ငါးမျှားနေစဉ်ရေဆင်းကူးရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွား

 1621

သန့်ဇင် (NP News) - ဩဂုတ် ၁၉

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် သူငယ်ချင်းများနှင့်အတူ ငါးမျှားနေစဉ်ရေဆင်းကူးရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပုလဲမြို့အရံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်သည် ယမန်နေ့ (ဩဂုတ်လ ၁၈ရက်)၊ ညနေ ၃နာရီ ၄၅မိနစ်ဝန်းကျင်အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်းရှိ ရေကန်တစ်ခုအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"သူတို့ သူငယ်ချင်းတွေ အဲဒီကန်မှာ ငါးသွားမျှားတာတဲ့။ ငါးမျှားရင်းနဲ့ရေဆင်းကူတာမှာ ရေနစ်တာပေါ့" ဟု ပုလဲမြို့အရံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါရေနစ်သူအလောင်းအား သေဆုံးသူစတင်ရေကူးခဲ့သည့် နေရာနှင့် ပေ(၂၀)အကွာ ရေအောက်၌ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေနစ်သေဆုံးသူသည် သင်္ဃန်းကျွန်းရပ်ကွက်တွင်နေထိုင်သည့် အသက်(၃၀)အရွယ်အမျိုးသားဖြစ်ပြီး ၎င်းအား ပုလဲမြို့အရံမီးသတ်မှ မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ငါးမွ်ားေနစဥ္ေရဆင္းကူးရာမွ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံးမႈ မဂၤလာဒုံၿမိဳ႕နယ္တြင္ျဖစ္ပြား

သန႔္ဇင္ (NP News) - ဩဂုတ္ ၁၉

ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ သူငယ္ခ်င္းမ်ားႏွင့္အတူ ငါးမွ်ားေနစဥ္ေရဆင္းကူးရာမွ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ပုလဲၿမိဳ႕အရံမီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

အဆိုပါျဖစ္စဥ္သည္ ယမန္ေန႔ (ဩဂုတ္လ ၁၈ရက္)၊ ညေန ၃နာရီ ၄၅မိနစ္ဝန္းက်င္အခ်ိန္တြင္ မဂၤလာဒုံၿမိဳ႕နယ္၊ ေဇကမာၻဝန္းအတြင္းရွိ ေရကန္တစ္ခုအတြင္း၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"သူတို႔ သူငယ္ခ်င္းေတြ အဲဒီကန္မွာ ငါးသြားမွ်ားတာတဲ့။ ငါးမွ်ားရင္းနဲ႔ေရဆင္းကူတာမွာ ေရနစ္တာေပါ့" ဟု ပုလဲၿမိဳ႕အရံမီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါေရနစ္သူအေလာင္းအား ေသဆုံးသူစတင္ေရကူးခဲ့သည့္ ေနရာႏွင့္ ေပ(၂၀)အကြာ ေရေအာက္၌ ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေရနစ္ေသဆုံးသူသည္ သဃၤန္းကြၽန္းရပ္ကြက္တြင္ေနထိုင္သည့္ အသက္(၃၀)အ႐ြယ္အမ်ိဳးသားျဖစ္ၿပီး ၎အား ပုလဲၿမိဳ႕အရံမီးသတ္မွ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ေမဓါဝီေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.