ဟာဝိုင်အီကျွန်းမှာ လောင်ကျွန်းခဲ့တဲ့တောမီးက အမေရိကန်သမိုင်းမှာ နှစ် ၁ဝဝ ကျော်အတွင်း လူအသေပျောက် အများဆုံး တောမီးအဖြစ် စံချိန်တင်

874

ဂျန်ဇက် (NP News) - ဩဂုတ် ၁၃
အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းရှိ Maui ဒေသမှာ လောင်ကျွမ်းလျက်ရှိနေတဲ့တောမီးကြောင့် သေဆုံးသူ အနည်းဆုံး ၉ဝ နီးပါးရှိလာခဲ့ပြီး ဟာဝိုင်အီတောမီးက အမေရိကန်နိုင်ငံသမိုင်းမှာ နှစ်ပေါင်း ၁ဝဝ ကျော်အတွင်း လူအသေပျောက်အများဆုံးဖြစ်ခဲ့ရကြောင်း သိရပါတယ်။
Maui ဒေသမှ တောမီးလောင်ကျွမ်းမှုဟာ ဒီသီတင်းပတ်အတွင်းစတင်ခဲ့ပြီးနောက် လျင်မြန်စွာကူးစက် လောင်ကျွမ်းမှုများကြောင့် သေဆုံးသူ ၈၉ ဦးအထိမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူ များက ပြောပါတယ်။
ဟာဝိုင်အီကျွန်းမှာ လောင်ကျွမ်းခဲ့တဲ့တောမီးဟာ ၂ဝ၁၈ ခုနှစ်တုန်းက ကယ်လီဖိုးနီးယားပြည်နယ်မှာ လောင်ကျွမ်း ခဲ့တဲ့ တောမီးကြောင့် သေဆုံးသူအရေအတွက်ထက် ပိုမိုများပြားလာခဲ့ကြောင်း၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်ကျွမ်းမှုများကြောင့် ၂ဝ၁၈ ခုနှစ်တုန်းက လူပေါင်း ၈၅ ဦး သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။
တောမီးလောင်ကျွမ်းမှုများကြောင့် သေဆုံး၊ပျောက်ဆုံးသူများကို ရှာဖွေနိုင်ဖို့ ကယ်ဆယ်ရေးသမားတွေဟာ အရှိန်မြင့်ရှာဖွေနေဆဲဖြစ်ပြီး အနံ့ခံခွေးတွေကိုလည်း အသုံးပြုနေရကြောင်း သိရပါတယ်။ ခွေးတွေဟာ အပျက်အစီးများကြားထဲမှာ အနံ့ခံကာ မီးလောင်ကျွမ်းထားတဲ့ရုပ်အလောင်းတွေကို ရှာဖွေနိုင်ဖို့ ကူညီပေးလျက်ရှိနေကြောင်း အမေရိကန် Maui ဒေသ အာဏာပိုင်တွေက ပြောပါတယ်။ တောမီးစတင်လောင်ကျွမ်းချိန်မှာ လေပြင်းတိုက်ခိုက်မှုများကြောင့် မီးပျံ့နှံ့မှု ပိုမိုဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုများ၊ သေဆုံးမှုများ ပိုမိုဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ဟာဝိုင္အီကြၽန္းမွာ ေလာင္ကြၽန္းခဲ့တဲ့ေတာမီးက အေမရိကန္သမိုင္းမွာ ႏွစ္ ၁ဝဝ ေက်ာ္အတြင္း လူအေသေပ်ာက္ အမ်ားဆုံး ေတာမီးအျဖစ္ စံခ်ိန္တင္
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၃
အေမရိကန္ႏိုင္ငံ ဟာဝိုင္အီကြၽန္းရွိ Maui ေဒသမွာ ေလာင္ကြၽမ္းလ်က္ရွိေနတဲ့ေတာမီးေၾကာင့္ ေသဆုံးသူ အနည္းဆုံး ၉ဝ နီးပါးရွိလာခဲ့ၿပီး ဟာဝိုင္အီေတာမီးက အေမရိကန္ႏိုင္ငံသမိုင္းမွာ ႏွစ္ေပါင္း ၁ဝဝ ေက်ာ္အတြင္း လူအေသေပ်ာက္အမ်ားဆုံးျဖစ္ခဲ့ရေၾကာင္း သိရပါတယ္။
Maui ေဒသမွ ေတာမီးေလာင္ကြၽမ္းမႈဟာ ဒီသီတင္းပတ္အတြင္းစတင္ခဲ့ၿပီးေနာက္ လ်င္ျမန္စြာကူးစက္ ေလာင္ကြၽမ္းမႈမ်ားေၾကာင့္ ေသဆုံးသူ ၈၉ ဦးအထိျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္အစိုးရတာဝန္ရွိသူ မ်ားက ေျပာပါတယ္။
ဟာဝိုင္အီကြၽန္းမွာ ေလာင္ကြၽမ္းခဲ့တဲ့ေတာမီးဟာ ၂ဝ၁၈ ခုႏွစ္တုန္းက ကယ္လီဖိုးနီးယားျပည္နယ္မွာ ေလာင္ကြၽမ္း ခဲ့တဲ့ ေတာမီးေၾကာင့္ ေသဆုံးသူအေရအတြက္ထက္ ပိုမိုမ်ားျပားလာခဲ့ေၾကာင္း၊ ကယ္လီဖိုးနီးယားျပည္နယ္မွာ ေတာမီးေလာင္ကြၽမ္းမႈမ်ားေၾကာင့္ ၂ဝ၁၈ ခုႏွစ္တုန္းက လူေပါင္း ၈၅ ဦး ေသဆုံးခဲ့ဖူးေၾကာင္း သိရပါတယ္။
ေတာမီးေလာင္ကြၽမ္းမႈမ်ားေၾကာင့္ ေသဆုံး၊ေပ်ာက္ဆုံးသူမ်ားကို ရွာေဖြႏိုင္ဖို႔ ကယ္ဆယ္ေရးသမားေတြဟာ အရွိန္ျမင့္ရွာေဖြေနဆဲျဖစ္ၿပီး အနံ႔ခံေခြးေတြကိုလည္း အသုံးျပဳေနရေၾကာင္း သိရပါတယ္။ ေခြးေတြဟာ အပ်က္အစီးမ်ားၾကားထဲမွာ အနံ႔ခံကာ မီးေလာင္ကြၽမ္းထားတဲ့႐ုပ္အေလာင္းေတြကို ရွာေဖြႏိုင္ဖို႔ ကူညီေပးလ်က္ရွိေနေၾကာင္း အေမရိကန္ Maui ေဒသ အာဏာပိုင္ေတြက ေျပာပါတယ္။ ေတာမီးစတင္ေလာင္ကြၽမ္းခ်ိန္မွာ ေလျပင္းတိုက္ခိုက္မႈမ်ားေၾကာင့္ မီးပ်ံ႕ႏွံ႔မႈ ပိုမိုျဖစ္ပြားခဲ့ၿပီး ထိခိုက္ပ်က္စီးမႈမ်ား၊ ေသဆုံးမႈမ်ား ပိုမိုျဖစ္ပြားလာခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။