နိုင်ဂျာ အာဏာသိမ်းမှုနှင့် အနောက်အာဖရိက မဟာဗျူဟာ အရွှေ့အပြောင်း (၁)
2097
Ko Hlaing (NP News) - ဩဂုတ် ၁၉
ဇူလိုင်လ ၂၆ ရက်က အနောက်အာဖရိကဒေသက နိုင်ဂျာနိုင်ငံမှာ သမ္မတမိုဟာမက် ဘာဇွမ်ကို နိုင်ဂျာ တပ်မတော်ကဖြုတ်ချပြီး အာဏာသိမ်းခဲ့ပါတယ်။ အာဖရိကမှာ စစ်ဘက်က အာဏာသိမ်းတာကတော့ သိပ်မဆန်းပါဘူး။ ဒါပေမယ့် ဒီတစ်ခါ နည်းနည်းထူးဆန်းတာလေးတွေရှိလာပါတယ်။
နိုင်ဂျာမတိုင်ခင် သူ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မာလီတို့၊ ဘူကီနာဖာဆိုတို့လို နိုင်ငံတွေမှာ သိပ်မကြာခင်က သူ့လိုပဲ အာဏာသိမ်းမှုတွေဖြစ်ခဲ့ပေမယ့် (မာလီမှာ ၂၀၂၀/၂၀၂၁၊ ဘူကီနာဖာဆိုမှာ ၂၀၂၂)ဘာမှ ထူးထူးခြားတုံ့ပြန်မှုတွေ မတွေ့ခဲ့ရဘဲ နိုင်ဂျာကိစ္စကျမှ ECOWAS လို့ခေါ်တဲ့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့က သမ္မတ ဘာဇွမ်ကို နှစ်ပတ်အတွင်း အာဏာပြန်ပေးဖို့ နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်တွေကို ရာဇသံပေးခဲ့ပြီး မလိုက်နာရင် စစ်ရေးအရ အင်အားသုံး ဝင်စွက်ရလိမ့်မယ်လို့ ခြိမ်းချောက်ခဲ့တာ တွေ့ရပါတယ်။ ပြင်သစ်၊ အမေရိကန်စတဲ့ အနောက်နိုင်ငံတွေကလည်း ပိတ်ဆို့ဖိအားပေးမှုတွေပြုလုပ်လာပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဒုဝန်ကြီး ဗစ်တိုရီယာနျူလန် ကိုယ်တိုင်တောင် နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်တွေနဲ့ လာတွေ့ပြီး ထိန်းသိမ်းခံသမ္မတပြန်လွှတ်ပေးရေးအတွက် တောင်းဆိုတိုက်တွန်းခဲ့တာ တွေ့ရပါတယ်။
နောက်တစ်ချက်ကတော့ အနောက်အာဖရိကဒေသမှာ ဩဇာလွှမ်းမိုးခဲ့တဲ့ ကိုလိုနီသခင်ဟောင်း ပြင်သစ်ရဲ့ အရှိန်အဝါတွေ သိသိသာသာကျဆင်းလာခဲ့ပြီး ရုရှားနိုင်ငံက ထိုးဖောက်ဝင်ရောက်လာတာဖြစ်ပါတယ်။ စစ်ရေးအနေနဲ့ပြောရရင် အနောက်အာဖရိကမှာ အစ္စလမ္မစ်အကြမ်းဖက်ရန်ကို ကာကွယ်ပေးဖို့ဆိုပြီး ရောက်နေတဲ့ ပြင်သစ်တပ်ဖွဲ့တွေ နှင်ထုတ်ခံနေရပြီး သူတို့အစား ရုရှားက ဝဂ္ဂနာကြေးစားတပ်ဖွဲ့တွေကို ငှားရမ်းအသုံးပြုလာတာ တွေ့ရပါတယ်။ ပြင်သစ်တွေကို သာမန်ပြည်သူတွေကပါ ဆန့်ကျင်လာသလို တစ်ဘက်မှာတော့ ရုရှားတွေကို အာဏာသိမ်းအစိုးရတွေကတင်မဟုတ်ဘဲ အဲဒီဒေသခံလူထုကပါ လိုလားထောက်ခံတာမျိုးလည်း တွေ့ရပါတယ်။
ဒီလိုဖြစ်ပေါ်လာတဲ့ အနေအထားတွေက သာမန်ကြည့်ရင်တော့ ရုတ်တရက်ဖြစ်လာသလိုထင်ရပေမဲ့ တကယ်တော့ တရွေ့ရွေ့နဲ့ အကြောင်းတရားတွေစုစည်းလာရာကနေ အကျိုးဆက်တွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
သယံဇာတ လက်ဝါးကြီးအုပ်မှု
အကြောင်းတရားတစ်ခုကတော့ ပြင်သစ်ကိုလိုနီဟောင်း နိုင်ငံတွေအပေါ် ပြင်သစ်က အခုအချိန်အထိ စီးပွားရေးအမြတ်ထုတ် ဗိုလ်ကျ ခြယ်လှယ်နေတာကို မကြေမနပ်ဖြစ်လာကြတာပဲ ဖြစ်ပါတယ်။ တကယ်တော့ အာဖရိကတိုက်ဟာ စိန်၊ရွှေ၊ ယူရေနီယမ်၊ ရေနံ၊ စတဲ့ အဖိုးတန် သဘာဝ သယံဇာတတွေနဲ့ အကြွယ်ဝဆုံး ကုန်းမြေထုကြီးတစ်ခုဖြစ်ပါတယ်။ "ဒါပေမဲ့ အာဖရိကနိုင်ငံတွေကျတော့ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးဖြစ်နေကြတာ ဘာကြောင့်လဲ" ဆိုတဲ့ မေးခွန်းက ယခုအခါမှာ အာဖရိကတိုက်အတွင်း အထူးသဖြင့် လူငယ်တွေအကြားမှာ အတော်ကလေးကျယ်ပြန့်လာတာတွေ့ရပါတယ်။
အာဖရိကတိုက်၊ အထူးသဖြင့် အနောက်အာဖရိကမှာ နယ်ချဲ့အရင်းရှင်ခေတ်က ပြင်သစ်ကိုလိုနီတွေများခဲ့ပါတယ်။ ကိုလိုနီနယ်ချဲ့တွေဟာ သိမ်းပိုက်ခံဒေသတွေက သဘာဝသယံဇာတတွေ စိုက်ပျိုးရေးထုတ်ကုန်တွေကို အလကား/ပေါပေါပဲပဲနဲ့ရယူပြီး သူတို့စက်ရုံတွေမှာ ကုန်ချောထုတ် ဈေးကြီးကြီးနဲ့ ပြန်ရောင်း အမြတ်ထုတ်ပြီး ကြီးပွားချမ်းသာလာကြတာဖြစ်ပါတယ်။ အာဖရိက ကျတော့ ပိုဆိုးပါတယ်။ လူတွေကိုပါ ငွေဝယ်ကျွန်အဖြစ်နဲ့ ဖမ်းပြီးရောင်းစားတာခံကြရပါတယ်။ "ရွှေကိုယူသည်၊ငွေကိုယူသည်၊ ပြီးတော့ လူကိုပါယူသည်၊ အမျိုးပျောက်မှာ စိုးကြောက်လှပါသည်။"ဆိုတဲ့အတိုင်းပါပဲ။ အရောင်းစားခံရပြီးတော့လည်း လူလို သဘောထားဆက်ဆံခံရတာမဟုတ်ပါဘူး။ သံကြိုးတန်းလန်းနဲ့ တိရစ္ဆာန်တွေလို ကြာပွတ်သံအောက်မှာ အလုပ်ကြမ်းတွေ လုပ်ခဲ့ကြရတာပါ။ဒါကြောင့် အာဖရိကန်တွေ မကြေနပ်ပေမဲ့ အားမတန်လို့ မာန်လျှော့ထားခဲ့ရတာဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ကမ္ဘာတစ်လွှား ကိုလိုနီလက်အောက်ခံဒေသတွေရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတွေ ပြင်းထန်လာခဲ့ပါတယ်။ အာဖရိကနိုင်ငံအများစုကတော့ ၁၉၆၀ပြည့်လွန်နှစ်တွေအထိ လှုပ်ရှားရုန်းကန်နေကြရတုန်းဖြစ်ပါတယ်။ အာဖရိကန်တွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုကို အဲဒီလခတ်က စစ်အေးတိုက်ပွဲအနေအထားအရ အရှေ့အုပ်စု နိုင်ငံတွေက ကူညီ အားပေးခဲ့ကြပါတယ်။
