အွန်လိုင်းပေါ်တွင် အလှကုန်နှင့် အစားအသောက်ရောင်းချသူများ FDA လက်မှတ်ရမှသာ ရောင်းချခွင့်ပြုမည်

 778

NP News - ဩဂုတ် ၁၅

အွန်လိုင်းပေါ်တွင် အလှကုန်နှင့် အစားအသောက် ရောင်းချနေသူများအနေဖြင့် FDA လက်မှတ်ပါမှသာလျှင် အွန်လိုင်းတွင် ရောင်းချခွင့်မှတ်ပုံတင်ထုတ်ပေးတော့မည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အွန်လိုင်းပေါ်တွင် ဈေးရောင်းသူများကို မှတ်ပုံတင်ပြုလုပ်ရန် အကြောင်းကြားစာထုတ်ပြန်ခဲ့ပြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ထံတွင် စာရင်းပေးသွင်းနိုင်ကြောင်း အသိပေးထားသည်။

ထိုသို့ ရောင်းချသူများအား FDA လက်မှတ်ရယူရမည်ဆိုသော်လည်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တိကျ သည့် လုပ်ငန်းစဉ်များ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် အွန်လိုင်းမှ ဈေးရောင်းချခြင်း အပါအဝင် ပြင်ပဈေးကွက်တွင် ရောင်းချနေသူများသည် မိမိ၏ကုန်ပစ္စည်းအပေါ် အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း သိရသည်။

မည်သူမဆို အွန်လိုင်းပေါ်တွင် ဈေးရောင်းချပါက မှတ်ပုံတင်ရန်လိုအပ်ပြီး လိုက်နာမှု မရှိသည့်သူများကို ထောင်ဒဏ် ခြောက်လမှ သုံးနှစ်အထိ ချမှတ်မည်ဖြစ်ပြီး ငွေကျပ်ငါးသိန်းအထိ ဒဏ်ငွေချမှတ်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

zawgyi version
အြန္လိုင္းေပၚတြင္ အလွကုန္ႏွင့္ အစားအေသာက္ေရာင္းခ်သူမ်ား FDA လက္မွတ္ရမွသာ ေရာင္းခ်ခြင့္ျပဳမည္
NP News - ဩဂုတ္ ၁၅

အြန္လိုင္းေပၚတြင္ အလွကုန္ႏွင့္ အစားအေသာက္ ေရာင္းခ်ေနသူမ်ားအေနျဖင့္ FDA လက္မွတ္ပါမွသာလွ်င္ အြန္လိုင္းတြင္ ေရာင္းခ်ခြင့္မွတ္ပုံတင္ထုတ္ေပးေတာ့မည္ျဖစ္ေၾကာင္း စားသုံးသူေရးရာ ဦးစီးဌာနမွ သိရသည္။

ၿပီးခဲ့သည့္ ဇူလိုင္လအတြင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက အြန္လိုင္းေပၚတြင္ ေဈးေရာင္းသူမ်ားကို မွတ္ပုံတင္ျပဳလုပ္ရန္ အေၾကာင္းၾကားစာထုတ္ျပန္ခဲ့ၿပီး ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အဖြဲ႕ခ်ဳပ္ထံတြင္ စာရင္းေပးသြင္းႏိုင္ေၾကာင္း အသိေပးထားသည္။

ထိုသို႔ ေရာင္းခ်သူမ်ားအား FDA လက္မွတ္ရယူရမည္ဆိုေသာ္လည္း လုပ္ငန္းစဥ္မ်ားႏွင့္ပတ္သက္၍ တိက် သည့္ လုပ္ငန္းစဥ္မ်ား ထုတ္ျပန္ထားျခင္း မရွိေသးေၾကာင္း သိရသည္။

လက္ရွိတြင္ အြန္လိုင္းမွ ေဈးေရာင္းခ်ျခင္း အပါအဝင္ ျပင္ပေဈးကြက္တြင္ ေရာင္းခ်ေနသူမ်ားသည္ မိမိ၏ကုန္ပစၥည္းအေပၚ အျပည့္အဝ တာဝန္ယူရမည္ျဖစ္ေၾကာင္း သိရသည္။

မည္သူမဆို အြန္လိုင္းေပၚတြင္ ေဈးေရာင္းခ်ပါက မွတ္ပုံတင္ရန္လိုအပ္ၿပီး လိုက္နာမႈ မရွိသည့္သူမ်ားကို ေထာင္ဒဏ္ ေျခာက္လမွ သုံးႏွစ္အထိ ခ်မွတ္မည္ျဖစ္ၿပီး ေငြက်ပ္ငါးသိန္းအထိ ဒဏ္ေငြခ်မွတ္မည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.