ထိုင်းနိုင်ငံမှာ ရေခဲပို့လုပ်ငန်းကို ၁၅ နှစ်ကြာလုပ်ကိုင်ခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦး ထိုင်းအစိုးရရဲ့အမြင့်ဆုံး ထီဆုပေါက်

2000

ဂျန်ဇက် (NP News) - သြဂုတ် ၄
ထိုင်းနိုင်ငံ Wang Ka မြို့ရှိ ဈေးထဲမှာ ရေခဲပို့တဲ့အလုပ်ကို ၁၅ နှစ်ကျော်ကြာလုပ်ကိုင်ခဲ့တဲ့ မြန်မာနိုင်ငံသား ကရင် လူမျိုးတစ်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖွင့်လှစ်ခဲ့တဲ့ ထိုင်းအစိုးရထီဖွင့်ပွဲမှာ အမြင့်ဆုံးဆုကြေးကို ရယူပိုင်ဆိုင်နိုင်မယ့် ထီ ပထမဆုကို ပေါက်သွားခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၃၁ ရက်က ဖွင့်လှစ်ခဲ့တဲ့ ထိုင်းအစိုးရထီဖွင့်ပွဲမှာ အသက် ၃၆နှစ်အရွယ်ရှိ ဖိုးထူးဟာ ဘတ် ၆ သန်းရရှိစေမယ့် ထီ ပထမဆုကိုပေါက်သွားခဲ့ကြောင်းသိရပါတယ်။ဖိုးထူးဟာ ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးထီဆု ပေါက်သွားတဲ့အတွက် Wang Ka မြို့ ဈေးပတ်ဝန်းကျင်မှာ လူသိများလာခဲ့ပြီး ၎င်းနဲ့အတူ ဓါတ်ပုံရိုက်ကူးဖို့လာရောက်သူတွေလည်း များပြားနေကြောင်း သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့က တာဝန်ရှိသူများဟာလည်း ဖိုးထူးဆီ လာရောက်ပြီးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ဖိုးထူးဟာ လူပျိုကြီးဖြစ်ပေမယ့် ထီဆုကြေးငွေများကို မိသားစုကို အိမ်ဆောက်ပေးနိုင်ဖို့ မြေယာများ ဝယ်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဖိုးထူးဟာ ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးဆုကြေးမျိုး ရရှိတဲ့ ထီပေါက်ခဲ့ပေမယ့် ၎င်းပုံမှန်လုပ်ကိုင်နေတဲ့အလုပ်ကို စွန့်လွှတ်မှာမဟုတ်ဘဲ ရေခဲပို့တဲ့လုပ်ငန်းကို ဆက်လက်လုပ်ကိုင်မယ်လို့ ပြောပါတယ်။
ဖိုးထူးဟာ နံပတ် ၂၆ဝ၄၅၃ ပါတဲ့ ထီလက်မှတ်ကို Wang Ka မြို့ဈေးထဲက ဝယ်ယူခဲ့တာဖြစ်ပြီး ထီပေါက်တဲ့အတွက် ဝမ်းသာပျော်ရွင်မိကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်နှစ်ပတ်ကျော်ကလည်း Sisaket ပြည်နယ်ရှိ အမျိုးသမီးတစ်ဦးဟာ ထိုင်းဘတ် ၁၂ သန်းရရှိစေမယ့် lottery jackpot ထီဆုပေါက်ခဲ့ပြီး အဆိုပါအမျိုးသမီးဟာ ထီလက်မှတ်ကို အွန်လိုင်းက ဝယ်ယူခဲ့ကာ အဘွားဖြစ်သူ ဈာပနာအခမ်းနားနဲ့ပတ်သက်ပြီး အမှတ်တရဖြစ်စေတဲ့ ဂဏန်းတွေကိုမှတ်ပြီး ထိုးယူခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံမွာ ေရခဲပို႔လုပ္ငန္းကို ၁၅ ႏွစ္ၾကာလုပ္ကိုင္ခဲ့တဲ့ ျမန္မာႏိုင္ငံသားတစ္ဦး ထိုင္းအစိုးရရဲ႕အျမင့္ဆုံး ထီဆု ေပါက္
