အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဘုရားကျောင်းတစ်ခု ပြိုကျခဲ့ပြီး အနည်းဆုံး လူ(၉)ဦး သေဆုံး

714

Pika (NP News) - သြဂုတ် ၁၄
အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ Himachal Pradesh ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြေပြိုကျမှု များနှင့်အတူ ရှေးဟောင်းဟိန္ဒူဘုရားကျောင်းတစ်ခုပြိုကျခဲ့ပြီး အနည်းဆုံးလူ(၉)ဦး သေဆုံးကာ လူဒါဇင်ချီ ပိတ်မိ နေလျက်ရှိကြောင်း သိရသည်။
Shimla မြို့တွင် မြေပြိုကျမှုများနှင့်အတူ ဘုရားကျောင်းတစ်ခုလုံး ပြိုကျခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။ Himachal Pradesh ပြည်နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်း အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ ရေကြီးမှု နှင့် မြေပြိုမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
Himachal Pradesh ပြည်နယ်တွင် ပြီးခဲ့သည့်(၂၄)နာရီအတွင်း မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် မတော်တဆမှုများ ကြောင့် အနည်းဆုံးလူ(၂၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဘုရားကျောင်းပြိုကျပြီးနောက် အပျက်အစီးများ အောက်တွင် လူ(၂ဝ-၂၅)ဦးခန့် ပိတ်မိနေနိုင်ကြောင်း အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိနေသည့် Himachal Pradesh ပြည်နယ်ဝန်ကြီးချုပ် Sukhvinder Singh Sukhu က ပြောကြားခဲ့သည်။
ထောင်နှင့်ချီသော ကမ္ဘာလှည့်ခရီးသွားများသည် အေးမြသောရာသီဥတုနှင့် သာယာလှပသောရှုခင်းများကို ခံစား ရန်အတွက် တောင်တန်းဒေသတစ်ခုဖြစ်သော Himachal Pradesh ပြည်နယ် Shimla မြို့သို့ လာရောက် လည်ပတ်လေ့ရှိကြောင်း သိရသည်။
သို့သော်လည်း Himachal Pradesh ပြည်နယ်တွင် မုတ်သုံရာသီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများ ကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှုများ ထပ်မံဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ဆိုရှယ်မီဒီယာများပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်များတွင် ရေကြီးမှုနှင့်အတူ ကားများ နှင့် အဆောက်အဦးများ မျောပါသွားခြင်း၊ သစ်ပင်များလဲကျနေခြင်း နှင့် လမ်းများပိတ်နေမှုကြောင့် ခရီးသွားများ အဆိုပါနေရာတွင် သောင်တင်နေသည်ကို တွေ့မြင်ခဲ့ရသည်။
ထို့အပြင် Himachal Pradesh ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် နေအိမ်ထဲတွင်သာ နေထိုင်ကြ ရန် ပြည်သူများကို ပြည်နယ်ဝန်ကြီးချုပ် Sukhvinder Singh Sukhu က တိုက်တွန်းထားကြောင်း သိရသည်။

Zawgyi Version;
အိႏၵိယႏိုင္ငံေျမာက္ပိုင္းတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားေၾကာင့္ ဘုရားေက်ာင္းတစ္ခု ၿပိဳက်ခဲ့ၿပီး အနည္းဆုံး လူ(၉)ဦး ေသဆုံး
Pika (NP News) - ၾသဂုတ္ ၁၄
အိႏၵိယႏိုင္ငံေျမာက္ပိုင္းရွိ Himachal Pradesh ျပည္နယ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားေၾကာင့္ ေျမၿပိဳက်မႈ မ်ားႏွင့္အတူ ေရွးေဟာင္းဟိႏၵဴဘုရားေက်ာင္းတစ္ခုၿပိဳက်ခဲ့ၿပီး အနည္းဆုံးလူ(၉)ဦး ေသဆုံးကာ လူဒါဇင္ခ်ီ ပိတ္မိ ေနလ်က္ရွိေၾကာင္း သိရသည္။
Shimla ၿမိဳ႕တြင္ ေျမၿပိဳက်မႈမ်ားႏွင့္အတူ ဘုရားေက်ာင္းတစ္ခုလုံး ၿပိဳက်ခဲ့ၿပီးေနာက္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ကို ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္းသိရသည္။ Himachal Pradesh ျပည္နယ္တြင္ ၿပီးခဲ့သည့္ရက္ပိုင္း အတြင္း မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားႏွင့္အတူ ေရႀကီးမႈ ႏွင့္ ေျမၿပိဳမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
Himachal Pradesh ျပည္နယ္တြင္ ၿပီးခဲ့သည့္(၂၄)နာရီအတြင္း မိုး႐ြာသြန္းမႈႏွင့္ဆက္စပ္သည့္ မေတာ္တဆမႈမ်ား ေၾကာင့္ အနည္းဆုံးလူ(၂၁)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။ ဘုရားေက်ာင္းၿပိဳက်ၿပီးေနာက္ အပ်က္အစီးမ်ား ေအာက္တြင္ လူ(၂ဝ-၂၅)ဦးခန႔္ ပိတ္မိေနႏိုင္ေၾကာင္း အခင္းျဖစ္ပြားရာေနရာသို႔ေရာက္ရွိေနသည့္ Himachal Pradesh ျပည္နယ္ဝန္ႀကီးခ်ဳပ္ Sukhvinder Singh Sukhu က ေျပာၾကားခဲ့သည္။
ေထာင္ႏွင့္ခ်ီေသာ ကမာၻလွည့္ခရီးသြားမ်ားသည္ ေအးျမေသာရာသီဥတုႏွင့္ သာယာလွပေသာရႈခင္းမ်ားကို ခံစား ရန္အတြက္ ေတာင္တန္းေဒသတစ္ခုျဖစ္ေသာ Himachal Pradesh ျပည္နယ္ Shimla ၿမိဳ႕သို႔ လာေရာက္ လည္ပတ္ေလ့ရွိေၾကာင္း သိရသည္။
သို႔ေသာ္လည္း Himachal Pradesh ျပည္နယ္တြင္ မုတ္သုံရာသီကာလအတြင္း မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ား ေၾကာင့္ ေရႀကီးျခင္း၊ ေျမၿပိဳျခင္းတို႔ေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ား ထပ္မံျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ ရက္ပိုင္းက ဆိုရွယ္မီဒီယာမ်ားေပၚတြင္ တင္ထားေသာ ဗီဒီယိုဖိုင္မ်ားတြင္ ေရႀကီးမႈႏွင့္အတူ ကားမ်ား ႏွင့္ အေဆာက္အဦးမ်ား ေမ်ာပါသြားျခင္း၊ သစ္ပင္မ်ားလဲက်ေနျခင္း ႏွင့္ လမ္းမ်ားပိတ္ေနမႈေၾကာင့္ ခရီးသြားမ်ား အဆိုပါေနရာတြင္ ေသာင္တင္ေနသည္ကို ေတြ႕ျမင္ခဲ့ရသည္။
ထို႔အျပင္ Himachal Pradesh ျပည္နယ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားေၾကာင့္ ေနအိမ္ထဲတြင္သာ ေနထိုင္ၾက ရန္ ျပည္သူမ်ားကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ Sukhvinder Singh Sukhu က တိုက္တြန္းထားေၾကာင္း သိရသည္။