မြန်မာ့စိုက်ပျိုးရေးပြပွဲကို ရန်ကုန်ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပမည်

69

NP News - ဇွန် ၂၅
ပြခန်းပေါင်း (၁၂၀)ခန့်ပါဝင်မည့် မြန်မာ့စိုက်ပျိုးရေးပြပွဲ (AGRI TECH MYANMAR 2025) ကို လာမည့် ဇွန်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲအတွင်း စားသောက်ကုန်ဆိုင်ရာပြပွဲကြီး (Food & Beverage Myanmar )၊ ဟိုတယ်စားသောက်ဆိုင်နှင့် ကဖေးဆိုင်ရာပြပွဲကြီး (HoReCa Myanmar 2025) နှင့် မြန်မာ့လျှပ်စစ်နှင့်စက်ပစ္စည်းဆိုင်ရာပြပွဲ (Myanmar Power & Machinery Shows) များကို ထည့်သွင်းပြသသွားမည်ဟု သိရသည်။
ယင်းပြပွဲတွင် စိုက်ပျိုးရေးသုံးဆေးဝါးများ၊ မြေဩဇာနှင့် မျိုးစေ့များ၊ လယ်ယာသုံးထွန်စက်၊ ကောက်ရိတ်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်၊ ဂရင်းဟောက်စ်များ၊ အအေးခန်းစက်၊ ထုပ်ပိုးစက်၊ ဆန်စက်၊ ဆီစက်၊ မွေးမြူရေးအစာစက်ပစ္စည်းများနှင့် နည်းပညာများအပြင် လျှပ်စစ်ကဏ္ဍအတွက်လိုအပ်သည့် ထရန်စဖော်မာများ၊ ဂျင်နရေတာများ၊ ဆိုလာစနစ်များ၊ ဆိုလာဝန်ဆောင်မှုလုပ်ငန်းများ ၊ power bank ၊ ဘက်ထရီများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများ၊ ဟိုတယ်စားသောက်ဆိုင်ကဖေးလုပ်ငန်းများတွင် မဖြစ်မနေလိုအပ်သည့် ထုတ်လုပ်မှုစက်ပစ္စည်းများကိုထည့်သွင်း ပြသသွားမည်ဖြစ်သည်။
အဆိုပါပြပွဲကို Silver Sea International ကုမ္ပဏီမှ ကြီးမှူး၍ စိုက်ပျိုးရေးနည်းပညာအသစ်များ၊ ဝန်ဆောင်မှုနှင့် လယ်ယာသုံးစက်ပစ္စည်းများ ၊ မျိုးစေ့နှင့် မြေဩဇာများအား တောင်သူများနှင့် လုပ်ငန်းရှင်များကို မိတ်ဆက်ပေးနိုင်ရန်၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန် ကုန်ကြမ်းနှင့် ကုန်ချောများကို ပြည်တွင်း/ပြည်ပ ဈေးကွက်တွင် ပိုမိုချိတ်ဆက်နိုင်ရန် စတဲ့ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။ ပြပွဲအတွင်း စိုက်ပျိုးမွေးမြူရေးနှင့်အစား အသောက်ထုတ်လုပ်သည့် လုပ်ငန်းရှင်အချင်းချင်း၊ တောင်သူအချင်းချင်းတွေ့ဆုံ၍ အတွေ့အကြုံများကိုလည်း ဖလှယ်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