ကိုလိုနီဆိုးမွေများ
အာဖရိကဒေသဟာ ကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးရခဲ့ကြပေမဲ့ ကိုလိုနီဆိုးမွေတွေကတော့ ဆက်ပြီးကျန်နေခဲ့တာ တွေ့ရပါတယ်။ကိုလိုနီနယ်ချဲ့ သခင်ကြီးဟောင်းတွေက လူမှုရေး ဘာသာရေး ယဉ်ကျေးမှုကအစ လွှမ်းမိုးထားသလို ဘာသာစကားအုပ်စုအနေနဲ့ ထိန်းချုပ်ထားခဲ့တာပါ။ အာဖရိကမှာ ပြင်သစ်စကားပြော Francophone အုပ်စုနဲ့ အင်္ဂလိပ်စကားပြော Anglophone အုပ်စုဆိုပြီး နှစ်ပိုင်းကွဲနေပါတယ်။ စီးပွားရေးမှာ အုပ်စုအလိုက် သက်ဆိုင်ရာကိုလိုနီကုမ္ပဏီကြီးတွေက အာဖရိက ကျွန်နိုင်ငံဟောင်းတွေရဲ့ သယံဇာတတွေ ချုပ်ကိုင်ထားကြတာပါ။ ဓနသဟာယပုံစံမျိုးနဲ့ သူတို့ကို ကျော်လွန်မရအောင်လုပ်ထားတာဖြစ်ပါတယ်။ ငွေကြေးကအစ ကိုလိုနီအမွေကိုဆက်ခံကြရတာတွေ့ရပါတယ်။
ပြင်သစ်အုပ်စုဆိုရင် Organisation Internationale de la Francophonie ဆိုတဲ့ လူမှုစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို ဖွဲ့စည်းထားပြီး ငွေကြေးအပိုင်းမှာ ဆိုရင်လည်း ပြင်သစ်ကိုလိုနီဟောင်းတွေအတွက် ပြင်သစ်က ကျောထောက်နောက်ခံပြု တီထွင်ပေးထားတဲ့ ဖရန့်ငွေ CFA Franc ကို ဆက်သုံးနေကြရတာဖြစ်ပါတယ်။
သူတို့နယ်ချဲ့တွေကတော့ ကိုလိုနီဟောင်းတွေ တိုးတက်အောင်ကူညီတာလို့ပြောတာပါပဲ။ လက်တွေ့မှာတော့ ဒီနိုင်ငံကလေးတွေမှာ လွတ်လပ်ပြီးတဲ့နောက် နိုင်ငံရေးအရ ဝါဒတွေ ကွဲကြ၊လူမျိုးရေးကွဲပြားမှုကြောင့် ပဋိပက္ခတွေဖြစ်။ နိုင်ငံရေးသမား အချင်းချင်း အာဏာလုကြရာကနေ ပြည်တွင်းစစ်ဖြစ်ကြ။ နွားကွဲရင် ကျားဆွဲတယ် ဆိုတာလို အမြတ်ထုတ်ဖို့ ချောင်းနေတဲ့ နယ်ချဲ့နိုင်ငံဟောင်းကြီးတွေက စီးပွားရေးသမားတွေက တစ်ဘက်စီကနေ ဝင်ပါပြီး သယံဇာတနဲ့ လက်နက်ကို ဖလှယ် ကုန်သွယ်ကြတော့ သယံဇာတကျိန်စာသင့်၊ ဒုက္ခနွံနစ်၊ဆင်းရဲ။ကပ်ရောဂါဖြစ်။ elites တွေက ဆရာသခင်ဟောင်းတွေရဲ့ မှိုင်းမမှုနဲ့ အဆင်ပြေ။ အောက်ခြေမှာတော့ ကမ္ဘာပျက်နေခဲ့တာ ကြာပါပြီ။
တချို့ပညာရှင်တွေက အာဖရိကဟာ ကမ္ဘာ့ အစနဲ့အဆုံးကို တပြိုင်တည်း တွေ့နိုင်တဲ့နေရာလို့ဆိုကြပါတယ်။ အစဆိုတာက လူနေမှုအဆင့် ကမ္ဘာဦးပုံစံ။ အဆုံးဆိုတာက ကပ်ကြီးသုံးပါးဆိုက်ပြီး ကမ္ဘာပျက်ခါနီးလိုဖြစ်နေတာကို ဆိုလိုတာပါ။
မျှော်လင့်ချက်တော်လှန်ရေး
အာဖရိကမှာ ဒီအခြေအနေတွေကို တွန်းလှန်ကျော်လွှားချင်တဲ့ မျှော်လင့်ချက်တော်လှန်ရေး revolution of rising expectation ဖြစ်လာတယ်လို့မြင်မိပါတယ်။
ဒီလိုဖြစ်လာတာလည်း အဓိက အကြောင်းရင်း ၂ချက်ရှိတယ်လို့မြင်ပါတယ်။ တစ်ချက်က အနောက်မှာ လစ်ဘရယ်အတွေးထွန်းကားလာတာပါ။ လစ်ဘရယ်အတွေးအမြင်တွေကြောင့် လူမည်းတွေလည်း တန်ဖိုးရှိတဲ့အသက်နဲ့ပါ ဆိုတဲ့ black lives matter လှုပ်ရှားမှုအားကောင်းလာခဲ့ပါတယ်။ တလောတုန်းက ပြင်သစ်မှာ ဖြစ်သွားတဲ့အဓိကရုဏ်းက အနှိမ်ခံ အသားအရောင်ရှိသူတွေရဲ့ အဖြူဆန့်ကျင်ရေးစိတ် အုံကြွမှုလို့ ဆိုနိုင်ပါတယ်။ ဒီစိတ်ဓါတ်ကအမည်းအများစုရှိတဲ့ အာဖရိကကို ကူးစက်လာခဲ့ပုံရပါတယ်။ ငါတို့မှာ သယံဇာတကြွယ်ဝလျက်နဲ့ အခုထိ ဘဝမှာ ကျွန်တွေလိုနေရတုန်းလို့မြင်လာကြတာပါ။ ဒါကြောင့် အာဖရိကမှာ အခုနောက်ပိုင်းအာဏာသိမ်းမှု တွေကို လူအများက ထောက်ခံလာကြတာတွေ့ရပါတယ်။ ပြင်သစ်ကိုလိုနီဟောင်းတွေမှာ ပြင်သစ်ဆန့်ကျင်ရေးဆန္ဒပြမှုတွေပါ တွေ့လာရပါတယ်။
