စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်တက်ရောက်ရန် နစကဥက္ကဋ္ဌ ဘယ်လာရုစ်သို့ရောက်ရှိ

173

သန့်ဇင်(NP News)-ဇွန် ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ မင့်စ်မြို့၌ ကျင်းပပြု လုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖို ရမ် (EEF 2025)သို့ တက်ရောက်ရန် ယမန်နေ့(ဇွန်လ ၂၅ရက်)၊ ညပိုင်းက ဘယ်လာရုစ်သမ္မတနိုင်ငံသို့ရောက်ရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နစကဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့(ဇွန်လ ၂၅ရက်)နံနက်ပိုင်းက မြန်မာနိုင်ငံမှ အထူး လေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ညနေပိုင်းတွင် ရုရှားနိုင်ငံ၊ နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာလေဆိပ်သို့ရောက်ရှိရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich နှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထို့နောက် နစကဥက္ကဋ္ဌနှင့် နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးတို့သည် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗာစီဗစ်ဒေသတို့အကြား၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ လေကြောင်းပြေးဆွဲမှုများ မြှင့် တင်နိုင်ရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနောက် နစကဥက္ကဋ္ဌဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နိုဗာစီဗစ်မြို့ သာမာရှယ်ဗာလေဆိပ်မှ ဘယ်လာရုစ် သမ္မတနိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ရာ ညပိုင်းတွင် မင့်စ်မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန် ကြီးချုပ် Mr. Yuri Shuleiko၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(၁) Mr. Lukashevich Sergey Vladimirovich နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးနှင့်မင့်စ်မြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်အတွင်း နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နစကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများလိုက်ပါ သွားခဲ့ကြောင်း သိရသည်။

Zawgyi Version:
စတုတၳအႀကိမ္ ဥေရာပ-အာရွ စီးပြားေရးဖိုရမ္တက္ေရာက္ရန္ နစကဥကၠ႒ ဘယ္လာ႐ုစ္သို႔ေရာက္ရွိ
သန႔္ဇင္(NP News)-ဇြန္ ၂၆
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ဘယ္လာ႐ုစ္ႏိုင္ငံသမၼတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ္ၾကားခ်က္အရ မင့္စ္ၿမိဳ႕၌ က်င္းပျပဳ လုပ္မည့္ စတုတၳအႀကိမ္ ဥေရာပ-အာရွ စီးပြားေရးဖို ရမ္ (EEF 2025)သို႔ တက္ေရာက္ရန္ ယမန္ေန႔(ဇြန္လ ၂၅ရက္)၊ ညပိုင္းက ဘယ္လာ႐ုစ္သမၼတႏိုင္ငံသို႔ေရာက္ရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ ခ်ဳပ္ေရး ေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
နစကဥကၠ႒ ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ ကိုယ္စားလွယ္အဖြဲ႕သည္ ယမန္ေန႔(ဇြန္လ ၂၅ရက္)နံနက္ပိုင္းက ျမန္မာႏိုင္ငံမွ အထူး ေလယာဥ္ျဖင့္ ထြက္ခြာခဲ့ၿပီး ညေနပိုင္းတြင္ ႐ုရွားႏိုင္ငံ၊ ႏိုဗာစီဗစ္ၿမိဳ႕၊ သာမာရွယ္ဗာေလဆိပ္သို႔ေရာက္ရွိရာ ႏိုဗာစီဗစ္ေဒသအုပ္ခ်ဳပ္ေရးမႉး Mr. Travnikov Ahdrey Aleksandrovich ႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္၌ လႈိက္လွဲေႏြးေထြးစြာ ႀကိဳဆိုႏႈတ္ဆက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ နစကဥကၠ႒ႏွင့္ ႏိုဗာစီဗစ္ေဒသ အုပ္ခ်ဳပ္ေရးမႉးတို႔သည္ ျမန္မာႏိုင္ငံႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ႏိုဗာစီဗစ္ေဒသတို႔အၾကား၊ အာဆီယံေဒသတြင္းႏိုင္ငံမ်ားအၾကား စီးပြားေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျမႇင့္တင္ႏိုင္ေရး၊ ေလေၾကာင္းေျပးဆြဲမႈမ်ား ျမႇင့္ တင္ႏိုင္ေရး၊ ခရီးသြားက႑ျမႇင့္တင္ေရးတို႔ႏွင့္ ပတ္သက္၍ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ နစကဥကၠ႒ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕သည္ ႏိုဗာစီဗစ္ၿမိဳ႕ သာမာရွယ္ဗာေလဆိပ္မွ ဘယ္လာ႐ုစ္ သမၼတႏိုင္ငံသို႔ ဆက္လက္ထြက္ခြာခဲ့ရာ ညပိုင္းတြင္ မင့္စ္ၿမိဳ႕အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ေရာက္ရွိခဲ့ၿပီး ဘယ္လာ႐ုစ္သမၼတႏိုင္ငံ ဒုတိယဝန္ ႀကီးခ်ဳပ္ Mr. Yuri Shuleiko၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး(၁) Mr. Lukashevich Sergey Vladimirovich ႏွင့္ တာဝန္ရွိသူမ်ား၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံႏွင့္ ဘယ္လာ႐ုစ္သမၼတ ႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ျမန္မာစစ္သံ (ၾကည္း၊ ေရ၊ ေလ) ဗိုလ္မႉးခ်ဳပ္ ေက်ာ္စိုးဦးႏွင့္မင့္စ္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံေကာင္စစ္ဝန္ခ်ဳပ္ ဦးမိုးေက်ာ္သူတို႔က ႀကိဳဆိုႏႈတ္ဆက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ခရီးစဥ္အတြင္း နစကဥကၠ႒ႏွင့္အတူ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ နစကအဖြဲ႕ဝင္ ဗိုလ္ခ်ဳပ္ႀကီးညိဳေစာ၊ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြ၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ ေရးဝန္ ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာကံေဇာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ား၊ စစ္ဘက္၊ နယ္ဘက္မွ တာဝန္ရွိသူမ်ားလိုက္ပါ သြားခဲ့ေၾကာင္း သိရသည္။