မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်၌ တောင်မြေနံရံပြိုကျမှု ဖြစ်ပွားခဲ့

1197

NP News - သြဂုတ် ၆
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်၌ တောင်မြေနံရံပြိုကျမှုဖြစ်ပွားခဲ့ရာ ယာဉ်ကြောပိတ်ဆို့မှု များ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
တောင်မြေနံရံပြိုကျမှုဖြစ်စဉ်သည် ယနေ့(သြဂုတ် ၆ ရက်) နံနက် ၆ နာရီအချိန်ခန့်တွင် မြဝတီ-ကော့ကရိတ် အာရှ လမ်းမပေါ် တောနော်ရေတံခွန်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက NP News ကို ပြောသည်။
“တော်နော်ရေတံခွန်အနီးမှာ မြေပြိုတာပါ။ အာရှလမ်းမကြီးပေါ် မြေပြိုကျတာပေါ့။ မြေပြိုတဲ့ ပမာဏကတော့ များ တယ်။ ကားတစ်စီးစာလောက် လမ်းရှင်းပြီးတော့ သွားလာနေတာမျိုးရှိတယ်။ အားလုံးကိုတော့ မရှင်းရသေးဘူးလို့ သိရတယ်။ ရှင်းတော့ ရှင်းနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ တောင်မြေနံရံပြိုကျမှုဖြစ်စဉ်ကြောင့် အာရှလမ်းပေါ်၌ ကားအသွားအလာ ခေတ္တရပ်တန့်မှုများရှိခဲ့သော် လည်း လက်ရှိတွင် သွားလာနေကြပြီဖြစ်ကြောင်း သိရသည်။
“မိုးက ညတုန်းကလည်း ရွာတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း မိုးက အရမ်းကြီးတယ်။ တောင်ပေါ်မှာ အရမ်းသွား တာပေါ့။ တောင်ပေါ်မှာ မိုးအရမ်းများရင် ကော့ကရိတ်ဘက်ခြမ်းမှာ ရေလျှံလေ့ရှိတယ်။ အဲဒါက တောင်ပေါ်လမ်း မှာ အရမ်းရွာလို့ဖြစ်တာပါ” ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိတွင် မြဝတီ-ကော့ကရိတ်အာရှလမ်းမပေါ် တောနော်ရေတံခွန်အနီး၌ တောင်မြေနံရံပြိုကျမှုဖြစ်စဉ်အား ဒေသခံလူမှုကူညီရေးအဖွဲ့များက သွားရောက်ကူညီပေးနေမှုများရှိကြောင်း သိရသည်။

Zawgyi Version;
ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းေပၚ၌ ေတာင္ေျမနံရံၿပိဳက်မႈ ျဖစ္ပြားခဲ့
NP News - ၾသဂုတ္ ၆
ကရင္ျပည္နယ္၊ ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းမေပၚ၌ ေတာင္ေျမနံရံၿပိဳက်မႈျဖစ္ပြားခဲ့ရာ ယာဥ္ေၾကာပိတ္ဆို႔မႈ မ်ား ျဖစ္ေပၚခဲ့ေၾကာင္း သတင္းရရွိသည္။
ေတာင္ေျမနံရံၿပိဳက်မႈျဖစ္စဥ္သည္ ယေန႔(ၾသဂုတ္ ၆ ရက္) နံနက္ ၆ နာရီအခ်ိန္ခန႔္တြင္ ျမဝတီ-ေကာ့ကရိတ္ အာရွ လမ္းမေပၚ ေတာေနာ္ေရတံခြန္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံတစ္ဦးက NP News ကို ေျပာသည္။
“ေတာ္ေနာ္ေရတံခြန္အနီးမွာ ေျမၿပိဳတာပါ။ အာရွလမ္းမႀကီးေပၚ ေျမၿပိဳက်တာေပါ့။ ေျမၿပိဳတဲ့ ပမာဏကေတာ့ မ်ား တယ္။ ကားတစ္စီးစာေလာက္ လမ္းရွင္းၿပီးေတာ့ သြားလာေနတာမ်ိဳးရွိတယ္။ အားလုံးကိုေတာ့ မရွင္းရေသးဘူးလို႔ သိရတယ္။ ရွင္းေတာ့ ရွင္းေနၾကတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။
အဆိုပါ ေတာင္ေျမနံရံၿပိဳက်မႈျဖစ္စဥ္ေၾကာင့္ အာရွလမ္းေပၚ၌ ကားအသြားအလာ ေခတၱရပ္တန႔္မႈမ်ားရွိခဲ့ေသာ္ လည္း လက္ရွိတြင္ သြားလာေနၾကၿပီျဖစ္ေၾကာင္း သိရသည္။
“မိုးက ညတုန္းကလည္း ႐ြာတယ္။ ဒီေန႔ မနက္ပိုင္းမွာလည္း မိုးက အရမ္းႀကီးတယ္။ ေတာင္ေပၚမွာ အရမ္းသြား တာေပါ့။ ေတာင္ေပၚမွာ မိုးအရမ္းမ်ားရင္ ေကာ့ကရိတ္ဘက္ျခမ္းမွာ ေရလွ်ံေလ့ရွိတယ္။ အဲဒါက ေတာင္ေပၚလမ္း မွာ အရမ္း႐ြာလို႔ျဖစ္တာပါ” ဟု ေကာ့ကရိတ္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
လက္ရွိတြင္ ျမဝတီ-ေကာ့ကရိတ္အာရွလမ္းမေပၚ ေတာေနာ္ေရတံခြန္အနီး၌ ေတာင္ေျမနံရံၿပိဳက်မႈျဖစ္စဥ္အား ေဒသခံလူမႈကူညီေရးအဖြဲ႕မ်ားက သြားေရာက္ကူညီေပးေနမႈမ်ားရွိေၾကာင္း သိရသည္။