Mattel ကုမ္ပဏီက ဆီးချိုရောဂါရှိ Barbie အရုပ် ထုတ်လုပ်မိတ်ဆက်

 178

ရောင်နီ (NP News) - ဇူလိုင် ၁၁
ကမ္ဘာကျော်အရုပ်ကုမ္ပဏီ Mattel က ကလေးတွေကြား စာနာထောက်ထားမှုတိုးပွားလာစေဖို့အတွက် ပထမဆုံး သော အမျိုးအစား ၁ ဆီးချိုရောဂါရှိ Barbie အရုပ်ကို ဇူလိုင်လ ၈ ရက်မှာ မိတ်ဆက်ခဲ့ပါတယ်။
အဆိုပါ Barbie အသစ်ကို ကမ္ဘာလုံးဆိုင်ရာ Type 1 ဆီးချိုရောဂါအတွက် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း Breakthrough T1D နဲ့ ပူးပေါင်း ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး "အမျိုးအစား 1 ဆီးချိုရောဂါရှိ Barbie အရုပ်ကို မိတ်ဆက်ခြင်းဟာ ကျွန်မတို့ရဲ့စာနာထောက်ထားမှုကိုပြသတဲ့ အရေးကြီး ခြေလှမ်းတစ်ရပ်ဖြစ်တယ်" လို့ Barbie အကြီးတန်းဒုတိယဥက္ကဋ္ဌနဲ့ ကမ္ဘာလုံးဆိုင်ရာအရုပ်များဆိုင်ရာခေါင်းဆောင် မစ္စခရစ်စတာဘာဂါ က ပြောကြားပါတယ်။
"Barbie ဟာ ကလေးတွေကို ကမ္ဘာနဲ့ပတ်သက်တဲ့ အစောပိုင်း ခံယူချက်တွေကို ပုံဖော်ရာမှာ ကူညီပေးတဲ့အရုပ်တွေ ဖြစ်တာကြောင့် T1D လို ဆေးဘက်ဆိုင်ရာအခြေအနေကိုလည်း သူတို့စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းတွေနဲ့ အတူ သူတို့နှစ်သက်တဲ့ အရုပ်တွေမှာ ပိုမိုမြင်တွေ့နိုင်မှာ ဖြစ်ပါတယ်" လို့ သူမက ဆိုပါတယ်။
အမျိုးအစား ၁ ဆီးချိုရောဂါဟာ ခန္ဓာကိုယ်မှ အင်ဆူလင်ထုတ်လုပ်တဲ့ ပန်ကရိယရှိဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီး တဲ့ autoimmune အခြေအနေတစ်ခုဖြစ်ပါတယ်။ ကလေးဘဝမှာ တင် မကြာခဏ ရောဂါရှာဖွေတွေ့ရှိတတ်ပြီး လူနာတွေဟာ ဂလူးကို့စ်အဆင့်ကို စောင့်ကြည့်ကာ အင်ဆူလင်ကို နေ့တိုင်းဖြည့်သွင်းဖို့ လိုအပ်ပါတယ်။ အခု ဆီးချို ဝေဒနာသည် Barbie အရုပ်အသစ်ဟာ သူမရဲ့သွေးတွင်းသကြားဓာတ်ပမာဏကို ခြေရာခံဖို့ အက်ပ်တစ်ခုပါဝင်တဲ့ ဖုန်းနဲ့ အတူ ပန်းရောင်နှလုံးပုံစံ ဆေးဘက်ဆိုင်ရာတိပ်ကို ဝတ်ဆင်ထားပါတယ်။ ဒါပြင် အင်ဆူလင်ဆေးကိုလည်း လိုအပ်သလို အသုံးပြုနိုင်အောင် ခါးမှာ ချိတ်ဆွဲထားသေးတာ တွေ့ရပါတယ်။

