ထိုင်းရောက် မြန်မာများ တရားဝင်ငွေလွှဲနိုင်မည့် “Dee Money” ငွေလွှဲဝန်ဆောင်မှုစတင်

2169
ယွန်း (NP News) - သြဂုတ် ၁၀
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ တရားဝင်ငွေလွှဲနိုင်မည့် “ဒီးမန်းနီး”(Dee Money) ငွေလွှဲဝန် ဆောင်မှုကို တည်ထောင်လိုက်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သြဂုတ်လ(၉)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ငွေလွှဲ ပြောင်းရာတွင် လိမ်ညာခံရခြင်း၊ ငွေလွှဲခဈေးနှုန်းကြီးမြင့်ခြင်း၊ အာမခံချက်မရှိခြင်းတို့ကို နေ့စဉ်ကြုံတွေ့နေရကြောင်း သံရုံးမှ အသိပေးထားသည်။
ထို့ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် တရားဝင်ငွေလွှဲနိုင်မည့် “ဒီးမန်းနီး” (Dee Money) ဟူသော တရားဝင်ငွေလွှဲဝန်ဆောင်မှုကို မြန်မာ-ထိုင်း ဘဏ်မဟုတ်သော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းနှစ်ခု ပူးပေါင်းတည်ထောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Dee Money Apps သွင်းထားသူတစ်ဦးသည် တစ်နေ့လျှင် မြန်မာငွေ ၁၀,၀၀၀,၀၀၀ (သိန်း ၁၀၀) နှင့် ညီမျှသော ထိုင်းဘတ်ငွေကို လွှဲပြောင်းနိုင်ပြီး လွှဲခမှာ တစ်ကြိမ်လျှင် (၄၉) ဘတ်သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေတို့၏ နေ့စဉ်ငွေလဲလှယ်နှုန်းထားတို့ကိုလည်း ဖုန်း၌ သွင်းထားသော Dee Money Apps ၌ နေ့စဉ်ပြောင်းလဲဖော်ပြနေခြင်းကြောင့် ပြင်ပငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများထက် ပိုမိုရရှိကြောင်း သိရသည်။
ထို့ပြင် စက်ရုံ၊ အလုပ်ရုံများတွင်လည်း သွားရောက်လုပ်ကိုင်ပေးမည်ဟုသိရပြီး မြန်မာသံရုံး၌ ရုံးဖွင့်ရက်များတွင် ဆက်လက်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

zawgyi version
ထိုင္းေရာက္ ျမန္မာမ်ား တရားဝင္ေငြလႊဲႏိုင္မည့္ “Dee Money” ေငြလႊဲဝန္ေဆာင္မႈစတင္
ယြန္း (NP News) - ၾသဂုတ္ ၁၀
ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ား တရားဝင္ေငြလႊဲႏိုင္မည့္ “ဒီးမန္းနီး”(Dee Money) ေငြလႊဲဝန္ ေဆာင္မႈကို တည္ေထာင္လိုက္ေၾကာင္း ထိုင္းႏိုင္ငံရွိ ျမန္မာသံ႐ုံးမွ အသိေပးထုတ္ျပန္ထားသည္။
ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ၾသဂုတ္လ(၉)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ အေၾကာင္းကိစၥအမ်ိဳးမ်ိဳးေၾကာင့္ ျမန္မာႏိုင္ငံသို႔ ေငြလႊဲ ေျပာင္းရာတြင္ လိမ္ညာခံရျခင္း၊ ေငြလႊဲခေဈးႏႈန္းႀကီးျမင့္ျခင္း၊ အာမခံခ်က္မရွိျခင္းတို႔ကို ေန႔စဥ္ႀကဳံေတြ႕ေနရေၾကာင္း သံ႐ုံးမွ အသိေပးထားသည္။
ထို႔ေၾကာင့္ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားအတြက္ တရားဝင္ေငြလႊဲႏိုင္မည့္ “ဒီးမန္းနီး” (Dee Money) ဟူေသာ တရားဝင္ေငြလႊဲဝန္ေဆာင္မႈကို ျမန္မာ-ထိုင္း ဘဏ္မဟုတ္ေသာ ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းႏွစ္ခု ပူးေပါင္းတည္ေထာင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
Dee Money Apps သြင္းထားသူတစ္ဦးသည္ တစ္ေန႔လွ်င္ ျမန္မာေငြ ၁၀,၀၀၀,၀၀၀ (သိန္း ၁၀၀) ႏွင့္ ညီမွ်ေသာ ထိုင္းဘတ္ေငြကို လႊဲေျပာင္းႏိုင္ၿပီး လႊဲခမွာ တစ္ႀကိမ္လွ်င္ (၄၉) ဘတ္သာ က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။
ထိုင္းဘတ္ေငြႏွင့္ ျမန္မာက်ပ္ေငြတို႔၏ ေန႔စဥ္ေငြလဲလွယ္ႏႈန္းထားတို႔ကိုလည္း ဖုန္း၌ သြင္းထားေသာ Dee Money Apps ၌ ေန႔စဥ္ေျပာင္းလဲေဖာ္ျပေနျခင္းေၾကာင့္ ျပင္ပေငြလႊဲဝန္ေဆာင္မႈလုပ္ငန္းမ်ားထက္ ပိုမိုရရွိေၾကာင္း သိရသည္။
ထို႔ျပင္ စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္လည္း သြားေရာက္လုပ္ကိုင္ေပးမည္ဟုသိရၿပီး ျမန္မာသံ႐ုံး၌ ႐ုံးဖြင့္ရက္မ်ားတြင္ ဆက္လက္လုပ္ေဆာင္ေပးမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံရွိ ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည္။