နောက်တစ်ချက်က မဟာဗျူဟာအားပြိုင်မှုမှာ ရုရှားရဲ့စိတ်ဝင်စားမှုက ဒီဘက်ရောက်လာတာပါပဲ။ အာဖရိကဘက်မှာဆိုရင် ၂၀၁၉မှာ russia-africa summit စလုပ်ခဲ့တာ တွေ့ရပါတယ်။ ယူကရိန်းစစ်ဖြစ်ပြီး မကြာခင်ကပဲ ဒုတိယအကြိမ် summit လုပ်ခဲ့ပါတယ်။ ဒီ summit မှာ ရုရှားက အာဖရိကနိုင်ငံတွေအပေါ် တင်ရှိနေတဲ့ ဒေါ်လာဘီလျံ၂၀ ပမာဏလောက်ရှိတဲ့ အကြွေးတွေလျှော်ပေးခဲ့သလိုစားရေရိက္ခါ ခက်ခဲတဲ့ အာဖရိက ခြောက်နိုင်ငံကို သီးနှံတွေ တန်ချိန်ငါးသောင်းလောက် အလကားပေးဖို့ ကတိပြုခဲ့တာတွေ့ရပါတယ်။ ဒါတွေက ရုရှား-ယူကရိန်းစစ်ကြောင့် စားရေရိက္ခါအခက်အခဲနဲ့ စီးပွားရေး အကြပ်အတည်းအပေါ် စိုးရိမ်နေကြတဲ့ အာဖရိက နိုင်ငံတွေကို ဦးတည် စည်းရုံးလိုက်တဲ့သဘောပါပဲ။
မဟာအင်အားကြီး အမေရိကန်ကတော့ အာဖရိကကိုပစ်ထားတာကြာပြီဖြစ်ပါတယ်။ ၂၀၁၄ခုနှစ် အိုဘားမားလက်ထက်က summit နောက်ပိုင်း ၂၀၂၂ကျမှ ဒုတိယအကြိမ် အာဖရိက-အမေရိကန် summit ထလုပ်ပေမဲ့ သိပ်သိသာတဲ့ ရလာဒ် မမြင်တွေ့ရပါဘူး။ လူသားချင်းစာနာမှုအတွက် ဒေါ်လာသန်း ၅၀၀လောက် ပေးမယ်ဆိုပေမဲ့ အာဖရိက လူဦးရေ သန်း ၁၄၀၀ အတွက် တစ်ဦးကို ဆင့်၄၀တောင်မပြည့်တဲ့အကူအညီပါ။
အနောက်အာဖရိကမှာ ပြင်သစ်က ပြန်ဝင်ဖို့ကြိုးစားနေပြီး အစ္စလမ္မစ်အကြမ်းဖက်တွေတိုက်ဖို့ဆိုပြီးတော့ တပ်တွေလွှတ်ထားပေမဲ့ သခင်ကြီးပုံမပျောက်ဘဲ အထက်စီးနိုင်လွန်းတော့ သိပ် အဆင်မပြေလှဘူး။ တကယ်တော့ အမေရိကန်ကလည်း အာဖရိကကို အကြမ်းဖက်အတွက်ပဲ စိတ်ဝင်စားတာဖြစ်ပါတယ်။
ယူရေနီယမ်
နိုင်ဂျာကိစ္စကြည့်ရင် ကိုလိုနီသခင်ဟောင်း ပြင်သစ်က နိုင်ဂျာထွက်သမျှ ယူရေနီယံကိုဝယ်သုံးနေပါတယ်။ ပြင်သစ် ယူရေနီယံလိုအပ်ချက် ၂၅%လောက်ကို နိုင်ဂျာက ဖြည့်ဆည်းပေးနေတာပါ။ ဒါပေမဲ့ ကုန်ကြမ်းပဲရောင်းစားရတဲ့နိုင်ငံကတော့ ဆင်းရဲတွင်းက မတက်နိုင်ပါဘူး။ နိုင်ဂျာကရတဲ့ ယူရေနီယံနဲ့ အနုမြူဓါတ်ပေါင်းဖိုတွေ လည်ပြီး ပြင်သစ်က မီးထိန်ထိန်လင်းနေချိန်မှာ နိုင်ဂျာကတော့ လျှပ်စစ်ဓါတ်အားကို ကိုယ်တိုင်မထုတ်နိုင်လို့ နိုင်ဂျီးရီးယားက ဝယ်သုံးနေရတာဖြစ်ပါတယ်။
အခုနောက်ပိုင်း ယူကရိန်းစစ်ကြောင့် အာဖရိကကို မတင်ပို့နိုင်လို့ ကောက်ပဲသီးနှံ တွေ ဈေးတက်လာပါတယ်။ ကမ္ဘာ့စီးပွားရေး အကြပ်အတည်းမှာ ဆင်းရဲတဲ့နိုင်ငံတွေက ပိုခံစားကြရပါတယ်။ ဒီအခက်အခဲကို နိုင်ဂျာလူထုက အမျှော်လင့်အားထားခဲ့ကြတဲ့ သမ္မတ ဘာဇွမ်လည်း မဖြေရှင်းနိုင်တော့ လူတွေက စိတ်ပျက်လာကြတယ်။
စွမ်းအင် နိုင်ငံရေး
ဒီအခြေအနေမှာ ရုရှားအတွက် မဟာဗျူဟာအမြတ်ထွက်ဖို့ဖြစ်လာပါတယ်။ အာဖရိကနိုင်ငံတွေရင်ဆိုင်နေရတဲ့ အကြမ်းဖက်ကိစ္စကိုလည်း ရုရှားကဝဂ္ဂနာကြေးစားတပ်ဖွဲ့တွေနဲ့ ဖြေရှင်းမယ်ဆိုတာမျိုးဖြစ်လာပါတယ်။ ရုရှားအတွက် နိုင်ဂျာစစ်အစိုးရသစ်နဲ့ အဆင်ပြေရင် ယူကရိန်းကိုအားပေးနေတဲ့ ပြင်သစ်ကို စွမ်းအင်အရ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ နဂိုကတည်းက စွမ်းအင်အကြပ်အတည်းတွေ့နေတဲ့ ပြင်သစ်အတွက် နိုင်ဂျာက ယူရေနီယံမရတော့ရင် ကြီးမားတဲ့အခက်အခဲဖြစ်လာနိုင်သလိုရုရှားအတွက်တော့အတွက် ယူရေနီယံ တွေ အပိုဆောင်းရနိုင်ပြီး အနုမြူလက်နက်တွေတိုးထုတ်နိုင်မှာဖြစ်ပါတယ်။
ယူရေနီယံအပြင် နောက်ထပ် မဟာဗျူဟာ ကစားကွက် တစ်ခုက ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေ ဖြစ်ပါတယ်။ ရုရှားဆီက ဓါတ်ငွေ့မဝယ်နိုင်တော့တဲ့ ဥရောပနိုင်ံငံတွေ အထူးသဖြင့် မြေထဲပင်လယ်ကမ်းခြေနိုင်ငံတွေဟာ မြေထဲပင်လယ်တစ်ဘက်ကမ်း အာဖရိကတိုက်ဘက်က ဓါတ်ငွေ့ကို လှမ်းမျှော်လာပါတယ်။အာဖရိက မြောက်ခြမ်းက ရှိရင်းစွဲပိုက်လိုင်းတွေအပြင် ထပ်တိုးရနိုင်ဖို့ ရေနံနဲ့သဘာဝဓါတ်ငွေ့ကြွယ်ဝတဲ့ အာဖရိက အနောက်တောင်ပိုင်းက နိုင်ဂျီးရီးယားကိုပါ လက်လှမ်းမီချင်လာကြပါတယ်။ မြေထဲပင်လယ်ကမ်းခြေက အယ်လ်ဂျီးရီးယားနိုင်ငံမှာ ဥရောပနဲ့ဆက်တဲ့ ပိုက်လိုင်းတွေက ရှိပြီးသားဖြစ်လို့ ကြားထဲက နိုင်ဂျာကိုဖြတ်ပြီး နိုင်ဂျီးရီးယားနဲ့ ပိုက်လိုင်းသွယ်လိုက်ရင် ရနိုင်ပါတယ်။