zawgyi version
ျမန္မာ့စိုက္ပ်ိဳးေရးျပပြဲကို ရန္ကုန္ကြန္ဗင္းရွင္းစင္တာတြင္ က်င္းပမည္
NP News - ဇြန္ ၂၅
ျပခန္းေပါင္း (၁၂၀)ခန႔္ပါဝင္မည့္ ျမန္မာ့စိုက္ပ်ိဳးေရးျပပြဲ (AGRI TECH MYANMAR 2025) ကို လာမည့္ ဇြန္လ ၂၇ ရက္ေန႔မွ ၂၉ ရက္ေန႔အထိ ရန္ကုန္ၿမိဳ႕ရွိ ရန္ကုန္ကြန္ဗင္းရွင္းစင္တာ (YCC) တြင္ နံနက္ ၉ နာရီမွ ညေန ၅ နာရီအထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျပပြဲအတြင္း စားေသာက္ကုန္ဆိုင္ရာျပပြဲႀကီး (Food & Beverage Myanmar )၊ ဟိုတယ္စားေသာက္ဆိုင္ႏွင့္ ကေဖးဆိုင္ရာျပပြဲႀကီး (HoReCa Myanmar 2025) ႏွင့္ ျမန္မာ့လွ်ပ္စစ္ႏွင့္စက္ပစၥည္းဆိုင္ရာျပပြဲ (Myanmar Power & Machinery Shows) မ်ားကို ထည့္သြင္းျပသသြားမည္ဟု သိရသည္။
ယင္းျပပြဲတြင္ စိုက္ပ်ိဳးေရးသုံးေဆးဝါးမ်ား၊ ေျမဩဇာႏွင့္ မ်ိဳးေစ့မ်ား၊ လယ္ယာသုံးထြန္စက္၊ ေကာက္ရိတ္စက္မ်ား၊ ရိတ္သိမ္းေႁခြေလွ႔စက္၊ ဂရင္းေဟာက္စ္မ်ား၊ အေအးခန္းစက္၊ ထုပ္ပိုးစက္၊ ဆန္စက္၊ ဆီစက္၊ ေမြးျမဴေရးအစာစက္ပစၥည္းမ်ားႏွင့္ နည္းပညာမ်ားအျပင္ လွ်ပ္စစ္က႑အတြက္လိုအပ္သည့္ ထရန္စေဖာ္မာမ်ား၊ ဂ်င္နေရတာမ်ား၊ ဆိုလာစနစ္မ်ား၊ ဆိုလာဝန္ေဆာင္မႈလုပ္ငန္းမ်ား ၊ power bank ၊ ဘက္ထရီမ်ား၊ စားေသာက္ကုန္ထုတ္လုပ္ငန္းမ်ား၊ ဟိုတယ္စားေသာက္ဆိုင္ကေဖးလုပ္ငန္းမ်ားတြင္ မျဖစ္မေနလိုအပ္သည့္ ထုတ္လုပ္မႈစက္ပစၥည္းမ်ားကိုထည့္သြင္း ျပသသြားမည္ျဖစ္သည္။
အဆိုပါျပပြဲကို Silver Sea International ကုမၸဏီမွ ႀကီးမႉး၍ စိုက္ပ်ိဳးေရးနည္းပညာအသစ္မ်ား၊ ဝန္ေဆာင္မႈႏွင့္ လယ္ယာသုံးစက္ပစၥည္းမ်ား ၊ မ်ိဳးေစ့ႏွင့္ ေျမဩဇာမ်ားအား ေတာင္သူမ်ားႏွင့္ လုပ္ငန္းရွင္မ်ားကို မိတ္ဆက္ေပးႏိုင္ရန္၊ စိုက္ပ်ိဳးေမြးျမဴေရးထုတ္ကုန္ ကုန္ၾကမ္းႏွင့္ ကုန္ေခ်ာမ်ားကို ျပည္တြင္း/ျပည္ပ ေဈးကြက္တြင္ ပိုမိုခ်ိတ္ဆက္ႏိုင္ရန္ စတဲ့ရည္႐ြယ္ခ်က္မ်ားျဖင့္ က်င္းပရျခင္းျဖစ္ေၾကာင္းသိရသည္။ ျပပြဲအတြင္း စိုက္ပ်ိဳးေမြးျမဴေရးႏွင့္အစား အေသာက္ထုတ္လုပ္သည့္ လုပ္ငန္းရွင္အခ်င္းခ်င္း၊ ေတာင္သူအခ်င္းခ်င္းေတြ႕ဆုံ၍ အေတြ႕အႀကဳံမ်ားကိုလည္း ဖလွယ္ႏိုင္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။