ဈေးနှုန်းမြှင့်တင်တာမျိုးတွေ မလုပ်ကြဖို့ ရေနံထုတ်လုပ်သူတွေကို ဒေါ်နယ်ထရမ့်သတိပေး

51
Pika (NP News) - ဇွန် ၂၄
ကမ္ဘာတစ်ဝန်းက ရေနံထုတ်လုပ်သူတွေအနေနဲ့ ဈေးနှုန်းမြှင့်တင်တာမျိုးတွေ မလုပ်ဆောင်ကြဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အီရန်ရဲ့နျူကလီးယားနေရာတွေအပေါ် အမေရိကန်ရဲ့တိုက်ခိုက်မှုတွေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်မယ်လို့ အီရန်ရဲ့ခြိမ်းခြောက်မှုတွေကြောင့် ဈေးကွက်မတည်ငြိမ်မှုတွေ မြင့်တက်နေချိန်မှာပဲ ဒေါ်နယ်ထရမ့်ရဲ့ သတိပေးပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်တပ်ဖွဲ့တွေဟာ Fordow၊ Isfahan နဲ့ Natanz မြို့တို့မှာရှိတဲ့ အီရန်ရဲ့နျူကလီးယားစက်ရုံတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
အီရန်အပေါ် အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာ ရင်းနှီးမြှုပ်နှံသူတွေကို အံ့အားသင့်စေခဲ့ပြီး ရေနံစိမ်းဈေးနှုန်းတွေကို (၅)လအတွင်း အမြင့်ဆုံးကို မြင့်တက်လာစေခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က "ရေနံဈေးနှုန်းတွေကို မမြှင့်တင်ကြဖို့ အားလုံးကို သတိပေးလိုပါတယ်။ အားလုံးကို ကျွန်တော်တို့စောင့်ကြည့်နေပါတယ်။ ရေနံဈေးနှုန်းတွေကို မတင်ကြပါနဲ့"လို့ ပြောဆိုခဲ့ပါတယ်။
zawgyi version
ေဈးႏႈန္းျမႇင့္တင္တာမ်ိဳးေတြ မလုပ္ၾကဖို႔ ေရနံထုတ္လုပ္သူေတြကို ေဒၚနယ္ထရမ့္သတိေပး
Pika (NP News) - ဇြန္ ၂၄
ကမာၻတစ္ဝန္းက ေရနံထုတ္လုပ္သူေတြအေနနဲ႔ ေဈးႏႈန္းျမႇင့္တင္တာမ်ိဳးေတြ မလုပ္ေဆာင္ၾကဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။
အီရန္ရဲ႕န်ဴကလီးယားေနရာေတြအေပၚ အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြနဲ႔ ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ပစ္မယ္လို႔ အီရန္ရဲ႕ၿခိမ္းေျခာက္မႈေတြေၾကာင့္ ေဈးကြက္မတည္ၿငိမ္မႈေတြ ျမင့္တက္ေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္ရဲ႕ သတိေပးေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အေမရိကန္တပ္ဖြဲ႕ေတြဟာ Fordow၊ Isfahan နဲ႔ Natanz ၿမိဳ႕တို႔မွာရွိတဲ့ အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြကို ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
အီရန္အေပၚ အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြဟာ ရင္းႏွီးျမႇဳပ္ႏွံသူေတြကို အံ့အားသင့္ေစခဲ့ၿပီး ေရနံစိမ္းေဈးႏႈန္းေတြကို (၅)လအတြင္း အျမင့္ဆုံးကို ျမင့္တက္လာေစခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က "ေရနံေဈးႏႈန္းေတြကို မျမႇင့္တင္ၾကဖို႔ အားလုံးကို သတိေပးလိုပါတယ္။ အားလုံးကို ကြၽန္ေတာ္တို႔ေစာင့္ၾကည့္ေနပါတယ္။ ေရနံေဈးႏႈန္းေတြကို မတင္ၾကပါနဲ႔"လို႔ ေျပာဆိုခဲ့ပါတယ္။