ဖခင်ဖြစ်သူကို ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့သည့် အမေရိကန်နိုင်ငံသားကို ကွပ်မျက်ခဲ့ကြောင်း ဆော်ဒီအာရေးဗျအစိုးရ ပြော

 1108

Pika (NP News) - သြဂုတ် ၁၇

ဆော်ဒီအာရေးဗျနိုင်ငံသည် ဖခင်ဖြစ်သူကို ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော အမေရိကန်နိုင်ငံသားတစ်ဦးကို ဩဂုတ်လ(၁၆)ရက်တွင် ကွပ်မျက်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများ က ဖော်ပြခဲ့သည်။

အဆိုပါကွပ်မျက်မှုကြောင့် ဆော်ဒီအာရေးဗျနိုင်ငံတွင် ယခုအတွင်း ကွပ်မျက်ခံရသည့် နိုင်ငံခြားသားအနည်းဆုံး (၁၉)ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

Bishoy Sharif Naji Naseef အမည်ရှိ အမျိုးသားကို ကွပ်မျက်မှုအား Riyadh ဒေသတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆော်ဒီသတင်းဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။ ဆော်ဒီအာရေးဗျနိုင်ငံသည် ကွပ်မျက်မှုများကို လုပ်ဆောင်နေခြင်းကြောင့် လူအခွင့်အရေးအဖွဲ့များက မကြာခဏ ပြစ်တင်ဝေဖန်လေ့ရှိကြောင်း သိရသည်။

သို့သော်လည်း ကွပ်မျက်ခံရသော Sharif Naji Naseef ၏ အသက်ကို တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခဲ့ခြင်းမျိုးမရှိကြောင်းလည်း သိရသည်။ Sharif Naji Naseef သည် ၎င်း၏ ဖခင်ဖြစ်သူအား ရိုက်နှက်ကာ လည်ပင်းညှစ်သတ်ခဲ့ပြီးနောက် ကိုယ်လက်အင်္ဂါများကို ဖြတ်တောက်ခဲ့ကြောင်း ဆော်ဒီအာရေးဗျတရားရုံးက ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းသည် မူးယစ်ဆေးဝါးများသုံးစွဲကာ အခြားလူတစ်ဦးကိုလည်း သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း ဆော်ဒီသတင်းဌာနက ဖော်ပြခဲ့သည်။ Sharif Naji Naseef အား မည်ကဲ့သို့ ကွပ်မျက်ခဲ့သည့်ဆိုသည့်အချက်ကို အတိအကျဖော်ပြထားခြင်းမျိုးမရှိသော်လည်း ဆော်ဒီအာရေးဗျနိုင်ငံသည် ယခင်က သေဒဏ်ပေးမှုများကို စီရင် သည့်အခါတွင် ခေါင်းဖြတ်ကွပ်မျက်လေ့ရှိကြောင်း သိရသည်။ Sharif Naji Naseef ကို ကွပ်မျက်မှုနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံဖက်က မှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်းလည်း သိရသည်။

Zawgyi Version;
ဖခင္ျဖစ္သူကို ညႇင္းပန္းႏွိပ္စက္ကာ သတ္ျဖတ္ခဲ့သည့္ အေမရိကန္ႏိုင္ငံသားကို ကြပ္မ်က္ခဲ့ေၾကာင္း ေဆာ္ဒီအာေရးဗ်အစိုးရ ေျပာ
Pika (NP News) - ၾသဂုတ္ ၁၇

ေဆာ္ဒီအာေရးဗ်ႏိုင္ငံသည္ ဖခင္ျဖစ္သူကို ညႇင္းပန္းႏွိပ္စက္ကာ သတ္ျဖတ္မႈျဖင့္ ျပစ္ဒဏ္က်ခံေနရေသာ အေမရိကန္ႏိုင္ငံသားတစ္ဦးကို ဩဂုတ္လ(၁၆)ရက္တြင္ ကြပ္မ်က္ခဲ့ေၾကာင္း ေဒသတြင္းမီဒီယာမ်ား က ေဖာ္ျပခဲ့သည္။

အဆိုပါကြပ္မ်က္မႈေၾကာင့္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံတြင္ ယခုအတြင္း ကြပ္မ်က္ခံရသည့္ ႏိုင္ငံျခားသားအနည္းဆုံး (၁၉)ဦးထိ ရွိလာၿပီျဖစ္ေၾကာင္း သိရသည္။

Bishoy Sharif Naji Naseef အမည္ရွိ အမ်ိဳးသားကို ကြပ္မ်က္မႈအား Riyadh ေဒသတြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ေဆာ္ဒီသတင္းဌာနမွ တာဝန္ရွိသူတစ္ဦး က ေျပာၾကားခဲ့သည္။ ေဆာ္ဒီအာေရးဗ်ႏိုင္ငံသည္ ကြပ္မ်က္မႈမ်ားကို လုပ္ေဆာင္ေနျခင္းေၾကာင့္ လူအခြင့္အေရးအဖြဲ႕မ်ားက မၾကာခဏ ျပစ္တင္ေဝဖန္ေလ့ရွိေၾကာင္း သိရသည္။

သို႔ေသာ္လည္း ကြပ္မ်က္ခံရေသာ Sharif Naji Naseef ၏ အသက္ကို တာဝန္ရွိသူမ်ားက ထုတ္ေဖာ္ ေျပာၾကားခဲ့ျခင္းမ်ိဳးမရွိေၾကာင္းလည္း သိရသည္။ Sharif Naji Naseef သည္ ၎၏ ဖခင္ျဖစ္သူအား ႐ိုက္ႏွက္ကာ လည္ပင္းညႇစ္သတ္ခဲ့ၿပီးေနာက္ ကိုယ္လက္အဂၤါမ်ားကို ျဖတ္ေတာက္ခဲ့ေၾကာင္း ေဆာ္ဒီအာေရးဗ်တရား႐ုံးက ေျပာၾကားခဲ့သည္။

ထို႔အျပင္ ၎သည္ မူးယစ္ေဆးဝါးမ်ားသုံးစြဲကာ အျခားလူတစ္ဦးကိုလည္း သတ္ျဖတ္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္း ေဆာ္ဒီသတင္းဌာနက ေဖာ္ျပခဲ့သည္။ Sharif Naji Naseef အား မည္ကဲ့သို႔ ကြပ္မ်က္ခဲ့သည့္ဆိုသည့္အခ်က္ကို အတိအက်ေဖာ္ျပထားျခင္းမ်ိဳးမရွိေသာ္လည္း ေဆာ္ဒီအာေရးဗ်ႏိုင္ငံသည္ ယခင္က ေသဒဏ္ေပးမႈမ်ားကို စီရင္ သည့္အခါတြင္ ေခါင္းျဖတ္ကြပ္မ်က္ေလ့ရွိေၾကာင္း သိရသည္။ Sharif Naji Naseef ကို ကြပ္မ်က္မႈႏွင့္ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံဖက္က မွတ္ခ်က္ျပဳေျပာဆိုျခင္းမ်ိဳး မရွိေသးေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.