိုးသားတစ်ဦး၏ ဦးခေါင်းကို ပစ္စတိုသေနတ်ဖြင့် ချိန်ရွယ်ထားသည့်ပုံကို လည်း အဆိုပါ ဗီဒီယိုဖိုင်ထဲတွင် တွေ့မြင်ခဲ့ရသည်။
သို့သော်လည်း ပစ္စတိုသေနတ်ဟုထင်မြင်အောာင် လုပ်ဆောင်ထားသောအရာမှာ မီးခြစ်တစ်လုံးသာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ပတ္တရားမြို့ရှိ ကုန်စုံဆိုင်တစ်ခုတွင် အသက် (၂၂) နှစ် နှင့် (၂၅) နှစ်ကြား သံသယရှိသူ မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးပြီးနောက် အဆိုပါမီးခြစ်ကို သက်သေအဖြစ် ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အသက်(၂၅)နှစ်အရွယ် မြန်မာနိုင်ငံသားက အဆိုပါခရီးသွားအဖွဲ့သည် ဓါးစာခံအဖြစ် ဖမ်းဆီးခံရသည့် ဗီဒီယိုတစ်ခု ရိုက်ကူးပေးရန် ၎င်းနှင့် သူငယ်ချင်းဖြစ်သူတို့ကို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းတို့ကို ခရီးသွားများထံမှ ငွေညှစ်ရန် ခြိမ်းခြောက်သည့် ထိုင်းဂိုဏ်းဝင်များအဖြစ် ဟန်ဆောင်ခိုင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
အသက်(၂၂)နှစ်အရွယ် မြန်မာနိုင်ငံသားသည် အဆိုပါဖျော်ဖြေမှုကို ရိုက်ကူးရန်အတွက် အရှေ့အလယ်ပိုင်းဒေသ ခရီးသွားများထဲမှ တစ်ဦး၏ ဖုန်းကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါမြန်မာနိုင်ငံသားနှစ်ဦးသည် လူများကို အထိတ်တလန့်ဖြစ်စေသည့် ဗီဒီယိုဖိုင်ကို ရိုက်ကူးခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ခရီးသွားအဖွဲ့သည် ဓါးစာခံအဖြစ် ဖမ်းဆီးခံရသည့်ဗီဒီယိုဖိုင်ကို ရိုက်ကူးပေးရန်အတွက် ၎င်းတို့ကို ငွေကြေးပေးခြင်း မျိုးမရှိကြောင်း ဖမ်းဆီးခံရသည့်မြန်မာနိုင်ငံသားနှစ်ဦးက ပြောကြားခဲ့သည်။ ထို့ကြောင့် ဗီဒီယိုများ၏ အကြောင်း အရာများကို သေချာစဉ်းစားထုတ်လုပ်ရန် နှင့် အကြမ်းဖက်ပုံစံကဲ့သို့သော ဗီဒီယိုဖိုင်များ တင်ခြင်းသည် ထောင်ကျ နိုင်သည်အထိ ဖြစ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတိပေးပြောခဲ့သည်။

Zawgyi Version;
ခရီးသြားမ်ားကို အၾကမ္းဖက္သည့္ပုံစံ ဗီဒီယိုဖိုင္႐ိုက္ကူးခဲ့သည့္ ျမန္မာႏိုင္ငံသားႏွစ္ဦးကို ထိုင္းရဲတပ္ဖြဲ႕ဖမ္းဆီး
Pika (NP News) - ၾသဂုတ္ ၃
ထိုင္းႏိုင္ငံ ပတၱရားၿမိဳ႕ ေတာင္ထိပ္ရွိ viewpoint တြင္ အေရွ႕အလယ္ပိုင္းေဒသမွ ခရီးသြားအဖြဲ႕တစ္ဖြဲ႕ကို အၾကမ္းဖက္ခဲ့သည္ဟု စြပ္စြဲခံရေသာ ျမန္မာႏိုင္ငံသားႏွစ္ဦးကို ပတၱရားရဲတပ္ဖြဲ႕က ဩဂုတ္လ(၂)ရက္တြင္ ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္လည္း ျမန္မာႏိုင္ငံသားႏွစ္ဦးက အဆိုပါခရီးသည္အဖြဲ႕သည္ ေဖ်ာ္ေျဖမႈမ်ား လုပ္ေဆာင္ရန္အတြက္ အၾကမ္းဖက္ျဖစ္ရပ္လိုမ်ိဳး ဗီဒီယိုတစ္ခု႐ိုက္ရန္ ၎တို႔ကိုေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း ပတၱရားရဲတပ္ဖြဲ႕ကို ေျပာခဲ့သည္။ Sor Thor