ဒီလို ပိုက်လိုင်းသွယ်ဖို့ စိတ်ကူးက လွန်ခဲ့တဲ့ နှစ်ပေါင်း၄၀လောက်ကတည်းက ရှိခဲ့ပြီးသားပါ။ ဆာဟာရသဲကန္တာရဖြတ်ကျော် ဓါတ်ငွေ့ပိုက်လိုင်း Trans-Sahara Gas Pipeline (TSGP) လို့ လူသိများတဲ့ ဒီပိုက်လိုင်းဟာ အကြောင်းကြောင်းကြောင့် အကောင်အထည်မပေါ်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ခုနှစ်တုန်းက ထပ်ပြီးကြိုးစားခဲ့ကြပေမဲ့ ကမ္ဘာ့စီးပွားရေးအကြပ်အတည်းကြောင့် ရပ်ဆိုင်းသွားပြန်ပါတယ်။ ၂၀၂၂ခုနှစ်မှာတော့ ယူကရိန်းစစ်ပွဲကြောင့် ဒီအစီအစဉ်ကို ပြန်အသက်သွင်းဖို့ ကြိုးပမ်းလာကြပြန်ပါတယ်။ ဒေါ်လာ ၁၃ဘီလျံလောက် ကုန်ကျမယ့် ဒီပိုက်လိုင်းကြီးပြီးရင် နိုင်ဂျီးရီးယားအတွက်ကတော့ တစ်နှစ်ကို ဓါတ်ငွေ့ ကုဗပေ တစ်ထရီလီယံလောက်တင်ပို့နိုင်ပြီး ၂၀၂၂ခုနှစ်ပေါက်ဈေးအရ ကုဗပေ၁၀၀၀ကို ၉.၅၂ဒေါ်လာဖြစ်လို့ ၁ထရီလီယံ (သန်းပေါင်း ၁သန်း) ဆိုရင် ဒေါ်လာ ၉.၅ဘီလျံ ဝင်ငွေရရှိနိုင်တာဖြစ်ပါတယ်။ ဒါဟာ ECOWAS အုပ်စုခေါင်းဆောင်ဖြစ်တဲ့ နိုင်ဂျီးရီးယားက ဘာဖြစ်လို့ နိုင်ဂျာမှာ အာဏာသိမ်းတဲ့ကိစ္စအပေါ် သည်းသည်းလှုပ်ဖြစ်နေပြီး စစ်အင်အားသုံး ဝင်စွက်ဖို့ အတင်းပြောနေရတာလဲ ဆိုတဲ့ မေးခွန်းအတွက် နောက်ကွယ်က အကြောင်းတရားဖြစ်နိုင်ပါတယ်။
အာဖရိက စစ်ပွဲကြီး ဖြစ်လာနိုင်ဖွယ် ရှိ/မရှိ
ECOWAS အဖွဲ့က ထုတ်ပြန်ထားတဲ့ နိုင်ဂျာ သမ္မတဟောင်း ဘာဇွမ်ကို အာဏာပြန်ပေးရေး ရာဇသံ ရဲ့ နောက်ဆုံးရက်ကတော့ ကျော်သွားတာ အတော်ကြာပါပြီ။ နိုင်ဂျာ စစ်တပ်အစိုးရကတော့ ဘာဇွမ်ကို ပြန်မလွှတ်တဲ့အပြင် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲမယ်လို့တောင် ခြိမ်းချောက်ထားပါသေးတယ်။
ဩဂုတ်လ ၁၈ရက်နေ့အထိ နောက်ဆုံးအခြေအနေအရကတော့ ECOWAS တပ်တွေကို သက်ဆိုင်ရာနိုင်ငံတွေမှာ အသင့်စုဖွဲ့ထားပြီး တိုက်ခိုက်ရေး အင်အား ၂၅၀၀၀လောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ နိုင်ဂျာနိုင်ငံထဲ ဝင်ရောက်တိုက်ခိုက်ဖို့ နောက်ဆုံးစီမံချက်ကိုလည်း ဆွဲပြီးသွားပြီလို့ဆိုပါတယ်။
သို့သော် ECOWAS ၁၅နိုင်ငံမှာ စစ်ဘက်ကအုပ်ချုပ်နေတဲ့ ၃နိုင်ငံ (မာလီ၊ ဘူကီနာဖာဆိုနဲ့ ဂီနီယာ) နဲ့ ကိပ်ဗာဒီတို့ကတော့ ဒီအုပ်စုမှာ ပါဝင်မှာ မဟုတ်ပါဘူး။ ကျန်တဲ့ ၁၀နိုင်ငံမှာလည်း အဓိက ဦးဆောင်မှာက နိုင်ဂျီးရီးယားဖြစ်ပြီး၊ နိုင်ဂျာကို ဝင်မယ့်လမ်းကြောင်း ကလည်း နိုင်ဂျီးရီးယားဘက်ကပဲ ဖြစ်ဖွယ်ရှိပါတယ်။
နိုင်ဂျာရဲ့ တခြားအိမ်နီးချင်းတွေဖြစ်တဲ့ မာလီနဲ့ ဘူကီနာဖာဆိုတို့ကတော့ နိုင်ဂျာ အာဏာသိမ်းအစိုးရဘက်ကဖြစ်ပြီး ECOWAS က တပ်အင်အားသုံးလာရင် သူတို့ပါ နိုင်ဂျာဘက်ကဝင်တိုက်မယ်လို့ ပြောထားပါတယ်။ နိုင်ဂျာက စစ်ခေါင်းဆောင်တွေက ရုရှားကြေးစားဝဂ္ဂနာတပ်ဖွဲ့နဲ့ မာလီမှာ လျှို့ဝှက်တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်း လည်း ထွက်လာတော့ ဒီအရေးအခင်းမှာ ဝဂ္ဂနာတပ်ဖွဲ့ လည်းပါလာနိုင်ပါတယ်။
သေချာတာကတော့ စစ်ပွဲဖြစ်တာနဲ့ ECOWAS အဖွဲ့ဟာ နှစ်ခြမ်းကွဲတော့မှာဖြစ်ပြီး နှစ်ဘက် နိုင်ငံစုံ တိုက်တဲ့ နိုင်ငံတကာ စစ်ပွဲပုံစံဖြစ်သွားနိုင်ပါတယ်။ အဲဒီကမှ နောက်ကွယ်မှာရှိနေတဲ့ အင်အားကြီးတွေ ပါလာပြီး အာဖရိကရဲ့ ကမ္ဘာစစ်ဖြစ်သွားလိမ့်မယ်လို့ အီတလီက သတိပေးထားပါတယ်။
ECOWAS အပေါ်မှာ လွှမ်းမိုးမှုရှိတဲ့ အာဖရိက သမဂ္ဂ AU ရဲ့ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကောင်စီ ကတော့ စစ်အင်အားသုံးဖြေရှင်းမယ့်နည်းလမ်းကို မထောက်ခံဘူးလို့ဆိုပါတယ်။ နိုင်ဂျီးရီးယား အထက်လွှတ်တော်ကိုယ်တိုင်က နိုင်ဂျီးရီးယားတပ်ဖွဲ့တွေ,စေလွှတ်မှာကို သဘောမတူဘူးလို့ဆိုပါတယ်။
ဒါပေမဲ့ နိုင်ဂျီးရီးယား သမ္မတ တီနူဘူကတော့ စစ်အင်အားသုံးဖို့ အတော်ကို စိတ်အားထက်သန်နေပုံရပါတယ်။ ဒီသမ္မတက နောက်ကြောင်းခပ်ရှုပ်ရှုပ်ပါ။ နိုင်ဂျီးရီးယားမှာ အချမ်းသာဆုံးနိုင်ငံရေးသမားဖြစ်တဲ့ တီနုဘူဟာ အမေရိကန်မှာနေထိုင်ခဲ့တုန်းက မူးယစ်ရာဇာတွေနဲ့ပတ်သက်ခဲ့ဖူးသလို နိုင်ဂျီးရီးယားနိုင်ငံရေးသမားဘဝမှာလည်း အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ရှုပ်ထွေးတဲ့ ဂေါ့ဖားသားလို့ နာမည်ကြီးပါတယ်။ ဘာပဲဖြစ်ဖြစ် ဒေါ်လာ ၁၃ ဘီလျံတန်တဲ့ ပိုက်လိုင်းစီမံကိန်းကြီးကို နိုင်ငံတကာ ရေနံလုပ်ငန်းကြီးတွေ ဝိုင်းပြီး သွားရည်ယိုနေကြချိန်မှာ Mobil ရေနံ အမှုဆောင်ဟောင်းတစ်ယောက် ဖြစ်တဲ့ သမ္မတ တီနူဘူအနေနဲ့လည်း ဒီပိုက်လိုင်းကို လက်လွတ်မခံနိုင်တာ မဆန်းပါဘူး။ ဒီပိုက်လိုင်းဖြစ်မြောက်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ နိုင်ဂျာနိုင်ငံကို လိုအပ်ရင် စစ်အင်အားသုံးဖို့လည်း သိပ်တော့ ဝန်လေးမှာမဟုတ်ပါဘူး။ နောက်ဆုံးတော့လည်း အကျိုးစီးပွား အဓိကပါပဲ။
