မီးပူတိုက်နေစဉ် ဝါယာရှော့ဖြစ်ရာမှ နေအိမ်တစ်လုံးမီးလောင်ပျက်စီးမှု မော်လမြိုင်မြို့တွင်ဖြစ်ပွား

680
သန့်ဇင်(NP News) - ဩဂုတ် ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နေအိမ်တစ်လုံးတွင် လျှပ်စစ်မီးပူဖြင့် မီးပူတိုက်နေစဉ် ဝါယာရှော့ဖြစ်ရာမှ လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုသည် ယမန်နေ့ (ဩဂုတ်လ ၁၇ ရက်)၊ ည ၈နာရီခွဲအချိန်ခန့်တွင် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ အိုးရုံလမ်းရှိ နေအိမ်တစ်လုံးတွင်ဖြစ်ပွားခဲ့ကြောင်း အေးမြကြည်လင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
"လျှပ်စစ်မီးကစလောင်တာလို့တော့ပြောတယ်။ မီးပူတိုတ်နေရင်းကနေ ဝါယာရှော့ဖြစ်ပြီးတော့ လောင်တယ်လို့တော့ပြောတယ်"ဟု အေးမြကြည်လင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
"ပျက်စီးဆုံးရှုံးမှုကတော့ အိမ်တစ်အိမ်တော့ပါသွားတယ်။ အခြားလူထိခိုက်မှုတော့မရှိပါဘူး။ ရပ်ကွက်က လူတွေ ဝိုင်းငြှိမ်းသတ်ပေးတော့ အခြားတော့မီးမကူးပါဘူး"ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းမီးလောင်မှုတွင် မော်လမြိုင်မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအသင်းများနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၉နာရီခွဲအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
zawgyi version
မီးပူတိုက္ေနစဥ္ ဝါယာေရွာ့ျဖစ္ရာမွ ေနအိမ္တစ္လုံးမီးေလာင္ပ်က္စီးမႈ ေမာ္လၿမိဳင္ၿမိဳ႕တြင္ျဖစ္ပြား
သန႔္ဇင္(NP News) - ဩဂုတ္ ၁၈
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ေနအိမ္တစ္လုံးတြင္ လွ်ပ္စစ္မီးပူျဖင့္ မီးပူတိုက္ေနစဥ္ ဝါယာေရွာ့ျဖစ္ရာမွ လူေနအိမ္တစ္လုံးမီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ မီးေလာင္မႈသည္ ယမန္ေန႔ (ဩဂုတ္လ ၁၇ ရက္)၊ ည ၈နာရီခြဲအခ်ိန္ခန႔္တြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ မုပြန္ရပ္ကြက္၊ အိုး႐ုံလမ္းရွိ ေနအိမ္တစ္လုံးတြင္ျဖစ္ပြားခဲ့ေၾကာင္း ေအးျမၾကည္လင္လူမႈကူညီေရးအသင္းထံမွ သိရသည္။
"လွ်ပ္စစ္မီးကစေလာင္တာလို႔ေတာ့ေျပာတယ္။ မီးပူတိုတ္ေနရင္းကေန ဝါယာေရွာ့ျဖစ္ၿပီးေတာ့ ေလာင္တယ္လို႔ေတာ့ေျပာတယ္"ဟု ေအးျမၾကည္လင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါမီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း လူေနအိမ္တစ္လုံး မီးေလာင္ပ်က္စီးဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။
"ပ်က္စီးဆုံးရႈံးမႈကေတာ့ အိမ္တစ္အိမ္ေတာ့ပါသြားတယ္။ အျခားလူထိခိုက္မႈေတာ့မရွိပါဘူး။ ရပ္ကြက္က လူေတြ ဝိုင္းျငႇိမ္းသတ္ေပးေတာ့ အျခားေတာ့မီးမကူးပါဘူး"ဟု ၎ကဆက္လက္ေျပာသည္။
၎မီးေလာင္မႈတြင္ ေမာ္လၿမိဳင္မီးသတ္တပ္ဖြဲ႕၊ လူမႈကူညီေရးအသင္းမ်ားႏွင့္ ရပ္ကြက္ေနျပည္သူမ်ားက ဝိုင္းဝန္းမီးျငႇိမ္းသတ္ခဲ့ရာ ည ၉နာရီခြဲအခ်ိန္တြင္ မီးျငႇိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။