သြစတြေးလျမှာ မှိုအဆိပ်သင့်မှုကြောင့် လူသုံးဦး သေဆုံး

 696

ရောင်နီ (NP News) - သြဂုတ် ၁၂

ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ အရှေ့တောင်ဘက် ၁၃၅ ကီလိုမီတာ (၈၄ မိုင်) အကွာရှိ ကျေးလက်မြို့ငယ်လေး လီယွန်ဂါ့သာမှာ ပြီးခဲ့တဲ့သီတင်း ၂ ပတ်( ဇူလိုင် ၂၉ ရက်) က နေ့လည်စာ မှိုဟင်းစားပြီးနောက် မှိုဆိပ်တက်ကာ သက်ကြီးရွယ်အို ၃ ဦး သေဆုံးခဲ့မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့က အဆိုပါ လူသုံးဦးထိ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဟာ ၎င်းတို့ နေ့လည်စာနဲ့ပတ်သတ်နိုင်တယ်လို့ သံသယရှိပြီး ၎င်းတို့ကို နောက်ဆုံး အစားအစာပြင်ဆင်ပေးခဲ့တဲ့ ၎င်းတို့ရဲ့ချွေးမဖြစ်သူ အမျိုးသမီးကို စစ်ဆေးခဲ့ပါတယ်။

အဆိုပါအမျိုးသမီးက ၎င်းဟာ အသက် ၇ဝ အရွယ် ယာက္ခမဖြစ်သူ ဂိုင်လ်ပက်တာဆွန်ကို မှိုဟင်းပွဲ ပါဝင်တဲ့ အစားအသောက်ပြင်ပေးခဲ့ကြောင်း၊ ဇူလိုင် ၂၉ ရက်က နေ့လယ်စာစားပြီးနောက် ၎င်းဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါနေ့လယ်စာစားပြီးနောက် ဂိုင်လ်ပက်တာဆွန်အပြင် သူမရဲ့ညီမဖြစ်သူ ဟဲသာဝစ်ကင်ဆမ် အသက် ၆၆ နှစ်နဲ့ ခင်ပွန်းဖြစ်သူ နှစ်ခြင်းသင်းအုပ်ဆရာ အိုင်ယန်ဝီကင်ဆွန် အသက် ၆၈ နှစ်ဟာလည်း သေဆုံးသွားခဲ့ပါတယ်။ ဟင်းချက်ခဲ့တဲ့ အမျိုးသမီးက အဆိုပါ ဟင်းပွဲ ချက်ပြုတ်နေစဉ်မှာ သူမရဲ့ကလေးတွေလည်း ရှိနေပေမယ့် အဆိုပါ ဟင်းကို အဆိပ်ရှိမှန်း မသိသလို၊ စားလည်း မစားခဲ့ကြဘူးလို့ ဆိုပါတယ်။

စုံထောက်တွေက စနေနေ့( သြဂုတ်လ ၅ ရက်) မှာ အဆိုပါအမျိုးသမီး နေအိမ်ကို ရှာဖွေမှုတွေပြုလုပ်ခဲ့သလို အနီးနားရှိ အမှိုက်ပုံမှာ တွေ့ရှိခဲ့တဲ့ အစာရေစာတွေကိုလည်း မှုခင်းဆေးစစ်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဗစ်တိုးရီးယားရဲတပ်ဖွဲ့ စုံထောက်စစ်ဆေးရေးမှူး ဒင်းသောမတ်စ်က သေဆုံးသူတွေ စားခဲ့တဲ့ မှိုအမျိုးအစားကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ၎င်းတို့ရဲ့ရောဂါလက္ခဏာတွေဟာ အဆိပ်သင့်မှုဖြစ်တဲ့လက္ခဏာနဲ့ တူညီနေတယ်လို့ ပြောကြားခဲ့ပါတယ်။

အမှုက ရှုပ်ထွေးတာကြောင့် စုံစမ်းစစ်ဆေးမှု ရှည်ကြာဖွယ်ရှိတယ်လို့ သောမတ်စ်က ပြောကြားပါတယ်။ သြစတြေးလျမှာ မှိုစားသုံးခြင်းကြောင့် သေဆုံးမှုဖြစ်ရပ်ဟာ အတော်ရှားပါးခဲ့ပြီဖြစ်ပါတယ်။ အဆိုပါသေဆုံးမှုကြောင့် တောရိုင်းမှို မစားကြဖို့ နိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေးပညာရှင်တွေက သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ၾသစေၾတးလ်မွာ မႈိအဆိပ္သင့္မႈေၾကာင့္ လူသုံးဦး ေသဆုံး
ေရာင္နီ (NP News) - ၾသဂုတ္ ၁၂