(ဆက်လက်ဖေါ်ပြပါမည်)
မှတ်ချက် ။ ။ ဆောင်းပါးရှင် Ko Hlaing သည် လက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး(၂)၏ ပြည်ထောင်စုဝန်ကြီးဖြစ်ပြီး နိုင်ငံတကာရေးရာ သုတေသီတစ်ဦးလည်းဖြစ်သည်။
zawgyi version
ႏိုင္ဂ်ာ အာဏာသိမ္းမႈႏွင့္ အေနာက္အာဖရိက မဟာဗ်ဴဟာ အေ႐ႊ႕အေျပာင္း (၁)
Ko Hlaing (NP News) - ဩဂုတ္ ၁၉
ဇူလိုင္လ ၂၆ ရက္က အေနာက္အာဖရိကေဒသက ႏိုင္ဂ်ာႏိုင္ငံမွာ သမၼတမိုဟာမက္ ဘာဇြမ္ကို ႏိုင္ဂ်ာ တပ္မေတာ္ကျဖဳတ္ခ်ၿပီး အာဏာသိမ္းခဲ့ပါတယ္။ အာဖရိကမွာ စစ္ဘက္က အာဏာသိမ္းတာကေတာ့ သိပ္မဆန္းပါဘူး။ ဒါေပမယ့္ ဒီတစ္ခါ နည္းနည္းထူးဆန္းတာေလးေတြရွိလာပါတယ္။
ႏိုင္ဂ်ာမတိုင္ခင္ သူ႔အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ မာလီတို႔၊ ဘူကီနာဖာဆိုတို႔လို ႏိုင္ငံေတြမွာ သိပ္မၾကာခင္က သူ႔လိုပဲ အာဏာသိမ္းမႈေတြျဖစ္ခဲ့ေပမယ့္ (မာလီမွာ ၂၀၂၀/၂၀၂၁၊ ဘူကီနာဖာဆိုမွာ ၂၀၂၂)ဘာမွ ထူးထူးျခားတုံ႔ျပန္မႈေတြ မေတြ႕ခဲ့ရဘဲ ႏိုင္ဂ်ာကိစၥက်မွ ECOWAS လို႔ေခၚတဲ့ အေနာက္အာဖရိကႏိုင္ငံမ်ား စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕က သမၼတ ဘာဇြမ္ကို ႏွစ္ပတ္အတြင္း အာဏာျပန္ေပးဖို႔ ႏိုင္ဂ်ာအာဏာသိမ္းေခါင္းေဆာင္ေတြကို ရာဇသံေပးခဲ့ၿပီး မလိုက္နာရင္ စစ္ေရးအရ အင္အားသုံး ဝင္စြက္ရလိမ့္မယ္လို႔ ၿခိမ္းေခ်ာက္ခဲ့တာ ေတြ႕ရပါတယ္။ ျပင္သစ္၊ အေမရိကန္စတဲ့ အေနာက္ႏိုင္ငံေတြကလည္း ပိတ္ဆို႔ဖိအားေပးမႈေတြျပဳလုပ္လာပါတယ္။ အေမရိကန္ႏိုင္ငံျခားေရး ဒုဝန္ႀကီး ဗစ္တိုရီယာန်ဴလန္ ကိုယ္တိုင္ေတာင္ ႏိုင္ဂ်ာအာဏာသိမ္းေခါင္းေဆာင္ေတြနဲ႔ လာေတြ႕ၿပီး ထိန္းသိမ္းခံသမၼတျပန္လႊတ္ေပးေရးအတြက္ ေတာင္းဆိုတိုက္တြန္းခဲ့တာ ေတြ႕ရပါတယ္။
ေနာက္တစ္ခ်က္ကေတာ့ အေနာက္အာဖရိကေဒသမွာ ဩဇာလႊမ္းမိုးခဲ့တဲ့ ကိုလိုနီသခင္ေဟာင္း ျပင္သစ္ရဲ႕ အရွိန္အဝါေတြ သိသိသာသာက်ဆင္းလာခဲ့ၿပီး ႐ုရွားႏိုင္ငံက ထိုးေဖာက္ဝင္ေရာက္လာတာျဖစ္ပါတယ္။ စစ္ေရးအေနနဲ႔ေျပာရရင္ အေနာက္အာဖရိကမွာ အစၥလမၼစ္အၾကမ္းဖက္ရန္ကို ကာကြယ္ေပးဖို႔ဆိုၿပီး ေရာက္ေနတဲ့ ျပင္သစ္တပ္ဖြဲ႕ေတြ ႏွင္ထုတ္ခံေနရၿပီး သူတို႔အစား ႐ုရွားက ဝဂၢနာေၾကးစားတပ္ဖြဲ႕ေတြကို ငွားရမ္းအသုံးျပဳလာတာ ေတြ႕ရပါတယ္။ ျပင္သစ္ေတြကို သာမန္ျပည္သူေတြကပါ ဆန္႔က်င္လာသလို တစ္ဘက္မွာေတာ့ ႐ုရွားေတြကို အာဏာသိမ္းအစိုးရေတြကတင္မဟုတ္ဘဲ အဲဒီေဒသခံလူထုကပါ လိုလားေထာက္ခံတာမ်ိဳးလည္း ေတြ႕ရပါတယ္။
ဒီလိုျဖစ္ေပၚလာတဲ့ အေနအထားေတြက သာမန္ၾကည့္ရင္ေတာ့ ႐ုတ္တရက္ျဖစ္လာသလိုထင္ရေပမဲ့ တကယ္ေတာ့ တေ႐ြ႕ေ႐ြ႕နဲ႔ အေၾကာင္းတရားေတြစုစည္းလာရာကေန အက်ိဳးဆက္ေတြ ေပၚေပါက္လာတာျဖစ္ပါတယ္။
သယံဇာတ လက္ဝါးႀကီးအုပ္မႈ
အေၾကာင္းတရားတစ္ခုကေတာ့ ျပင္သစ္ကိုလိုနီေဟာင္း ႏိုင္ငံေတြအေပၚ ျပင္သစ္က အခုအခ်ိန္အထိ စီးပြားေရးအျမတ္ထုတ္ ဗိုလ္က် ျခယ္လွယ္ေနတာကို မေၾကမနပ္ျဖစ္လာၾကတာပဲ ျဖစ္ပါတယ္။ တကယ္ေတာ့ အာဖရိကတိုက္ဟာ စိန္၊ေ႐ႊ၊ ယူေရနီယမ္၊ ေရနံ၊ စတဲ့ အဖိုးတန္ သဘာဝ သယံဇာတေတြနဲ႔ အႂကြယ္ဝဆုံး ကုန္းေျမထုႀကီးတစ္ခုျဖစ္ပါတယ္။ "ဒါေပမဲ့ အာဖရိကႏိုင္ငံေတြက်ေတာ့ ကမာၻေပၚမွာ အဆင္းရဲဆုံးျဖစ္ေနၾကတာ ဘာေၾကာင့္လဲ" ဆိုတဲ့ ေမးခြန္းက ယခုအခါမွာ အာဖရိကတိုက္အတြင္း အထူးသျဖင့္ လူငယ္ေတြအၾကားမွာ အေတာ္ကေလးက်ယ္ျပန္႔လာတာေတြ႕ရပါတယ္။
အာဖရိကတိုက္၊ အထူးသျဖင့္ အေနာက္အာဖရိကမွာ နယ္ခ်ဲ႕အရင္းရွင္ေခတ္က ျပင္သစ္ကိုလိုနီေတြမ်ားခဲ့ပါတယ္။ ကိုလိုနီနယ္ခ်ဲ႕ေတြဟာ သိမ္းပိုက္ခံေဒသေတြက သဘာဝသယံဇာတေတြ စိုက္ပ်ိဳးေရးထုတ္ကုန္ေတြကို အလကား/ေပါေပါပဲပဲနဲ႔ရယူၿပီး သူတို႔စက္႐ုံေတြမွာ ကုန္ေခ်ာထုတ္ ေဈးႀကီးႀကီးနဲ႔ ျပန္ေရာင္း အျမတ္ထုတ္ၿပီး ႀကီးပြားခ်မ္းသာလာၾကတာျဖစ္ပါတယ္။ အာဖရိက က်ေတာ့ ပိုဆိုးပါတယ္။ လူေတြကိုပါ ေငြဝယ္ကြၽန္အျဖစ္နဲ႔ ဖမ္းၿပီးေရာင္းစားတာခံၾကရပါတယ္။ "ေ႐ႊကိုယူသည္၊ေငြကိုယူသည္၊ ၿပီးေတာ့ လူကိုပါယူသည္၊ အမ်ိဳးေပ်ာက္မွာ စိုးေၾကာက္လွပါသည္။"ဆိုတဲ့အတိုင္းပါပဲ။ အေရာင္းစားခံရၿပီးေတာ့လည္း လူလို သေဘာထားဆက္ဆံခံရတာမဟုတ္ပါဘူး။ သံႀကိဳးတန္းလန္းနဲ႔ တိရစာၦန္ေတြလို ၾကာပြတ္သံေအာက္မွာ အလုပ္ၾကမ္းေတြ လုပ္ခဲ့ၾကရတာပါ။ဒါေၾကာင့္ အာဖရိကန္ေတြ မေၾကနပ္ေပမဲ့ အားမတန္လို႔ မာန္ေလွ်ာ့ထားခဲ့ရတာျဖစ္ပါတယ္။
