မြန်မာ- တရုတ် နှစ်နိုင်ငံယဥ်ကျေးမှု ပေါင်းစည်းရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံဘက်က ဆန္ဒရှိနေ

984
ယွန်း (NP News) - သြဂုတ် ၁၈
မြန်မာ-တရုတ် နှစ်နိုင်ငံယဥ်ကျေးမှု ပေါင်းစည်းရေးနှင့် ပြည်သူချင်း စိတ်ချင်းဆက်နွယ်မှုကို မြှင့်တင်ရန် တရုတ်နိုင်ငံဘက်က ဆန္ဒရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူး Ms. Cao Jing သည် ရန်ကုန်မြို့ရှိ အမျိုးသားစာကြည့်တိုက်သို့ သြဂုတ်လ(၁၇)ရက်က သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ အမျိုးသားစာကြည့်တိုက်နှင့် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်၍ နှစ်နိုင်ငံယဉ်ကျေးမှု ပေါင်းစည်းမှုနှင့် ပြည်သူချင်း စိတ်ချင်းဆက်နွယ်မှုကို ပိုမိုမြှင့်တင်ရန် ဆန္ဒရှိကြောင်း Ms. Cao Jing က အသိပေးပြောကြားခဲ့သည်။
တရုတ်-မြန်မာနှစ်နိုင်ငံသည် တည်နေရာချင်းနီးကပ်ပြီး ပြည်သူချင်း ခင်မင်ရင်းနှီးကာ ယဉ်ကျေးမှုချင်း ဆက်နွယ်လျက်ရှိပြီး ယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ ရှည်လျားသည့်သမိုင်းကြောင်းရှိကြောင်း Ms. Cao Jing ကပြောသည်။
ထို့ကြောင့် စာကြည့်တိုက်များ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေး၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံ အမျိုးသားစာကြည့်တိုက်အနေဖြင့်လည်း တရုတ်သံရုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ၍ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်သိရှိမှုနှင့် ချစ်ခင်ရင်းနှီးမှုများကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း သိရသည်။

zawgyi version
ျမန္မာ- တ႐ုတ္ ႏွစ္ႏိုင္ငံယဥ္ေက်းမႈ ေပါင္းစည္းေရးကို ျမႇင့္တင္ရန္ တ႐ုတ္ႏိုင္ငံဘက္က ဆႏၵရွိေန
ယြန္း (NP News) - ၾသဂုတ္ ၁၈
ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံယဥ္ေက်းမႈ ေပါင္းစည္းေရးႏွင့္ ျပည္သူခ်င္း စိတ္ခ်င္းဆက္ႏြယ္မႈကို ျမႇင့္တင္ရန္ တ႐ုတ္ႏိုင္ငံဘက္က ဆႏၵရွိေနေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံးမွ သံမႉး Ms. Cao Jing သည္ ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားစာၾကည့္တိုက္သို႔ ၾသဂုတ္လ(၁၇)ရက္က သြားေရာက္ေလ့လာခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ အမ်ိဳးသားစာၾကည့္တိုက္ႏွင့္ ကူးလူးဖလွယ္ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္၍ ႏွစ္ႏိုင္ငံယဥ္ေက်းမႈ ေပါင္းစည္းမႈႏွင့္ ျပည္သူခ်င္း စိတ္ခ်င္းဆက္ႏြယ္မႈကို ပိုမိုျမႇင့္တင္ရန္ ဆႏၵရွိေၾကာင္း Ms. Cao Jing က အသိေပးေျပာၾကားခဲ့သည္။
တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံသည္ တည္ေနရာခ်င္းနီးကပ္ၿပီး ျပည္သူခ်င္း ခင္မင္ရင္းႏွီးကာ ယဥ္ေက်းမႈခ်င္း ဆက္ႏြယ္လ်က္ရွိၿပီး ယဥ္ေက်းမႈ ကူးလူးဖလွယ္မႈမ်ား ရွည္လ်ားသည့္သမိုင္းေၾကာင္းရွိေၾကာင္း Ms. Cao Jing ကေျပာသည္။
ထို႔ေၾကာင့္ စာၾကည့္တိုက္မ်ား ပူးေပါင္းေဆာင္႐ြက္မႈသည္ ႏွစ္ႏိုင္ငံ လူမႈယဥ္ေက်းမႈကူးလူးဖလွယ္ေရး၏ အေရးပါေသာအစိတ္အပိုင္းတစ္ခုျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။
ျမန္မာႏိုင္ငံ အမ်ိဳးသားစာၾကည့္တိုက္အေနျဖင့္လည္း တ႐ုတ္သံ႐ုံးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္ ၍ ႏွစ္ႏိုင္ငံျပည္သူမ်ားအၾကား အျပန္အလွန္နားလည္သိရွိမႈႏွင့္ ခ်စ္ခင္ရင္းႏွီးမႈမ်ားကို ျမႇင့္တင္ရန္ ဆႏၵရွိေၾကာင္း သိရသည္။