ဩစေၾတးလ်ႏိုင္ငံ၊ မဲလ္ဘုန္းၿမိဳ႕ အေရွ႕ေတာင္ဘက္ ၁၃၅ ကီလိုမီတာ (၈၄ မိုင္) အကြာရွိ ေက်းလက္ၿမိဳ႕ငယ္ေလး လီယြန္ဂါ့သာမွာ ၿပီးခဲ့တဲ့သီတင္း ၂ ပတ္( ဇူလိုင္ ၂၉ ရက္) က ေန႔လည္စာ မႈိဟင္းစားၿပီးေနာက္ မႈိဆိပ္တက္ကာ သက္ႀကီး႐ြယ္အို ၃ ဦး ေသဆုံးခဲ့မႈျဖစ္ပြားခဲ့ပါတယ္။

အဲဒီေနာက္ ရဲတပ္ဖြဲ႕က အဆိုပါ လူသုံးဦးထိ ေသဆုံးခဲ့ရတဲ့ျဖစ္ရပ္ဟာ ၎တို႔ ေန႔လည္စာနဲ႔ပတ္သတ္ႏိုင္တယ္လို႔ သံသယရွိၿပီး ၎တို႔ကို ေနာက္ဆုံး အစားအစာျပင္ဆင္ေပးခဲ့တဲ့ ၎တို႔ရဲ႕ေခြၽးမျဖစ္သူ အမ်ိဳးသမီးကို စစ္ေဆးခဲ့ပါတယ္။

အဆိုပါအမ်ိဳးသမီးက ၎ဟာ အသက္ ၇ဝ အ႐ြယ္ ယာကၡမျဖစ္သူ ဂိုင္လ္ပက္တာဆြန္ကို မႈိဟင္းပြဲ ပါဝင္တဲ့ အစားအေသာက္ျပင္ေပးခဲ့ေၾကာင္း၊ ဇူလိုင္ ၂၉ ရက္က ေန႔လယ္စာစားၿပီးေနာက္ ၎ဟာ ေဆး႐ုံမွာ ေသဆုံးသြားခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အဆိုပါေန႔လယ္စာစားၿပီးေနာက္ ဂိုင္လ္ပက္တာဆြန္အျပင္ သူမရဲ႕ညီမျဖစ္သူ ဟဲသာဝစ္ကင္ဆမ္ အသက္ ၆၆ ႏွစ္နဲ႔ ခင္ပြန္းျဖစ္သူ ႏွစ္ျခင္းသင္းအုပ္ဆရာ အိုင္ယန္ဝီကင္ဆြန္ အသက္ ၆၈ ႏွစ္ဟာလည္း ေသဆုံးသြားခဲ့ပါတယ္။ ဟင္းခ်က္ခဲ့တဲ့ အမ်ိဳးသမီးက အဆိုပါ ဟင္းပြဲ ခ်က္ျပဳတ္ေနစဥ္မွာ သူမရဲ႕ကေလးေတြလည္း ရွိေနေပမယ့္ အဆိုပါ ဟင္းကို အဆိပ္ရွိမွန္း မသိသလို၊ စားလည္း မစားခဲ့ၾကဘူးလို႔ ဆိုပါတယ္။

စုံေထာက္ေတြက စေနေန႔( ၾသဂုတ္လ ၅ ရက္) မွာ အဆိုပါအမ်ိဳးသမီး ေနအိမ္ကို ရွာေဖြမႈေတြျပဳလုပ္ခဲ့သလို အနီးနားရွိ အမႈိက္ပုံမွာ ေတြ႕ရွိခဲ့တဲ့ အစာေရစာေတြကိုလည္း မႈခင္းေဆးစစ္မႈေတြျပဳလုပ္ခဲ့ပါတယ္။ ဗစ္တိုးရီးယားရဲတပ္ဖြဲ႕ စုံေထာက္စစ္ေဆးေရးမႉး ဒင္းေသာမတ္စ္က ေသဆုံးသူေတြ စားခဲ့တဲ့ မႈိအမ်ိဳးအစားကို ရွင္းရွင္းလင္းလင္း မသိရေသးေပမယ့္ ၎တို႔ရဲ႕ေရာဂါလကၡဏာေတြဟာ အဆိပ္သင့္မႈျဖစ္တဲ့လကၡဏာနဲ႔ တူညီေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အမႈက ရႈပ္ေထြးတာေၾကာင့္ စုံစမ္းစစ္ေဆးမႈ ရွည္ၾကာဖြယ္ရွိတယ္လို႔ ေသာမတ္စ္က ေျပာၾကားပါတယ္။ ၾသစေၾတးလ်မွာ မႈိစားသုံးျခင္းေၾကာင့္ ေသဆုံးမႈျဖစ္ရပ္ဟာ အေတာ္ရွားပါးခဲ့ၿပီျဖစ္ပါတယ္။ အဆိုပါေသဆုံးမႈေၾကာင့္ ေတာ႐ိုင္းမႈိ မစားၾကဖို႔ ႏိုင္ငံတစ္ဝွမ္းရွိ က်န္းမာေရးပညာရွင္ေတြက သတိေပးခ်က္ေတြ ထုတ္ျပန္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.