ဒုတိယကမာၻစစ္ႀကီးအၿပီးမွာ ကမာၻတစ္လႊား ကိုလိုနီလက္ေအာက္ခံေဒသေတြရဲ႕ လြတ္လပ္ေရးလႈပ္ရွားမႈေတြ ျပင္းထန္လာခဲ့ပါတယ္။ အာဖရိကႏိုင္ငံအမ်ားစုကေတာ့ ၁၉၆၀ျပည့္လြန္ႏွစ္ေတြအထိ လႈပ္ရွား႐ုန္းကန္ေနၾကရတုန္းျဖစ္ပါတယ္။ အာဖရိကန္ေတြရဲ႕ လြတ္ေျမာက္ေရးလႈပ္ရွားမႈကို အဲဒီလခတ္က စစ္ေအးတိုက္ပြဲအေနအထားအရ အေရွ႕အုပ္စု ႏိုင္ငံေတြက ကူညီ အားေပးခဲ့ၾကပါတယ္။
ကိုလိုနီဆိုးေမြမ်ား
အာဖရိကေဒသဟာ ကိုလိုနီလက္ေအာက္ကေန လြတ္လပ္ေရးရခဲ့ၾကေပမဲ့ ကိုလိုနီဆိုးေမြေတြကေတာ့ ဆက္ၿပီးက်န္ေနခဲ့တာ ေတြ႕ရပါတယ္။ကိုလိုနီနယ္ခ်ဲ႕ သခင္ႀကီးေဟာင္းေတြက လူမႈေရး ဘာသာေရး ယဥ္ေက်းမႈကအစ လႊမ္းမိုးထားသလို ဘာသာစကားအုပ္စုအေနနဲ႔ ထိန္းခ်ဳပ္ထားခဲ့တာပါ။ အာဖရိကမွာ ျပင္သစ္စကားေျပာ Francophone အုပ္စုနဲ႔ အဂၤလိပ္စကားေျပာ Anglophone အုပ္စုဆိုၿပီး ႏွစ္ပိုင္းကြဲေနပါတယ္။ စီးပြားေရးမွာ အုပ္စုအလိုက္ သက္ဆိုင္ရာကိုလိုနီကုမၸဏီႀကီးေတြက အာဖရိက ကြၽန္ႏိုင္ငံေဟာင္းေတြရဲ႕ သယံဇာတေတြ ခ်ဳပ္ကိုင္ထားၾကတာပါ။ ဓနသဟာယပုံစံမ်ိဳးနဲ႔ သူတို႔ကို ေက်ာ္လြန္မရေအာင္လုပ္ထားတာျဖစ္ပါတယ္။ ေငြေၾကးကအစ ကိုလိုနီအေမြကိုဆက္ခံၾကရတာေတြ႕ရပါတယ္။
ျပင္သစ္အုပ္စုဆိုရင္ Organisation Internationale de la Francophonie ဆိုတဲ့ လူမႈစီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ကို ဖြဲ႕စည္းထားၿပီး ေငြေၾကးအပိုင္းမွာ ဆိုရင္လည္း ျပင္သစ္ကိုလိုနီေဟာင္းေတြအတြက္ ျပင္သစ္က ေက်ာေထာက္ေနာက္ခံျပဳ တီထြင္ေပးထားတဲ့ ဖရန္႔ေငြ CFA Franc ကို ဆက္သုံးေနၾကရတာျဖစ္ပါတယ္။
သူတို႔နယ္ခ်ဲ႕ေတြကေတာ့ ကိုလိုနီေဟာင္းေတြ တိုးတက္ေအာင္ကူညီတာလို႔ေျပာတာပါပဲ။ လက္ေတြ႕မွာေတာ့ ဒီႏိုင္ငံကေလးေတြမွာ လြတ္လပ္ၿပီးတဲ့ေနာက္ ႏိုင္ငံေရးအရ ဝါဒေတြ ကြဲၾက၊လူမ်ိဳးေရးကြဲျပားမႈေၾကာင့္ ပဋိပကၡေတြျဖစ္။ ႏိုင္ငံေရးသမား အခ်င္းခ်င္း အာဏာလုၾကရာကေန ျပည္တြင္းစစ္ျဖစ္ၾက။ ႏြားကြဲရင္ က်ားဆြဲတယ္ ဆိုတာလို အျမတ္ထုတ္ဖို႔ ေခ်ာင္းေနတဲ့ နယ္ခ်ဲ႕ႏိုင္ငံေဟာင္းႀကီးေတြက စီးပြားေရးသမားေတြက တစ္ဘက္စီကေန ဝင္ပါၿပီး သယံဇာတနဲ႔ လက္နက္ကို ဖလွယ္ ကုန္သြယ္ၾကေတာ့ သယံဇာတက်ိန္စာသင့္၊ ဒုကၡႏြံနစ္၊ဆင္းရဲ။ကပ္ေရာဂါျဖစ္။ elites ေတြက ဆရာသခင္ေဟာင္းေတြရဲ႕ မႈိင္းမမႈနဲ႔ အဆင္ေျပ။ ေအာက္ေျခမွာေတာ့ ကမာၻပ်က္ေနခဲ့တာ ၾကာပါၿပီ။
တခ်ိဳ႕ပညာရွင္ေတြက အာဖရိကဟာ ကမာၻ႔ အစနဲ႔အဆုံးကို တၿပိဳင္တည္း ေတြ႕ႏိုင္တဲ့ေနရာလို႔ဆိုၾကပါတယ္။ အစဆိုတာက လူေနမႈအဆင့္ ကမာၻဦးပုံစံ။ အဆုံးဆိုတာက ကပ္ႀကီးသုံးပါးဆိုက္ၿပီး ကမာၻပ်က္ခါနီးလိုျဖစ္ေနတာကို ဆိုလိုတာပါ။
ေမွ်ာ္လင့္ခ်က္ေတာ္လွန္ေရး
အာဖရိကမွာ ဒီအေျခအေနေတြကို တြန္းလွန္ေက်ာ္လႊားခ်င္တဲ့ ေမွ်ာ္လင့္ခ်က္ေတာ္လွန္ေရး revolution of rising expectation ျဖစ္လာတယ္လို႔ျမင္မိပါတယ္။
ဒီလိုျဖစ္လာတာလည္း အဓိက အေၾကာင္းရင္း ၂ခ်က္ရွိတယ္လို႔ျမင္ပါတယ္။ တစ္ခ်က္က အေနာက္မွာ လစ္ဘရယ္အေတြးထြန္းကားလာတာပါ။ လစ္ဘရယ္အေတြးအျမင္ေတြေၾကာင့္ လူမည္းေတြလည္း တန္ဖိုးရွိတဲ့အသက္နဲ႔ပါ ဆိုတဲ့ black lives matter လႈပ္ရွားမႈအားေကာင္းလာခဲ့ပါတယ္။ တေလာတုန္းက ျပင္သစ္မွာ ျဖစ္သြားတဲ့အဓိက႐ုဏ္းက အႏွိမ္ခံ အသားအေရာင္ရွိသူေတြရဲ႕ အျဖဴဆန္႔က်င္ေရးစိတ္ အုံႂကြမႈလို႔ ဆိုႏိုင္ပါတယ္။ ဒီစိတ္ဓါတ္ကအမည္းအမ်ားစုရွိတဲ့ အာဖရိကကို ကူးစက္လာခဲ့ပုံရပါတယ္။ ငါတို႔မွာ သယံဇာတႂကြယ္ဝလ်က္နဲ႔ အခုထိ ဘဝမွာ ကြၽန္ေတြလိုေနရတုန္းလို႔ျမင္လာၾကတာပါ။ ဒါေၾကာင့္ အာဖရိကမွာ အခုေနာက္ပိုင္းအာဏာသိမ္းမႈ ေတြကို လူအမ်ားက ေထာက္ခံလာၾကတာေတြ႕ရပါတယ္။ ျပင္သစ္ကိုလိုနီေဟာင္းေတြမွာ ျပင္သစ္ဆန္႔က်င္ေရးဆႏၵျပမႈေတြပါ ေတြ႕လာရပါတယ္။