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၄
ထိုင္းႏိုင္ငံ Wang Ka ၿမိဳ႕ရွိ ေဈးထဲမွာ ေရခဲပို႔တဲ့အလုပ္ကို ၁၅ ႏွစ္ေက်ာ္ၾကာလုပ္ကိုင္ခဲ့တဲ့ ျမန္မာႏိုင္ငံသား ကရင္ လူမ်ိဳးတစ္ဦးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ဖြင့္လွစ္ခဲ့တဲ့ ထိုင္းအစိုးရထီဖြင့္ပြဲမွာ အျမင့္ဆုံးဆုေၾကးကို ရယူပိုင္ဆိုင္ႏိုင္မယ့္ ထီ ပထမဆုကို ေပါက္သြားခဲ့တယ္လို႔ သိရပါတယ္။
ဇူလိုင္ ၃၁ ရက္က ဖြင့္လွစ္ခဲ့တဲ့ ထိုင္းအစိုးရထီဖြင့္ပြဲမွာ အသက္ ၃၆ႏွစ္အ႐ြယ္ရွိ ဖိုးထူးဟာ ဘတ္ ၆ သန္းရရွိေစမယ့္ ထီ ပထမဆုကိုေပါက္သြားခဲ့ေၾကာင္းသိရပါတယ္။ဖိုးထူးဟာ ထိုင္းႏိုင္ငံရဲ႕အျမင့္ဆုံးထီဆု ေပါက္သြားတဲ့အတြက္ Wang Ka ၿမိဳ႕ ေဈးပတ္ဝန္းက်င္မွာ လူသိမ်ားလာခဲ့ၿပီး ၎နဲ႔အတူ ဓါတ္ပုံ႐ိုက္ကူးဖို႔လာေရာက္သူေတြလည္း မ်ားျပားေနေၾကာင္း သိရပါတယ္။
ထိုင္းရဲတပ္ဖြဲ႕က တာဝန္ရွိသူမ်ားဟာလည္း ဖိုးထူးဆီ လာေရာက္ၿပီးစစ္ေဆးမႈေတြ လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။ ဖိုးထူးဟာ လူပ်ိဳႀကီးျဖစ္ေပမယ့္ ထီဆုေၾကးေငြမ်ားကို မိသားစုကို အိမ္ေဆာက္ေပးႏိုင္ဖို႔ ေျမယာမ်ား ဝယ္သြားဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။ ဖိုးထူးဟာ ထိုင္းႏိုင္ငံရဲ႕အျမင့္ဆုံးဆုေၾကးမ်ိဳး ရရွိတဲ့ ထီေပါက္ခဲ့ေပမယ့္ ၎ပုံမွန္လုပ္ကိုင္ေနတဲ့အလုပ္ကို စြန႔္လႊတ္မွာမဟုတ္ဘဲ ေရခဲပို႔တဲ့လုပ္ငန္းကို ဆက္လက္လုပ္ကိုင္မယ္လို႔ ေျပာပါတယ္။
ဖိုးထူးဟာ နံပတ္ ၂၆ဝ၄၅၃ ပါတဲ့ ထီလက္မွတ္ကို Wang Ka ၿမိဳ႕ေဈးထဲက ဝယ္ယူခဲ့တာျဖစ္ၿပီး ထီေပါက္တဲ့အတြက္ ဝမ္းသာေပ်ာ္႐ြင္မိေၾကာင္း ေျပာပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္ႏွစ္ပတ္ေက်ာ္ကလည္း Sisaket ျပည္နယ္ရွိ အမ်ိဳးသမီးတစ္ဦးဟာ ထိုင္းဘတ္ ၁၂ သန္းရရွိေစမယ့္ lottery jackpot ထီဆုေပါက္ခဲ့ၿပီး အဆိုပါအမ်ိဳးသမီးဟာ ထီလက္မွတ္ကို အြန္လိုင္းက ဝယ္ယူခဲ့ကာ အဘြားျဖစ္သူ ဈာပနာအခမ္းနားနဲ႔ပတ္သက္ၿပီး အမွတ္တရျဖစ္ေစတဲ့ ဂဏန္းေတြကိုမွတ္ၿပီး ထိုးယူခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။