ရန်ကုန်ရှိ မြို့နယ်အချို့၌ ဆန်ကို ကားများဖြင့် လှည့်လည်ရောင်းချရန် နှင့် အွန်လိုင်းမှတဆင့် ရောင်းချရန် စီစဉ်နေကြောင်း MRF ထုတ်ပြန်

 715

သန့်ဇင် (NP News) - ဩဂုတ် ၇

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့၌ ဆန်ကားဖြင့် လှည့်လည်ရောင်းချခြင်း နှင့် ဆန်ဆိုင်များအနေဖြင့် အွန်လိုင်းမှ ရောင်းချမှုများလုပ်ဆောင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ယနေ့(ဩဂုတ်လ ၇ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထား ခြင်းဖြစ်သည်။

ယနေ့ (ဩဂုတ်လ ၇ ရက်)မှ စတင်ပြီး သက်သာသောဈေးနှုန်းများဖြင့် ဆန်မျိုးစုံ ရောင်းချမှုများကို လမ်းမတော်-ဝါးတန်းဆန်စပါး ကုန်စည်ဒိုင် နှင့် ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်တို့တွင် ရောင်းချပေး လျက်ရှိသည်။

အများပြည်သူများ၏ အကြုံပြုချက်များအရ ရန်ကုန်တိုင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ တောင်/ မြောက်ဒဂုံ၊ ဒလ၊ တွံ့တေး၊ မှော်ဘီ၊ မင်္ဂလာဒုံစသောမြို့နယ်များတွင် နေရာရွေး၍ အရောင်းဆိုင်သတ် မှတ်ခြင်း၊ ကားဖြင့် လှည့်လည်ရောင်းချခြင်းများ ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းရှိ လက်လီဆန်အရောင်းဆိုင်များကိုလည်း တစ်ဆိုင်လျှင် ဧည့်မထ ဆန်အိတ်ကြီး(၅၀)နှုန်းဖြင့် (၂)ပတ်လျှင်တစ်ကြိမ် စနစ်တကျ ဏာရင်းပြုစုပြီး ဖြန့်ဝေပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ကာ Kpay ဖြင့် ငွေပေးချေနိုင်ပြီး အရောက်ပို့ ဆောင်ပေးမည့်စနစ်အား ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ညီနောင်အသင်းအဖွဲ့များ၊ ဆန်စပါးကုမ္ပဏီများ၊ ဆန်စက်များ/ ဆန်ကုန်သည်များနှင့် စုပေါင်း၍ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် သက်သာသော ဈေးနှုန်းဖြင့် အရည်အသွေးမှန်သည့် ဆန်များအား ရောင်းချပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ရန္ကုန္ရွိ ၿမိဳ႕နယ္အခ်ိဳ႕၌ ဆန္မ်ားကို ကားမ်ားျဖင့္ လွည့္လည္ေရာင္းခ်ရန္ ႏွင့္ အြန္လိုင္းမွတဆင့္ ေရာင္းခ်ရန္ စီစဥ္ေနေၾကာင္း MRF ထုတ္ျပန္
သန႔္ဇင္ (NP News) - ဩဂုတ္ ၇

ရန္ကုန္တိုင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕၌ ဆန္ကားျဖင့္ လွည့္လည္ေရာင္းခ်ျခင္း ႏွင့္ ဆန္ဆိုင္မ်ားအေနျဖင့္ အြန္လိုင္းမွ ေရာင္းခ်မႈမ်ားလုပ္ေဆာင္ရန္ စီစဥ္ထားေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF)မွ ယေန႔(ဩဂုတ္လ ၇ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထား ျခင္းျဖစ္သည္။

ယေန႔ (ဩဂုတ္လ ၇ ရက္)မွ စတင္ၿပီး သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ဆန္မ်ိဳးစုံ ေရာင္းခ်မႈမ်ားကို လမ္းမေတာ္-ဝါးတန္းဆန္စပါး ကုန္စည္ဒိုင္ ႏွင့္ ဘုရင့္ေနာင္ဆန္စပါးကုန္စည္ဒိုင္တို႔တြင္ ေရာင္းခ်ေပး လ်က္ရွိသည္။

အမ်ားျပည္သူမ်ား၏ အႀကဳံျပဳခ်က္မ်ားအရ ရန္ကုန္တိုင္းရွိ လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ အင္းစိန္၊ ေတာင္/ ေျမာက္ဒဂုံ၊ ဒလ၊ တြံ႕ေတး၊ ေမွာ္ဘီ၊ မဂၤလာဒုံစေသာၿမိဳ႕နယ္မ်ားတြင္ ေနရာေ႐ြး၍ အေရာင္းဆိုင္သတ္ မွတ္ျခင္း၊ ကားျဖင့္ လွည့္လည္ေရာင္းခ်ျခင္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ စီစဥ္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ ရန္ကုန္တိုင္းရွိ လက္လီဆန္အေရာင္းဆိုင္မ်ားကိုလည္း တစ္ဆိုင္လွ်င္ ဧည့္မထ ဆန္အိတ်ကီး(၅၀)ႏႈန္းျဖင့္ (၂)ပတ္လွ်င္တစ္ႀကိမ္ စနစ္တက် ဏာရင္းျပဳစုၿပီး ျဖန႔္ေဝေပးသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

ထို႔ျပင္ အြန္လိုင္းစနစ္ျဖင့္ မွတ္ပုံတင္ကာ Kpay ျဖင့္ ေငြေပးေခ်ႏိုင္ၿပီး အေရာက္ပို႔ ေဆာင္ေပးမည့္စနစ္အား ဆက္လက္စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဆန္စပါးအသင္းခ်ဳပ္မွ ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ညီေနာင္အသင္းအဖြဲ႕မ်ား၊ ဆန္စပါးကုမၸဏီမ်ား၊ ဆန္စက္မ်ား/ ဆန္ကုန္သည္မ်ားႏွင့္ စုေပါင္း၍ ဩဂုတ္လႏွင့္ စက္တင္ဘာလမ်ားတြင္ ဆန္ေဈးႏႈန္းတည္ၿငိမ္ေရးႏွင့္ သက္သာေသာ ေဈးႏႈန္းျဖင့္ အရည္အေသြးမွန္သည့္ ဆန္မ်ားအား ေရာင္းခ်ေပးႏိုင္ရန္ စီစဥ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.