ေနာက္တစ္ခ်က္က မဟာဗ်ဴဟာအားၿပိဳင္မႈမွာ ႐ုရွားရဲ႕စိတ္ဝင္စားမႈက ဒီဘက္ေရာက္လာတာပါပဲ။ အာဖရိကဘက္မွာဆိုရင္ ၂၀၁၉မွာ russia-africa summit စလုပ္ခဲ့တာ ေတြ႕ရပါတယ္။ ယူကရိန္းစစ္ျဖစ္ၿပီး မၾကာခင္ကပဲ ဒုတိယအႀကိမ္ summit လုပ္ခဲ့ပါတယ္။ ဒီ summit မွာ ႐ုရွားက အာဖရိကႏိုင္ငံေတြအေပၚ တင္ရွိေနတဲ့ ေဒၚလာဘီလ်ံ၂၀ ပမာဏေလာက္ရွိတဲ့ အေႂကြးေတြေလွ်ာ္ေပးခဲ့သလိုစားေရရိကၡါ ခက္ခဲတဲ့ အာဖရိက ေျခာက္ႏိုင္ငံကို သီးႏွံေတြ တန္ခ်ိန္ငါးေသာင္းေလာက္ အလကားေပးဖို႔ ကတိျပဳခဲ့တာေတြ႕ရပါတယ္။ ဒါေတြက ႐ုရွား-ယူကရိန္းစစ္ေၾကာင့္ စားေရရိကၡါအခက္အခဲနဲ႔ စီးပြားေရး အၾကပ္အတည္းအေပၚ စိုးရိမ္ေနၾကတဲ့ အာဖရိက ႏိုင္ငံေတြကို ဦးတည္ စည္း႐ုံးလိုက္တဲ့သေဘာပါပဲ။
မဟာအင္အားႀကီး အေမရိကန္ကေတာ့ အာဖရိကကိုပစ္ထားတာၾကာၿပီျဖစ္ပါတယ္။ ၂၀၁၄ခုႏွစ္ အိုဘားမားလက္ထက္က summit ေနာက္ပိုင္း ၂၀၂၂က်မွ ဒုတိယအႀကိမ္ အာဖရိက-အေမရိကန္ summit ထလုပ္ေပမဲ့ သိပ္သိသာတဲ့ ရလာဒ္ မျမင္ေတြ႕ရပါဘူး။ လူသားခ်င္းစာနာမႈအတြက္ ေဒၚလာသန္း ၅၀၀ေလာက္ ေပးမယ္ဆိုေပမဲ့ အာဖရိက လူဦးေရ သန္း ၁၄၀၀ အတြက္ တစ္ဦးကို ဆင့္၄၀ေတာင္မျပည့္တဲ့အကူအညီပါ။
အေနာက္အာဖရိကမွာ ျပင္သစ္က ျပန္ဝင္ဖို႔ႀကိဳးစားေနၿပီး အစၥလမၼစ္အၾကမ္းဖက္ေတြတိုက္ဖို႔ဆိုၿပီးေတာ့ တပ္ေတြလႊတ္ထားေပမဲ့ သခင္ႀကီးပုံမေပ်ာက္ဘဲ အထက္စီးႏိုင္လြန္းေတာ့ သိပ္ အဆင္မေျပလွဘူး။ တကယ္ေတာ့ အေမရိကန္ကလည္း အာဖရိကကို အၾကမ္းဖက္အတြက္ပဲ စိတ္ဝင္စားတာျဖစ္ပါတယ္။
ယူေရနီယမ္
ႏိုင္ဂ်ာကိစၥၾကည့္ရင္ ကိုလိုနီသခင္ေဟာင္း ျပင္သစ္က ႏိုင္ဂ်ာထြက္သမွ် ယူေရနီယံကိုဝယ္သုံးေနပါတယ္။ ျပင္သစ္ ယူေရနီယံလိုအပ္ခ်က္ ၂၅%ေလာက္ကို ႏိုင္ဂ်ာက ျဖည့္ဆည္းေပးေနတာပါ။ ဒါေပမဲ့ ကုန္ၾကမ္းပဲေရာင္းစားရတဲ့ႏိုင္ငံကေတာ့ ဆင္းရဲတြင္းက မတက္ႏိုင္ပါဘူး။ ႏိုင္ဂ်ာကရတဲ့ ယူေရနီယံနဲ႔ အႏုျမဴဓါတ္ေပါင္းဖိုေတြ လည္ၿပီး ျပင္သစ္က မီးထိန္ထိန္လင္းေနခ်ိန္မွာ ႏိုင္ဂ်ာကေတာ့ လွ်ပ္စစ္ဓါတ္အားကို ကိုယ္တိုင္မထုတ္ႏိုင္လို႔ ႏိုင္ဂ်ီးရီးယားက ဝယ္သုံးေနရတာျဖစ္ပါတယ္။
အခုေနာက္ပိုင္း ယူကရိန္းစစ္ေၾကာင့္ အာဖရိကကို မတင္ပို႔ႏိုင္လို႔ ေကာက္ပဲသီးႏွံ ေတြ ေဈးတက္လာပါတယ္။ ကမာၻ႔စီးပြားေရး အၾကပ္အတည္းမွာ ဆင္းရဲတဲ့ႏိုင္ငံေတြက ပိုခံစားၾကရပါတယ္။ ဒီအခက္အခဲကို ႏိုင္ဂ်ာလူထုက အေမွ်ာ္လင့္အားထားခဲ့ၾကတဲ့ သမၼတ ဘာဇြမ္လည္း မေျဖရွင္းႏိုင္ေတာ့ လူေတြက စိတ္ပ်က္လာၾကတယ္။
စြမ္းအင္ ႏိုင္ငံေရး
ဒီအေျခအေနမွာ ႐ုရွားအတြက္ မဟာဗ်ဴဟာအျမတ္ထြက္ဖို႔ျဖစ္လာပါတယ္။ အာဖရိကႏိုင္ငံေတြရင္ဆိုင္ေနရတဲ့ အၾကမ္းဖက္ကိစၥကိုလည္း ႐ုရွားကဝဂၢနာေၾကးစားတပ္ဖြဲ႕ေတြနဲ႔ ေျဖရွင္းမယ္ဆိုတာမ်ိဳးျဖစ္လာပါတယ္။ ႐ုရွားအတြက္ ႏိုင္ဂ်ာစစ္အစိုးရသစ္နဲ႔ အဆင္ေျပရင္ ယူကရိန္းကိုအားေပးေနတဲ့ ျပင္သစ္ကို စြမ္းအင္အရ ထိန္းခ်ဳပ္ႏိုင္မွာျဖစ္ပါတယ္။ နဂိုကတည္းက စြမ္းအင္အၾကပ္အတည္းေတြ႕ေနတဲ့ ျပင္သစ္အတြက္ ႏိုင္ဂ်ာက ယူေရနီယံမရေတာ့ရင္ ႀကီးမားတဲ့အခက္အခဲျဖစ္လာႏိုင္သလို႐ုရွားအတြက္ေတာ့အတြက္ ယူေရနီယံ ေတြ အပိုေဆာင္းရႏိုင္ၿပီး အႏုျမဴလက္နက္ေတြတိုးထုတ္ႏိုင္မွာျဖစ္ပါတယ္။
ယူေရနီယံအျပင္ ေနာက္ထပ္ မဟာဗ်ဴဟာ ကစားကြက္ တစ္ခုက ေရနံနဲ႔ ဓါတ္ေငြ႕ပိုက္လိုင္းေတြ ျဖစ္ပါတယ္။ ႐ုရွားဆီက ဓါတ္ေငြ႕မဝယ္ႏိုင္ေတာ့တဲ့ ဥေရာပႏိုင္ံငံေတြ အထူးသျဖင့္ ေျမထဲပင္လယ္ကမ္းေျခႏိုင္ငံေတြဟာ ေျမထဲပင္လယ္တစ္ဘက္ကမ္း အာဖရိကတိုက္ဘက္က ဓါတ္ေငြ႕ကို လွမ္းေမွ်ာ္လာပါတယ္။အာဖရိက ေျမာက္ျခမ္းက ရွိရင္းစြဲပိုက္လိုင္းေတြအျပင္ ထပ္တိုးရႏိုင္ဖို႔ ေရနံနဲ႔သဘာဝဓါတ္ေငြ႕ႂကြယ္ဝတဲ့ အာဖရိက အေနာက္ေတာင္ပိုင္းက ႏိုင္ဂ်ီးရီးယားကိုပါ လက္လွမ္းမီခ်င္လာၾကပါတယ္။ ေျမထဲပင္လယ္ကမ္းေျခက အယ္လ္ဂ်ီးရီးယားႏိုင္ငံမွာ ဥေရာပနဲ႔ဆက္တဲ့ ပိုက္လိုင္းေတြက ရွိၿပီးသားျဖစ္လို႔ ၾကားထဲက ႏိုင္ဂ်ာကိုျဖတ္ၿပီး ႏိုင္ဂ်ီးရီးယားနဲ႔ ပိုက္လိုင္းသြယ္လိုက္ရင္ ရႏိုင္ပါတယ္။
