မလေးရှားနိုင်ငံရှိ ပြည်နယ်ခြောက်ခုတွင် ဒေသဆိုင်ရာဥပဒေပြုလွှတ်တော်အမတ်(၂၄၅)ဦးအတွက် မဲပေးမှုများစတင်

402
Pika (NP News) - ဩဂုတ် ၁၂
မလေးရှားနိုင်ငံရှိ ပြည်နယ်ခြောက်ခုတွင်နေထိုင်သော နိုင်ငံသား(၉ ဒသမ ၇)သန်းသည် ယနေ့ (ဩဂုတ်လ ၁၂ ရက်)တွင် ဒေသဆိုင်ရာ ဥပဒေပြုလွှတ်တော်အမတ်(၂၄၅)ဦးအတွက် မဲပေးခဲ့ကြောင်းသိရသည်။

ထို့ပြင် ပြိုင်ဘက်ညွန့်ပေါင်းအဖွဲ့များသည် ၎င်းတို့၏မူဝါဒများကို ထုတ်ဖော်ပြသခြင်း၊ ကတိများပေးခြင်း၊သတိပေးချက်များ ထုတ်ပြန်ခြင်းတို့ဖြင့် ထောက်ခံမဲများရရှိရန် အပြိုင်အဆိုင်ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ၎င်း၏စည်းလုံးးညီညွတ်သော အစိုးရသည် အစိုးရလစာများကို တိုးမြှင့်ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး အတိုက်အခံပါတီ Perikatan Nasional (PN) ခေါင်း ဆောင် Muhyiddin Yassin ကလည်း Selangor ပြည်နယ်၏ ရန်ပုံငွေများကို ပြည်သူတို့အတွက် အသုံးချသွားမည်ဟု ကတိပြုပြောဆိုခဲ့သည်။
၎င်းတို့သည် ထောက်ခံမဲများရရှိစေရန်အတွက် အမျိုးမျိုးသောနည်းဗျူဟာများဖြင့် မဲဆန္ဒရှင်များကို ဆွဲဆောင်ရန် ကြိုးပမ်းနေခြင်းသာဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ ထို့ပြင် အကဲ ခတ်သူတစ်ဦးက ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် နောက်ဆုံးမိနစ်တွင် ကတိများထပ်မံပေးခြင်းဖြင့် ထောက်ခံမဲများရရှိအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ သို့သော်လည်း လက်ရှိအာဏာရ Pakatan PH-Barisan Nasional (PH-BN) မဟာမိတ်အဖွဲ့နှင့် အတိုက်အခံအတိုက်အခံပါတီ Perikatan Nasional (PN)ညွန့်ပေါင်းအဖွဲ့တို့၏ ထောက်ခံမဲများရရှိအောင် ကတိပြုပြောဆိုချက်များ သည် မဲဆန္ဒရှင်များ၏ ဆုံးဖြတ်ချက်များအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်မည်မဟုတ်ကြောင်း လေ့လာသုံးသပ်သူများကပြောကြားခဲ့သည်။
BowerGroup Asia ဒါရိုက်တာ Asrul Hadi Abdullah Sani က"မဲဆန္ဒရှင်အများစုဟာ ဘယ်သူ့ကိုမဲပေးမယ်ဆိုတာကို စိတ်ထဲမှာ ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်။ အဲဒါကြောင့် ပါတီတွေရဲ့ နောက်ဆုံးမိနစ်မှာထုတ်ဖော်ပြောဆိုခဲ့ကြတဲ့ ကတိပေးမှုတွေဟာ ဘယ်သူ့ကိုမဲပေးမယ်ဆိုတာ ဆုံးဖြတ်ထားတဲ့ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး"ဟု ပြောဆိုခဲ့သည်။