Ro 5 ေတာင္ထိပ္ viewpoint တြင္ ျဖစ္ပြားခဲ့ေသာ ဓါးစာခံအျဖစ္ ဖမ္းဆီးသည့္ ဗီဒီယိုဖိုင္ သည္ ဆိုရွယ္မီဒီယာေပၚတြင္ ပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕က လိုက္လံရွာေဖြ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါဗီဒီယိုဖိုင္တြင္ အနက္ေရာင္ ၀တ္စုံဝတ္ဆင္ထားသည့္ လူငယ္တစ္ဦးသည္ အေရွ႕အလယ္ပိုင္းေဒသမွ ခရီးသြား(၁ဝ)ဦးေက်ာ္ကို ဒူးေထာက္ရန္ (သို႔မဟုတ္) အတန္းလိုက္ထိုင္ခိုင္းေနသည္ကို ျမင္ေတြ႕ခဲ့ရသည္။ ထို႔အျပင္ ခရီးသြားအမ်ိဳးသားတစ္ဦး၏ ဦးေခါင္းကို ပစၥတိုေသနတ္ျဖင့္ ခ်ိန္႐ြယ္ထားသည့္ပုံကို လည္း အဆိုပါ ဗီဒီယိုဖိုင္ထဲတြင္ ေတြ႕ျမင္ခဲ့ရသည္။
သို႔ေသာ္လည္း ပစၥတိုေသနတ္ဟုထင္ျမင္ေအာာင္ လုပ္ေဆာင္ထားေသာအရာမွာ မီးျခစ္တစ္လုံးသာျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။ ပတၱရားၿမိဳ႕ရွိ ကုန္စုံဆိုင္တစ္ခုတြင္ အသက္ (၂၂) ႏွစ္ ႏွင့္ (၂၅) ႏွစ္ၾကား သံသယရွိသူ ျမန္မာႏိုင္ငံသားႏွစ္ဦးကို ဖမ္းဆီးၿပီးေနာက္ အဆိုပါမီးျခစ္ကို သက္ေသအျဖစ္ ရဲတပ္ဖြဲ႕က သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။
အသက္(၂၅)ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသားက အဆိုပါခရီးသြားအဖြဲ႕သည္ ဓါးစာခံအျဖစ္ ဖမ္းဆီးခံရသည့္ ဗီဒီယိုတစ္ခု ႐ိုက္ကူးေပးရန္ ၎ႏွင့္ သူငယ္ခ်င္းျဖစ္သူတို႔ကို ေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔အျပင္ ၎တို႔ကို ခရီးသြားမ်ားထံမွ ေငြညႇစ္ရန္ ၿခိမ္းေျခာက္သည့္ ထိုင္းဂိုဏ္းဝင္မ်ားအျဖစ္ ဟန္ေဆာင္ခိုင္းခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ဝင္မ်ားက ေနာက္ပိုင္းတြင္ ေျပာၾကားခဲ့သည္။
အသက္(၂၂)ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသားသည္ အဆိုပါေဖ်ာ္ေျဖမႈကို ႐ိုက္ကူးရန္အတြက္ အေရွ႕အလယ္ပိုင္းေဒသ ခရီးသြားမ်ားထဲမွ တစ္ဦး၏ ဖုန္းကို အသုံးျပဳခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကို ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း အဆိုပါျမန္မာႏိုင္ငံသားႏွစ္ဦးသည္ လူမ်ားကို အထိတ္တလန႔္ျဖစ္ေစသည့္ ဗီဒီယိုဖိုင္ကို ႐ိုက္ကူးခဲ့ျခင္းေၾကာင့္ ဖမ္းဆီးခံခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။
ခရီးသြားအဖြဲ႕သည္ ဓါးစာခံအျဖစ္ ဖမ္းဆီးခံရသည့္ဗီဒီယိုဖိုင္ကို ႐ိုက္ကူးေပးရန္အတြက္ ၎တို႔ကို ေငြေၾကးေပးျခင္း မ်ိဳးမရွိေၾကာင္း ဖမ္းဆီးခံရသည့္ျမန္မာႏိုင္ငံသားႏွစ္ဦးက ေျပာၾကားခဲ့သည္။ ထို႔ေၾကာင့္ ဗီဒီယိုမ်ား၏ အေၾကာင္း အရာမ်ားကို ေသခ်ာစဥ္းစားထုတ္လုပ္ရန္ ႏွင့္ အၾကမ္းဖက္ပုံစံကဲ့သို႔ေသာ ဗီဒီယိုဖိုင္မ်ား တင္ျခင္းသည္ ေထာင္က် ႏိုင္သည္အထိ ျဖစ္ႏိုင္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က သတိေပးေျပာခဲ့သည္။