ဒီလို ပိုက္လိုင္းသြယ္ဖို႔ စိတ္ကူးက လြန္ခဲ့တဲ့ ႏွစ္ေပါင္း၄၀ေလာက္ကတည္းက ရွိခဲ့ၿပီးသားပါ။ ဆာဟာရသဲကႏၲာရျဖတ္ေက်ာ္ ဓါတ္ေငြ႕ပိုက္လိုင္း Trans-Sahara Gas Pipeline (TSGP) လို႔ လူသိမ်ားတဲ့ ဒီပိုက္လိုင္းဟာ အေၾကာင္းေၾကာင္းေၾကာင့္ အေကာင္အထည္မေပၚခဲ့တာျဖစ္ပါတယ္။ ၂၀၀၉ခုႏွစ္တုန္းက ထပ္ၿပီးႀကိဳးစားခဲ့ၾကေပမဲ့ ကမာၻ႔စီးပြားေရးအၾကပ္အတည္းေၾကာင့္ ရပ္ဆိုင္းသြားျပန္ပါတယ္။ ၂၀၂၂ခုႏွစ္မွာေတာ့ ယူကရိန္းစစ္ပြဲေၾကာင့္ ဒီအစီအစဥ္ကို ျပန္အသက္သြင္းဖို႔ ႀကိဳးပမ္းလာၾကျပန္ပါတယ္။ ေဒၚလာ ၁၃ဘီလ်ံေလာက္ ကုန္က်မယ့္ ဒီပိုက္လိုင္းႀကီးၿပီးရင္ ႏိုင္ဂ်ီးရီးယားအတြက္ကေတာ့ တစ္ႏွစ္ကို ဓါတ္ေငြ႕ ကုဗေပ တစ္ထရီလီယံေလာက္တင္ပို႔ႏိုင္ၿပီး ၂၀၂၂ခုႏွစ္ေပါက္ေဈးအရ ကုဗေပ၁၀၀၀ကို ၉.၅၂ေဒၚလာျဖစ္လို႔ ၁ထရီလီယံ (သန္းေပါင္း ၁သန္း) ဆိုရင္ ေဒၚလာ ၉.၅ဘီလ်ံ ဝင္ေငြရရွိႏိုင္တာျဖစ္ပါတယ္။ ဒါဟာ ECOWAS အုပ္စုေခါင္းေဆာင္ျဖစ္တဲ့ ႏိုင္ဂ်ီးရီးယားက ဘာျဖစ္လို႔ ႏိုင္ဂ်ာမွာ အာဏာသိမ္းတဲ့ကိစၥအေပၚ သည္းသည္းလႈပ္ျဖစ္ေနၿပီး စစ္အင္အားသုံး ဝင္စြက္ဖို႔ အတင္းေျပာေနရတာလဲ ဆိုတဲ့ ေမးခြန္းအတြက္ ေနာက္ကြယ္က အေၾကာင္းတရားျဖစ္ႏိုင္ပါတယ္။
အာဖရိက စစ္ပြဲႀကီး ျဖစ္လာႏိုင္ဖြယ္ ရွိ/မရွိ
ECOWAS အဖြဲ႕က ထုတ္ျပန္ထားတဲ့ ႏိုင္ဂ်ာ သမၼတေဟာင္း ဘာဇြမ္ကို အာဏာျပန္ေပးေရး ရာဇသံ ရဲ႕ ေနာက္ဆုံးရက္ကေတာ့ ေက်ာ္သြားတာ အေတာ္ၾကာပါၿပီ။ ႏိုင္ဂ်ာ စစ္တပ္အစိုးရကေတာ့ ဘာဇြမ္ကို ျပန္မလႊတ္တဲ့အျပင္ ႏိုင္ငံေတာ္သစၥာေဖာက္မႈနဲ႔ တရားစြဲမယ္လို႔ေတာင္ ၿခိမ္းေခ်ာက္ထားပါေသးတယ္။
ဩဂုတ္လ ၁၈ရက္ေန႔အထိ ေနာက္ဆုံးအေျခအေနအရကေတာ့ ECOWAS တပ္ေတြကို သက္ဆိုင္ရာႏိုင္ငံေတြမွာ အသင့္စုဖြဲ႕ထားၿပီး တိုက္ခိုက္ေရး အင္အား ၂၅၀၀၀ေလာက္ရွိႏိုင္တယ္လို႔ ဆိုပါတယ္။ ႏိုင္ဂ်ာႏိုင္ငံထဲ ဝင္ေရာက္တိုက္ခိုက္ဖို႔ ေနာက္ဆုံးစီမံခ်က္ကိုလည္း ဆြဲၿပီးသြားၿပီလို႔ဆိုပါတယ္။
သို႔ေသာ္ ECOWAS ၁၅ႏိုင္ငံမွာ စစ္ဘက္ကအုပ္ခ်ဳပ္ေနတဲ့ ၃ႏိုင္ငံ (မာလီ၊ ဘူကီနာဖာဆိုနဲ႔ ဂီနီယာ) နဲ႔ ကိပ္ဗာဒီတို႔ကေတာ့ ဒီအုပ္စုမွာ ပါဝင္မွာ မဟုတ္ပါဘူး။ က်န္တဲ့ ၁၀ႏိုင္ငံမွာလည္း အဓိက ဦးေဆာင္မွာက ႏိုင္ဂ်ီးရီးယားျဖစ္ၿပီး၊ ႏိုင္ဂ်ာကို ဝင္မယ့္လမ္းေၾကာင္း ကလည္း ႏိုင္ဂ်ီးရီးယားဘက္ကပဲ ျဖစ္ဖြယ္ရွိပါတယ္။
ႏိုင္ဂ်ာရဲ႕ တျခားအိမ္နီးခ်င္းေတြျဖစ္တဲ့ မာလီနဲ႔ ဘူကီနာဖာဆိုတို႔ကေတာ့ ႏိုင္ဂ်ာ အာဏာသိမ္းအစိုးရဘက္ကျဖစ္ၿပီး ECOWAS က တပ္အင္အားသုံးလာရင္ သူတို႔ပါ ႏိုင္ဂ်ာဘက္ကဝင္တိုက္မယ္လို႔ ေျပာထားပါတယ္။ ႏိုင္ဂ်ာက စစ္ေခါင္းေဆာင္ေတြက ႐ုရွားေၾကးစားဝဂၢနာတပ္ဖြဲ႕နဲ႔ မာလီမွာ လွ်ိဳ႕ဝွက္ေတြ႕ဆုံခဲ့တယ္ဆိုတဲ့သတင္း လည္း ထြက္လာေတာ့ ဒီအေရးအခင္းမွာ ဝဂၢနာတပ္ဖြဲ႕ လည္းပါလာႏိုင္ပါတယ္။
ေသခ်ာတာကေတာ့ စစ္ပြဲျဖစ္တာနဲ႔ ECOWAS အဖြဲ႕ဟာ ႏွစ္ျခမ္းကြဲေတာ့မွာျဖစ္ၿပီး ႏွစ္ဘက္ ႏိုင္ငံစုံ တိုက္တဲ့ ႏိုင္ငံတကာ စစ္ပြဲပုံစံျဖစ္သြားႏိုင္ပါတယ္။ အဲဒီကမွ ေနာက္ကြယ္မွာရွိေနတဲ့ အင္အားႀကီးေတြ ပါလာၿပီး အာဖရိကရဲ႕ ကမာၻစစ္ျဖစ္သြားလိမ့္မယ္လို႔ အီတလီက သတိေပးထားပါတယ္။
ECOWAS အေပၚမွာ လႊမ္းမိုးမႈရွိတဲ့ အာဖရိက သမဂၢ AU ရဲ႕ ၿငိမ္းခ်မ္းေရးႏွင့္လုံၿခဳံေရးေကာင္စီ ကေတာ့ စစ္အင္အားသုံးေျဖရွင္းမယ့္နည္းလမ္းကို မေထာက္ခံဘူးလို႔ဆိုပါတယ္။ ႏိုင္ဂ်ီးရီးယား အထက္လႊတ္ေတာ္ကိုယ္တိုင္က ႏိုင္ဂ်ီးရီးယားတပ္ဖြဲ႕ေတြ,ေစလႊတ္မွာကို သေဘာမတူဘူးလို႔ဆိုပါတယ္။
ဒါေပမဲ့ ႏိုင္ဂ်ီးရီးယား သမၼတ တီႏူဘူကေတာ့ စစ္အင္အားသုံးဖို႔ အေတာ္ကို စိတ္အားထက္သန္ေနပုံရပါတယ္။ ဒီသမၼတက ေနာက္ေၾကာင္းခပ္ရႈပ္ရႈပ္ပါ။ ႏိုင္ဂ်ီးရီးယားမွာ အခ်မ္းသာဆုံးႏိုင္ငံေရးသမားျဖစ္တဲ့ တီႏုဘူဟာ အေမရိကန္မွာေနထိုင္ခဲ့တုန္းက မူးယစ္ရာဇာေတြနဲ႔ပတ္သက္ခဲ့ဖူးသလို ႏိုင္ဂ်ီးရီးယားႏိုင္ငံေရးသမားဘဝမွာလည္း အဂတိလိုက္စားမႈေတြနဲ႔ ပတ္သက္ရႈပ္ေထြးတဲ့ ေဂါ့ဖားသားလို႔ နာမည္ႀကီးပါတယ္။ ဘာပဲျဖစ္ျဖစ္ ေဒၚလာ ၁၃ ဘီလ်ံတန္တဲ့ ပိုက္လိုင္းစီမံကိန္းႀကီးကို ႏိုင္ငံတကာ ေရနံလုပ္ငန္းႀကီးေတြ ဝိုင္းၿပီး သြားရည္ယိုေနၾကခ်ိန္မွာ Mobil ေရနံ အမႈေဆာင္ေဟာင္းတစ္ေယာက္ ျဖစ္တဲ့ သမၼတ တီႏူဘူအေနနဲ႔လည္း ဒီပိုက္လိုင္းကို လက္လြတ္မခံႏိုင္တာ မဆန္းပါဘူး။ ဒီပိုက္လိုင္းျဖစ္ေျမာက္ဖို႔အတြက္ မရွိမျဖစ္ လိုအပ္တဲ့ ႏိုင္ဂ်ာႏိုင္ငံကို လိုအပ္ရင္ စစ္အင္အားသုံးဖို႔လည္း သိပ္ေတာ့ ဝန္ေလးမွာမဟုတ္ပါဘူး။ ေနာက္ဆုံးေတာ့လည္း အက်ိဳးစီးပြား အဓိကပါပဲ။
(ဆက္လက္ေဖၚျပပါမည္)
မွတ္ခ်က္ ။ ။ ေဆာင္းပါးရွင္ Ko Hlaing သည္ လက္ရွိ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး(၂)၏ ျပည္ေထာင္စုဝန္ႀကီးျဖစ္ၿပီး ႏိုင္ငံတကာေရးရာ သုေတသီတစ္ဦးလည္းျဖစ္သည္။