ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့သားဖြစ်သူ ဗိုလ်ချုပ်ကြီး ဟွန်မာနက်ကို ဝန်ကြီးချုပ်အသစ်အဖြစ် ကမ္ဘောဒီးယားဘုရင် ခန့်အပ်

975

ဂျန်ဇက် (NP News) - ဩဂုတ် ၇
ကမ္ဘောဒီးယားဘုရင်ဖြစ်သူ နိုရိုဒွန် စီဟာမိုနီဟာ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့သားဖြစ်သူ ဟွန်မာနက်ကို ကမ္ဘောဒီးယား နိုင်ငံရဲ့ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
ဘုရင်စီဟာမိုနီဟာ သြဂုတ် ၇ ရက်က ကျင်းပတဲ့ ၇ ကြိမ်မြောက် ကမ္ဘောဒီးယားလွှတ်တော်ဖွင့်ပွဲမှာ ဟွန်မာနက်ကို ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အစိုးရအဖွဲ့မှာ နှစ်ပေါင်း ၄ဝ ကျော်ကြာ ဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးချုပ် တာဝန်များကို ရယူခဲ့ပြီးနောက် သားဖြစ်သူကို ဝန်ကြီးချုပ်အသစ်ခန့်အပ်ဖို့ ဘုရင်ကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ဇူလိုင်လ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ဟွန်ဆန် ဦးဆောင်နေတဲ့ ကမ္ဘောဒီးယားပြည်သူပါတီက မဲအများအပြားနဲ့ အနိုင်ရခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဟွန်ဆန်က ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ပြီး သားဖြစ်သူကို ဝန်ကြီးချုပ် အသစ်အဖြစ် ခန့်အပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
ကမ္ဘောဒီးယားပြည်သူပါတီဟာ လွှတ်တော်နေရာပေါင်း ၁၂၅ နေရာအနက် ၅ နေရာသာ ရှုံးနိမ့်ခဲ့ပြီး၊ အခြားနေရာ များမှာ အနိုင်ရခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့တောင်းဆိုမှုကြောင့် ကမ္ဘောဒီးယားဘုရင်ဟာ သြဂုတ် ၇ ရက်နေ့မှာ ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ကြောင်း အမိန့်ထုတ်ပြန်ပေးခဲ့ကြောင်း သိရပါတယ်။
ဟွန်မာနက် ဦးဆောင်မယ့် ကမ္ဘောဒီးယားအစိုးရအဖွဲ့အတွင်း ဝန်ကြီးတွေဟာ လူငယ်တွေ များလာဖွယ်ရှိနေ ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဟွန်ဆန်က ၎င်းအနေနဲ့ သားဖြစ်သူ ဟွန်မာနက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေချိန်အတွင်း ကြားဝင်စွက်ဖက်တာမျိုးလုပ်ဆောင်မှာ မဟုတ်ကြောင်း ကမ္ဘောဒီးယားပြည်သူများဟာ နိုင်ငံရေးမှာ လွှမ်းမိုးမှုတွေဆက်လက်ရှိနေမှာဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေကတော့ ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲ မှာ အဓိကအတိုက်ခံပါတီကို ပါဝင်ယှဉ်ပြိုင်ခွင့်မပေးဘဲ ကျင်းပခဲ့အတွက် လွတ်လပ်မျှတမှုမရှိကြောင်း ဝေဖန်ထားပါတယ်။

