လပွတ္တာမြို့နယ်ရှိ ပင်လယ်ပြင်၌ စက်လှေတစ်စီးပေါ်တွင် လိုက်ပါလာသည့် ဘင်္ဂါလီ (၇၂)ဦးကို ဖမ်းဆီးထိန်းသိမ်း

1575
NP News - သြဂုတ် ၅
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ရှိ ပင်လယ်ပြင်၌ စက်လှေတစ်စီးပေါ်တွင် လိုက်ပါလာသော ဘင်္ဂါလီ (၇၂)ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

စက်လှေတစ်စီးနှင့်အတူ ဘင်္ဂါလီလူမျိုး (၇၂)ဦးကို ယမန်နေ့(သြဂုတ်လ ၄ ရက်)၊ နံနက် ၁၀ နာရီကျော်အချိန်တွင် လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ကိုင်းသောင်ကျေးရွာနှင့် (၄)မိုင်ခန့်အကွာရှိ ပင်လယ်ပြင်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။
အဆိုပါ ဘင်္ဂါလီ (၇၂)ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် ထွက်ခွာလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ပိုင်နက်သို့ဖြတ်ကျော်ကာ မလေးရှားနိုင်ငံသို့သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ထွက်ခွာလာစဉ်အချိန်တွင် လပွတ္တာမြို့နယ်အတွင်းရှိ ပင်လယ်ပြင်၌ စက်လှေပျက်ခဲ့သည့်အတွက် (၅)ရက်ကြာ ပင်လယ်ပြင်၌မျောနေခဲ့ပြီး ၎င်းစက်လှေအား မသင်္ကာ၍ လုံခြုံရေးပူးပေါင်းအဖွဲ့က သွား ရောက်စစ်ဆေးစဉ် အထက်ပါကဲ့သို့ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းကဲ့သို့ ဖမ်းဆီးခြင်းခံခဲ့ရသူများထဲတွင် ဘင်္ဂါလီအမျိုးသား (၆၇)ဦးနှင့် အမျိုးသမီး (၅)ဦး စုစုပေါင်း (၇၂)ဦး ပါရှိကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။
လက်ရှိတွင် ဘင်္ဂါလီ(၇၂)ဦးအား သက်ဆိုင်ရာရဲစခန်း၌ ထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိပြီး လဝက ဥပဒေဖြင့် အရေးယူရန်အတွက် စီစဉ်လျက်ရှိကြောင်း သိရသည်။

zawgyi version
လပြတၱာၿမိဳ႕နယ္ရွိ ပင္လယ္ျပင္၌ စက္ေလွတစ္စီးေပၚတြင္ လိုက္ပါလာသည့္ ဘဂၤါလီ (၇၂)ဦးကို ဖမ္းဆီးထိန္းသိမ္း
NP News - ၾသဂုတ္ ၅
ဧရာဝတီတိုင္း၊ လပြတၱာၿမိဳ႕နယ္ရွိ ပင္လယ္ျပင္၌ စက္ေလွတစ္စီးေပၚတြင္ လိုက္ပါလာေသာ ဘဂၤါလီ (၇၂)ဦးကို ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သတင္းရရွိသည္။
စက္ေလွတစ္စီးႏွင့္အတူ ဘဂၤါလီလူမ်ိဳး (၇၂)ဦးကို ယမန္ေန႔(ၾသဂုတ္လ ၄ ရက္)၊ နံနက္ ၁၀ နာရီေက်ာ္အခ်ိန္တြင္ လပြတၱာၿမိဳ႕နယ္၊ ျပင္စလူၿမိဳ႕၊ ကိုင္းေသာင္ေက်း႐ြာႏွင့္ (၄)မိုင္ခန႔္အကြာရွိ ပင္လယ္ျပင္၌ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားက ေျပာသည္။
အဆိုပါ ဘဂၤါလီ (၇၂)ဦးသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွတစ္ဆင့္ ထြက္ခြာလာျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံ ပိုင္နက္သို႔ျဖတ္ေက်ာ္ကာ မေလးရွားႏိုင္ငံသို႔သြားေရာက္ရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ထိုသို႔ထြက္ခြာလာစဥ္အခ်ိန္တြင္ လပြတၱာၿမိဳ႕နယ္အတြင္းရွိ ပင္လယ္ျပင္၌ စက္ေလွပ်က္ခဲ့သည့္အတြက္ (၅)ရက္ၾကာ ပင္လယ္ျပင္၌ေမ်ာေနခဲ့ၿပီး ၎စက္ေလွအား မသကၤာ၍ လုံၿခဳံေရးပူးေပါင္းအဖြဲ႕က သြား ေရာက္စစ္ေဆးစဥ္ အထက္ပါကဲ့သို႔ ဖမ္းမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
၎ကဲ့သို႔ ဖမ္းဆီးျခင္းခံခဲ့ရသူမ်ားထဲတြင္ ဘဂၤါလီအမ်ိဳးသား (၆၇)ဦးႏွင့္ အမ်ိဳးသမီး (၅)ဦး စုစုေပါင္း (၇၂)ဦး ပါရွိေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားက ေျပာသည္။
လက္ရွိတြင္ ဘဂၤါလီ(၇၂)ဦးအား သက္ဆိုင္ရာရဲစခန္း၌ ထိန္းသိမ္းကာ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္လ်က္ရွိၿပီး လဝက ဥပေဒျဖင့္ အေရးယူရန္အတြက္ စီစဥ္လ်က္ရွိေၾကာင္း သိရသည္။