နမ့်ခမ်းမြို့၌ နေအိမ်နှစ်လုံးပေါ်သို့ မြေပြိုကျခဲ့ရာ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံး

 790

စော (NP News) - ဩဂုတ် ၁၀

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် နေအိမ်နှစ်လုံးပေါ်သို့ မြေပြိုကျခဲ့ရာ အသက် (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း နစကထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၉ရက်)၊ မွန်းလွဲ (၁၁)နာရီအချိန်တွင် နမ့်ခမ်းမြို့၊ မန်ကန်ကျေးရွာ၌ အထက်ပါကဲ့သိုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်း ပြီးခဲ့သည့် (ဩဂုတ်လ ၇ ရက်)မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် အဆို ပါ ကျေးရွာအတွင်းရှိ နေအိမ်နှစ်လုံးပေါ်သို့ မြေပြိုကျခဲ့ကြောင်း သိရသည်။

“အဲဒီနေရာက မငြိမ်းချမ်းတော့ သွားချင်တိုင်းသွားလို့မရခဲ့ဘူး။ အဲဒီမှာရှိတဲ့လူတွေပဲ သူတို့အစီအစဉ်နဲ့သူတို့ လုပ်လိုက်ကြတာပါ။ ကျွန်တော်တို့ကိုတော့ မခေါ်ဘူး”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ မြေပြိုကျမှုကြောင့် နေအိမ်အတွင်းရှိ အသက် (၂)နှစ်ဝန်းကျင်အရွယ်ရှိ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အဘွားဖြစ်သူမှာ ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
နမ့္ခမ္းၿမိဳ႕၌ ေနအိမ္ႏွစ္လုံးေပၚသို႔ ေျမၿပိဳက်ခဲ့ရာ (၂)ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦး ေသဆုံး

ေစာ (NP News) - ဩဂုတ္ ၁၀

ရွမ္းျပည္နယ္၊ နမ့္ခမ္းၿမိဳ႕တြင္ ေနအိမ္ႏွစ္လုံးေပၚသို႔ ေျမၿပိဳက်ခဲ့ရာ အသက္ (၂)ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦး ေသဆုံးခဲ့ေၾကာင္း နစကထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဩဂုတ္လ ၉ရက္)၊ မြန္းလြဲ (၁၁)နာရီအခ်ိန္တြင္ နမ့္ခမ္းၿမိဳ႕၊ မန္ကန္ေက်း႐ြာ၌ အထက္ပါကဲ့သိုျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

နမ့္ခမ္းၿမိဳ႕နယ္အတြင္း ၿပီးခဲ့သည့္ (ဩဂုတ္လ ၇ ရက္)မွစတင္ၿပီး မိုးသည္းထန္စြာ႐ြာသြန္းခဲ့သျဖင့္ အဆို ပါ ေက်း႐ြာအတြင္းရွိ ေနအိမ္ႏွစ္လုံးေပၚသို႔ ေျမၿပိဳက်ခဲ့ေၾကာင္း သိရသည္။

“အဲဒီေနရာက မၿငိမ္းခ်မ္းေတာ့ သြားခ်င္တိုင္းသြားလို႔မရခဲ့ဘူး။ အဲဒီမွာရွိတဲ့လူေတြပဲ သူတို႔အစီအစဥ္နဲ႔သူတို႔ လုပ္လိုက္ၾကတာပါ။ ကြၽန္ေတာ္တို႔ကိုေတာ့ မေခၚဘူး”ဟု ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ေျမၿပိဳက်မႈေၾကာင့္ ေနအိမ္အတြင္းရွိ အသက္ (၂)ႏွစ္ဝန္းက်င္အ႐ြယ္ရွိ ကေလးငယ္တစ္ဦး ေသဆုံးခဲ့ၿပီး အဘြားျဖစ္သူမွာ ေျခေထာက္တြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.