ပဲခူးမြစ်ရေသည် (၂)ပေခန့် မြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းဘေး နှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအထူးသတိပြုနေထိုင်ရန် မိုဇလသတိပေး

 900

ရဲပြည့် (NP News) - ဩဂုတ် ၉

ပဲခူးမြစ်ရေသည် (၂)ပေခန့် မြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။

အဆိုပါ ပဲခူးမြစ်ရေသည် ယနေ့ (ဩဂုတ်လ ၉ ရက်)၊ နံနက် ၆ နာရီအချိန် တိုင်းတာချက်များအရ ပဲခူးမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နောက်ထပ်(၁)ရက်အတွင်း (၂)ပေခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက် လက်တည်ရှိနေမည်ဖြစ်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

ထို့အတွက်ကြောင့် ပဲခူးမြို့နယ်အတွင်းရှိ မြေကမ်းအနီးနှင့်မြေနိမ့်ပိုင်းတွင် နေထိုင်နေကြသူများအနေဖြင့် အထူးသတိပြုကြရန် မိုးဇလမှ သတိပေးထားခြင်းဖြစ်သည်။

ထို့ပြင် နန်းယင်းမြစ်ရေသည် ဩဂုတ်လ ၉ ရက်၊ နံနက် ၉နာရီခွဲအချိန်တိုင်းတာချက်အရ မိုးကောင်းမြို့ ၏ စိုးရိမ်ရေမှတ်ထက် (၁)ပေခန့် ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း (၂) ပေခန့် မြင့်တက်လာနိုင်ကြောင်း မိုးဇလမှ သတိပေးထားသည်။

အလားတူ နန့်ကောင်းမြစ်ရေသည် မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနေပြီး နောက်(၁)ရက်အတွင်း (၂)ပေခန့် မြင့်တက်လာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပြီး ရန်ကုန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ရန်ကုန်-ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းကြီးနိုင်ပြီး အမြင့်ပေ(၉)ပေမှ (၁၂) ပေ အထိရှိနိုင်ကြောင်း မိုဇလမှ ခန့်မှန်းထားသည်။

zawgyi version
ပဲခူးျမစ္ေရသည္ (၂)ေပခန႔္ ျမင့္တက္လာႏိုင္သျဖင့္ ျမစ္ကမ္းေဘး ႏွင့္ ေျမနိမ့္ပိုင္းတြင္ ေနထိုင္သူမ်ားအထူးသတိျပဳေနထိုင္ရန္ မိုဇလသတိေပး
ရဲျပည့္ (NP News) - ဩဂုတ္ ၉

ပဲခူးျမစ္ေရသည္ (၂)ေပခန႔္ ျမင့္တက္လာႏိုင္သျဖင့္ ျမစ္ကမ္းေဘးႏွင့္ ေျမနိမ့္ပိုင္းတြင္ ေနထိုင္သူမ်ားအေနျဖင့္ အထူးသတိျပဳေနထိုင္ၾကရန္ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ သတိေပးထုတ္ျပန္ထားသည္။

အဆိုပါ ပဲခူးျမစ္ေရသည္ ယေန႔ (ဩဂုတ္လ ၉ ရက္)၊ နံနက္ ၆ နာရီအခ်ိန္ တိုင္းတာခ်က္မ်ားအရ ပဲခူးၿမိဳ႕၏ စိုးရိမ္ေရမွတ္သို႔ေရာက္ရွိေနျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ေနာက္ထပ္(၁)ရက္အတြင္း (၂)ေပခန႔္ ျမင့္တက္လာႏိုင္ၿပီး ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္တြင္ ဆက္ လက္တည္ရွိေနမည္ျဖစ္ေၾကာင္း မိုးဇလမွ ထုတ္ျပန္ထားသည္။

ထို႔အတြက္ေၾကာင့္ ပဲခူးၿမိဳ႕နယ္အတြင္းရွိ ေျမကမ္းအနီးႏွင့္ေျမနိမ့္ပိုင္းတြင္ ေနထိုင္ေနၾကသူမ်ားအေနျဖင့္ အထူးသတိျပဳၾကရန္ မိုးဇလမွ သတိေပးထားျခင္းျဖစ္သည္။

ထို႔ျပင္ နန္းယင္းျမစ္ေရသည္ ဩဂုတ္လ ၉ ရက္၊ နံနက္ ၉နာရီခြဲအခ်ိန္တိုင္းတာခ်က္အရ မိုးေကာင္းၿမိဳ႕ ၏ စိုးရိမ္ေရမွတ္ထက္ (၁)ေပခန႔္ ေက်ာ္လြန္ေနၿပီး ေနာက္(၁)ရက္အတြင္း (၂) ေပခန႔္ ျမင့္တက္လာႏိုင္ေၾကာင္း မိုးဇလမွ သတိေပးထားသည္။

အလားတူ နန႔္ေကာင္းျမစ္ေရသည္ မိုးေကာင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္သို႔ေရာက္ရွိေနၿပီး ေနာက္(၁)ရက္အတြင္း (၂)ေပခန႔္ ျမင့္တက္လာႏိုင္ေၾကာင္းလည္း ခန႔္မွန္းထားသည္။

ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တြင္ မုတ္သုံေလအားေကာင္းရာမွ အားအလြန္ေကာင္းေနၿပီး ရန္ကုန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ ႏွင့္ ရန္ကုန္-ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္တြင္ လႈိင္းႀကီးႏိုင္ၿပီး အျမင့္ေပ(၉)ေပမွ (၁၂) ေပ အထိရွိႏိုင္ေၾကာင္း မိုဇလမွ ခန႔္မွန္းထားသည္။

Related news

© 2021. All rights reserved.