Zawgyi Version;
ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ရဲ႕သားျဖစ္သူ ဗိုလ္ခ်ဳပ္ႀကီး ဟြန္မာနက္ကို ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ကေမာၻဒီးယားဘုရင္ ခန႔္အပ္
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၇
ကေမာၻဒီးယားဘုရင္ျဖစ္သူ ႏို႐ိုဒြန္ စီဟာမိုနီဟာ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ရဲ႕သားျဖစ္သူ ဟြန္မာနက္ကို ကေမာၻဒီးယား ႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္လိုက္ေၾကာင္း သိရပါတယ္။
ဘုရင္စီဟာမိုနီဟာ ၾသဂုတ္ ၇ ရက္က က်င္းပတဲ့ ၇ ႀကိမ္ေျမာက္ ကေမာၻဒီးယားလႊတ္ေတာ္ဖြင့္ပြဲမွာ ဟြန္မာနက္ကို ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ခန႔္အပ္ခဲ့တာျဖစ္ပါတယ္။ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ ကေမာၻဒီးယားႏိုင္ငံရဲ႕ အစိုးရအဖြဲ႕မွာ ႏွစ္ေပါင္း ၄ဝ ေက်ာ္ၾကာ ဝန္ႀကီး၊ ဒုတိယဝန္ႀကီးခ်ဳပ္၊ ဝန္ႀကီးခ်ဳပ္ တာဝန္မ်ားကို ရယူခဲ့ၿပီးေနာက္ သားျဖစ္သူကို ဝန္ႀကီးခ်ဳပ္အသစ္ခန႔္အပ္ဖို႔ ဘုရင္ကို တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။
ဇူလိုင္လ က်င္းပခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ ဟြန္ဆန္ ဦးေဆာင္ေနတဲ့ ကေမာၻဒီးယားျပည္သူပါတီက မဲအမ်ားအျပားနဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ဟြန္ဆန္က ဝန္ႀကီးခ်ဳပ္ရာထူးက ႏႈတ္ထြက္ၿပီး သားျဖစ္သူကို ဝန္ႀကီးခ်ဳပ္ အသစ္အျဖစ္ ခန႔္အပ္သြားမယ္လို႔ ေၾကညာခဲ့ပါတယ္။
ကေမာၻဒီးယားျပည္သူပါတီဟာ လႊတ္ေတာ္ေနရာေပါင္း ၁၂၅ ေနရာအနက္ ၅ ေနရာသာ ရႈံးနိမ့္ခဲ့ၿပီး၊ အျခားေနရာ မ်ားမွာ အႏိုင္ရခဲ့ေၾကာင္း သိရပါတယ္။ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ရဲ႕ေတာင္းဆိုမႈေၾကာင့္ ကေမာၻဒီးယားဘုရင္ဟာ ၾသဂုတ္ ၇ ရက္ေန႔မွာ ၾကယ္ေလးပြင့္အဆင့္ရွိ ဗိုလ္ခ်ဳပ္ႀကီးဟြန္မာနက္ကို ဝန္ႀကီးခ်ဳပ္အျဖစ္ခန႔္အပ္ေၾကာင္း အမိန႔္ထုတ္ျပန္ေပးခဲ့ေၾကာင္း သိရပါတယ္။
ဟြန္မာနက္ ဦးေဆာင္မယ့္ ကေမာၻဒီးယားအစိုးရအဖြဲ႕အတြင္း ဝန္ႀကီးေတြဟာ လူငယ္ေတြ မ်ားလာဖြယ္ရွိေန ေၾကာင္း သတင္းေတြထြက္ေပၚေနပါတယ္။ ဟြန္ဆန္က ၎အေနနဲ႔ သားျဖစ္သူ ဟြန္မာနက္ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူေနခ်ိန္အတြင္း ၾကားဝင္စြက္ဖက္တာမ်ိဳးလုပ္ေဆာင္မွာ မဟုတ္ေၾကာင္း ကေမာၻဒီးယားျပည္သူမ်ားဟာ ႏိုင္ငံေရးမွာ လႊမ္းမိုးမႈေတြဆက္လက္ရွိေနမွာျဖစ္ေၾကာင္း ေျပာပါတယ္။
အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြကေတာ့ ၿပီးခဲ့တဲ့လကက်င္းပခဲ့တဲ့ ကေမာၻဒီးယားေ႐ြးေကာက္ပြဲ မွာ အဓိကအတိုက္ခံပါတီကို ပါဝင္ယွဥ္ၿပိဳင္ခြင့္မေပးဘဲ က်င္းပခဲ့အတြက္ လြတ္လပ္မွ်တမႈမရွိေၾကာင္း ေဝဖန္ထားပါတယ္။