zawgyi version
မေလးရွားႏိုင္ငံရွိ ျပည္နယ္ေျခာက္ခုတြင္ ေဒသဆိုင္ရာဥပေဒျပဳလႊတ္ေတာ္အမတ္(၂၄၅)ဦးအတြက္ မဲေပးမႈမ်ားစတင္
Pika (NP News) - ဩဂုတ္ ၁၂
မေလးရွားႏိုင္ငံရွိ ျပည္နယ္ေျခာက္ခုတြင္ေနထိုင္ေသာ ႏိုင္ငံသား(၉ ဒသမ ၇)သန္းသည္ ယေန႔ (ဩဂုတ္လ ၁၂ ရက္)တြင္ ေဒသဆိုင္ရာ ဥပေဒျပဳလႊတ္ေတာ္အမတ္(၂၄၅)ဦးအတြက္ မဲေပးခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ ၿပိဳင္ဘက္ၫြန႔္ေပါင္းအဖြဲ႕မ်ားသည္ ၎တို႔၏မူဝါဒမ်ားကို ထုတ္ေဖာ္ျပသျခင္း၊ ကတိမ်ားေပးျခင္း၊သတိေပးခ်က္မ်ား ထုတ္ျပန္ျခင္းတို႔ျဖင့္ ေထာက္ခံမဲမ်ားရရွိရန္ အၿပိဳင္အဆိုင္ႀကိဳးပမ္းလ်က္ရွိေၾကာင္းသိရသည္။
မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္က ၎၏စည္းလုံးးညီၫြတ္ေသာ အစိုးရသည္ အစိုးရလစာမ်ားကို တိုးျမႇင့္ေပးမည္ဟု ထုတ္ျပန္ေၾကညာခဲ့ၿပီး အတိုက္အခံပါတီ Perikatan Nasional (PN) ေခါင္း ေဆာင္ Muhyiddin Yassin ကလည္း Selangor ျပည္နယ္၏ ရန္ပုံေငြမ်ားကို ျပည္သူတို႔အတြက္ အသုံးခ်သြားမည္ဟု ကတိျပဳေျပာဆိုခဲ့သည္။
၎တို႔သည္ ေထာက္ခံမဲမ်ားရရွိေစရန္အတြက္ အမ်ိဳးမ်ိဳးေသာနည္းဗ်ဴဟာမ်ားျဖင့္ မဲဆႏၵရွင္မ်ားကို ဆြဲေဆာင္ရန္ ႀကိဳးပမ္းေနျခင္းသာျဖစ္ေၾကာင္း ေလ့လာသုံးသပ္သူမ်ားက ေျပာၾကားခဲ့သည္။ ထို႔ျပင္ အကဲ ခတ္သူတစ္ဦးက ဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္သည္ ေနာက္ဆုံးမိနစ္တြင္ ကတိမ်ားထပ္မံေပးျခင္းျဖင့္ ေထာက္ခံမဲမ်ားရရွိေအာင္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ေဝဖန္ေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း လက္ရွိအာဏာရ Pakatan PH-Barisan Nasional (PH-BN) မဟာမိတ္အဖြဲ႕ႏွင့္ အတိုက္အခံအတိုက္အခံပါတီ Perikatan Nasional (PN)ၫြန႔္ေပါင္းအဖြဲ႕တို႔၏ ေထာက္ခံမဲမ်ားရရွိေအာင္ ကတိျပဳေျပာဆိုခ်က္မ်ား သည္ မဲဆႏၵရွင္မ်ား၏ ဆုံးျဖတ္ခ်က္မ်ားအေပၚ အက်ိဳးသက္ေရာက္မႈရွိလာႏိုင္မည္မဟုတ္ေၾကာင္း ေလ့လာသုံးသပ္သူမ်ားကေျပာၾကားခဲ့သည္။
BowerGroup Asia ဒါ႐ိုက္တာ Asrul Hadi Abdullah Sani က"မဲဆႏၵရွင္အမ်ားစုဟာ ဘယ္သူ႔ကိုမဲေပးမယ္ဆိုတာကို စိတ္ထဲမွာ ဆုံးျဖတ္ၿပီးသားျဖစ္ပါတယ္။ အဲဒါေၾကာင့္ ပါတီေတြရဲ႕ ေနာက္ဆုံးမိနစ္မွာထုတ္ေဖာ္ေျပာဆိုခဲ့ၾကတဲ့ ကတိေပးမႈေတြဟာ ဘယ္သူ႔ကိုမဲေပးမယ္ဆိုတာ ဆုံးျဖတ္ထားတဲ့ ျပည္သူေတြရဲ႕ ဆုံးျဖတ္ခ်က္ကို ေျပာင္းလဲေစမွာ မဟုတ္ပါဘူး"ဟု ေျပာဆိုခဲ့သည္။