Zawgyi Version:
Mattel ကုမၸဏီက ဆီးခ်ိဳေရာဂါရွိ Barbie အ႐ုပ္ ထုတ္လုပ္မိတ္ဆက္
ေရာင္နီ (NP News) - ဇူလိုင္ ၁၁
ကမာၻေက်ာ္အ႐ုပ္ကုမၸဏီ Mattel က ကေလးေတြၾကား စာနာေထာက္ထားမႈတိုးပြားလာေစဖို႔အတြက္ ပထမဆုံး ေသာ အမ်ိဳးအစား ၁ ဆီးခ်ိဳေရာဂါရွိ Barbie အ႐ုပ္ကို ဇူလိုင္လ ၈ ရက္မွာ မိတ္ဆက္ခဲ့ပါတယ္။
အဆိုပါ Barbie အသစ္ကို ကမာၻလုံးဆိုင္ရာ Type 1 ဆီးခ်ိဳေရာဂါအတြက္ အက်ိဳးအျမတ္မယူတဲ့ အဖြဲ႕အစည္း Breakthrough T1D နဲ႔ ပူးေပါင္း ဒီဇိုင္းထုတ္ထားတာျဖစ္ၿပီး "အမ်ိဳးအစား 1 ဆီးခ်ိဳေရာဂါရွိ Barbie အ႐ုပ္ကို မိတ္ဆက္ျခင္းဟာ ကြၽန္မတို႔ရဲ႕စာနာေထာက္ထားမႈကိုျပသတဲ့ အေရးႀကီး ေျခလွမ္းတစ္ရပ္ျဖစ္တယ္" လို႔ Barbie အႀကီးတန္းဒုတိယဥကၠ႒နဲ႔ ကမာၻလုံးဆိုင္ရာအ႐ုပ္မ်ားဆိုင္ရာေခါင္းေဆာင္ မစၥခရစ္စတာဘာဂါ က ေျပာၾကားပါတယ္။
"Barbie ဟာ ကေလးေတြကို ကမာၻနဲ႔ပတ္သက္တဲ့ အေစာပိုင္း ခံယူခ်က္ေတြကို ပုံေဖာ္ရာမွာ ကူညီေပးတဲ့အ႐ုပ္ေတြ ျဖစ္တာေၾကာင့္ T1D လို ေဆးဘက္ဆိုင္ရာအေျခအေနကိုလည္း သူတို႔စိတ္ကူးပုံေဖာ္ထားတဲ့ ဇာတ္လမ္းေတြနဲ႔ အတူ သူတို႔ႏွစ္သက္တဲ့ အ႐ုပ္ေတြမွာ ပိုမိုျမင္ေတြ႕ႏိုင္မွာ ျဖစ္ပါတယ္" လို႔ သူမက ဆိုပါတယ္။
အမ်ိဳးအစား ၁ ဆီးခ်ိဳေရာဂါဟာ ခႏၶာကိုယ္မွ အင္ဆူလင္ထုတ္လုပ္တဲ့ ပန္ကရိယရွိဆဲလ္ေတြကို တိုက္ခိုက္ဖ်က္ဆီး တဲ့ autoimmune အေျခအေနတစ္ခုျဖစ္ပါတယ္။ ကေလးဘဝမွာ တင္ မၾကာခဏ ေရာဂါရွာေဖြေတြ႕ရွိတတ္ၿပီး လူနာေတြဟာ ဂလူးကို႔စ္အဆင့္ကို ေစာင့္ၾကည့္ကာ အင္ဆူလင္ကို ေန႔တိုင္းျဖည့္သြင္းဖို႔ လိုအပ္ပါတယ္။ အခု ဆီးခ်ိဳ ေဝဒနာသည္ Barbie အ႐ုပ္အသစ္ဟာ သူမရဲ႕ေသြးတြင္းသၾကားဓာတ္ပမာဏကို ေျခရာခံဖို႔ အက္ပ္တစ္ခုပါဝင္တဲ့ ဖုန္းနဲ႔ အတူ ပန္းေရာင္ႏွလုံးပုံစံ ေဆးဘက္ဆိုင္ရာတိပ္ကို ဝတ္ဆင္ထားပါတယ္။ ဒါျပင္ အင္ဆူလင္ေဆးကိုလည္း လိုအပ္သလို အသုံးျပဳႏိုင္ေအာင္ ခါးမွာ ခ်ိတ္ဆြဲထားေသးတာ ေတြ႕ရပါတယ္။

Related news

© 2021. All rights reserved.