အမေရိကန်က စားသောက်ဆိုင်တစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၃)ဦးသေဆုံး

 245

Pika (NP News) - သြဂုတ် ၁၉
အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘရွတ်ကလင်းရပ်ကွက်က စားသောက်ဆိုင်တစ်ခုမှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွား ခဲ့ရာ အနည်းဆုံးလူ(၃)ဦးသေဆုံးပြီး အခြားလူပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြေကြားခဲ့ပါတယ်။ 903 Franklin ရိပ်သာလမ်းမှာရှိတဲ့ Taste of the City Lounge ဆိုင်အတွင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့မှုနဲ့အတူ လူ(၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့လူ(၃)ဦးဟာ အသက်(၂၇)နှစ်၊ အသက်(၃၅)နှစ်နဲ့အသက်အရွယ်မသိရတဲ့ အမျိုးသား တို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့လူအားလုံးကို ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့ပေမယ့်လည်း ၎င်းတို့ရဲ့ အခြေအနေတွေကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါ တယ်။ ဒါ့ပြင် ပစ်ခတ်မှုအတွက် သံသယရှိသူတွေကို လက်ရှိအချိန်အထိ ဖော်ထုတ်နိုင်တာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်တစ်ခုမှာ ကြမ်းပြင်ပေါ်မှာသွေးအိုင်တွေ၊ မှန်ကွဲစတွေနဲ့ အတူ စုံစမ်းစစ်ဆေးရေးအရာရှိတွေက စစ်ဆေးမှုတွေလုပ်ဆောင်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ဒါ့ပြင် အခင်းဖြစ်ပွားရာနေရာမှာ ကျည်ဆန်ခွံအနည်းဆုံး(၃၆)ခုကို တွေ့ရှိခဲ့ရတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္က စားေသာက္ဆိုင္တစ္ခုမွာ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၃)ဦးေသဆုံး
Pika (NP News) - ၾသဂုတ္ ၁၉
အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ ဘ႐ြတ္ကလင္းရပ္ကြက္က စားေသာက္ဆိုင္တစ္ခုမွာ ပစ္ခတ္မႈတစ္ခုျဖစ္ပြား ခဲ့ရာ အနည္းဆုံးလူ(၃)ဦးေသဆုံးၿပီး အျခားလူေပါင္းမ်ားစြာ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပၾကားခဲ့ပါတယ္။ 903 Franklin ရိပ္သာလမ္းမွာရွိတဲ့ Taste of the City Lounge ဆိုင္အတြင္းမွာ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့မႈနဲ႔အတူ လူ(၈)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
ပစ္ခတ္မႈအတြင္း ေသဆုံးခဲ့တဲ့လူ(၃)ဦးဟာ အသက္(၂၇)ႏွစ္၊ အသက္(၃၅)ႏွစ္နဲ႔အသက္အ႐ြယ္မသိရတဲ့ အမ်ိဳးသား တို႔ျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ပစ္ခတ္မႈအတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့လူအားလုံးကို ေဆး႐ုံကို ခ်က္ခ်င္းပို႔ေဆာင္ခဲ့ေပမယ့္လည္း ၎တို႔ရဲ႕ အေျခအေနေတြကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါ တယ္။ ဒါ့ျပင္ ပစ္ခတ္မႈအတြက္ သံသယရွိသူေတြကို လက္ရွိအခ်ိန္အထိ ေဖာ္ထုတ္ႏိုင္တာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။ ဆိုရွယ္မီဒီယာေပၚမွာပ်ံ႕ႏွံ႔ေနတဲ့ဗီဒီယိုဖိုင္တစ္ခုမွာ ၾကမ္းျပင္ေပၚမွာေသြးအိုင္ေတြ၊ မွန္ကြဲစေတြနဲ႔ အတူ စုံစမ္းစစ္ေဆးေရးအရာရွိေတြက စစ္ေဆးမႈေတြလုပ္ေဆာင္ေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။
ဒါ့ျပင္ အခင္းျဖစ္ပြားရာေနရာမွာ က်ည္ဆန္ခြံအနည္းဆုံး(၃၆)ခုကို ေတြ႕ရွိခဲ့ရတယ္လို႔လည္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.