မြဝတီလမ်းပိုင်းပြင်ဆင်နေဆဲကာလအတွင်း သွင်းကုန်လိုင်စင်ကြေး အပါအဝင် အခကြေးငွေအချို့ကို ကင်းလွတ်ခွင့်ပြုမည်ဟု အသိပေး

968
ယွန်း (NP News) - သြဂုတ် ၁၉
မြဝတီလမ်းပိုင်းပြင်ဆင်နေဆဲ ကာလအတွင်း သွင်ကုန်လိုင်စင်ကြေး အပါအဝင် အခကြေးငွေအချို့ကို ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ သြဂုတ်လ(၁၈)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လ(၇)ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာ- ထိုင်း ကုန်သွယ်မှုလမ်း ကြောင်းရှိ မြဝတီလမ်းပိုင်းအချို့ ပျက်စီးမှုကို ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် မြဝတီနယ်စပ်မှ တင်ပို့၊ တင်သွင်းရန် လိုင်စင်ခွင့်ပြုပေးထားပြီးသော ကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်းနှင့် မြန်မာ- ထိုင်းနယ်စပ်ရှိ အခြားကုန်သွယ်ရေးစခန်းတို့မှ ပြောင်းလဲတင်သွင်း ခွင့်ပြုကြောင်းကိုလည်း သြဂုတ်လ (၉)ရက်က ထုတ်ပြန်ထားပြီးဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြဝတီနယ်စပ်မှ တင်ပို့၊ တင်သွင်းရန် ပို့ကုန်၊ သွင်းကုန်လိုင်စင်ခွင့်ပြုပြီးသော ပစ္စည်းများကို မြန်မာ- ထိုင်းနယ်စပ်ရှိ တင်ပို့၊ တင်သွင်းလိုသည့် အခြားကုန်သွယ်ရေးစခန်းတစ်ခုခုသို့ ပြောင်းလဲဆောင်ရွက်ခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် မြဝတီနယ်စပ်မှ ပြောင်းလဲတင်သွင်းရန် သွင်းကုန်လိုင်စင်ရရှိပြီးသော ပစ္စည်းများအနက် ပြည် တွင်းသုံးစွဲရန်မရှိမဖြစ်လိုအပ်သည့် စိုက်ပျိုးရေးလုပ်ငန်းသုံးဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးများ၊ ဆေးဝါးပစ္စည်းများ၊ စက်ရုံသုံးကုန်ကြမ်းပစ္စည်းများကို ပင်လယ်ရေကြောင်းမှ ပြောင်းလဲတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ပင်လယ်ရေကြောင်းမှ ပြောင်းလဲတင်သွင်းခွင့်ပြုရာတွင် အကောက်ခွန်ဦးစီးဌာန၏ သွင်းကုန်ကြေညာလွှာ(ID) ထုတ်ယူမှုမှတ်တမ်းအရ အကောက်ခွန်ဦးစီးဌာနမှ စိစစ်ထောက်ခံထားသည့် လက်ကျန်စာရင်းအပေါ်တွင် ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ပင်လယ်ရေကြောင်း(ထိုင်းနိုင်ငံ)မှ ပြောင်းလဲတင်သွင်းခွင့် လျှောက်ထားမှုများအတွက် ကိစ္စရပ်တစ်ခုချင်းအပေါ်မူတည်၍ စိစစ်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
အလားတူ သီလဝါအထူးစီးပွားရေးဇုန်မှ မြဝတီနယ်စပ်မှတဆင့် တင်ပို့၊ တင်သွင်းခွင့်ပြုထားသည့် ကုန် ပစ္စည်းများအား ပြောင်းလဲတင်ပို့၊ တင်သွင်းခွင့်လျှောက်ထားခြင်းအတွက် အကောက်ခွန်ဦးစီးဌာန၏ မူလ ED/ID လက်ကျန်ပမာဏများအား “Invalid” ဆောင်ရွက်ရန် ထုတ်ပြန်ထားသည်။
အထက်ဖော်ပြပါ လုပ်ငန်းစဥ်များအရဆောင်ရွက်သည့် ပို့ကုန်၊ သွင်းကုန်လိုင်စင်ပြင်ဆင် ပိတ်သိမ်းခြင်း၊ လိုင်စင်အသစ် လျှောက်ထားခြင်းများအတွက် Tradenet 2.0 စနစ်တွင်ပေးသွင်းရသည့် အခကြေးငွေများကို ကင်းလွတ်ခွင့်ပြုကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ လိုင်စင်ပြင်ဆင်ကြေး(၅၀၀၀)ကျပ် အပါအဝင် လိုင်စင်အပ်နှံကြေး(၅၀၀၀)ကျပ်နှင့် သွင်းကုန်လိုင်စင်ကြေး (၃၀၀၀၀) ကျပ် မှ (၉၀၀၀၀)ကျပ်အထိ ကင်းလွတ်ခွင့်ပြုကြောင်း ကုန်သွယ်ရေးဦးစီးဌာန အသိပေးထားသည်။
အဆိုပါသတ်မှတ်ချက်များအား မြဝတီလမ်းပိုင်းပြင်ဆင်နေဆဲ ကာလအတွင်းသာ ခွင့်ပြုပေးမည်ဖြစ်ပြီး မူလအတိုင်း လုပ်ငန်းဆောင်ရွက်ခွင့်ပြုမည်ဆိုပါက လုပ်ငန်းရှင်များအား ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနထုတ်ပြန်ထားသည်။
zawgyi version
ျမဝတီလမ္းပိုင္းျပင္ဆင္ေနဆဲကာလအတြင္း သြင္းကုန္လိုင္စင္ေၾကး အပါအဝင္ အခေၾကးေငြအခ်ိဳ႕ကို ကင္းလြတ္ခြင့္ျပဳမည္ဟု အသိေပး
ယြန္း (NP News) - ၾသဂုတ္ ၁၉
ျမဝတီလမ္းပိုင္းျပင္ဆင္ေနဆဲ ကာလအတြင္း သြင္ကုန္လိုင္စင္ေၾကး အပါအဝင္ အခေၾကးေငြအခ်ိဳ႕ကို ကင္းလြတ္ခြင့္ျပဳမည္ျဖစ္ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနမွ ထုတ္ျပန္ထားသည္။
စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာနမွ ၾသဂုတ္လ(၁၈)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ၾသဂုတ္လ(၇)ရက္က မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ျမန္မာ- ထိုင္း ကုန္သြယ္မႈလမ္း ေၾကာင္းရွိ ျမဝတီလမ္းပိုင္းအခ်ိဳ႕ ပ်က္စီးမႈကို ျပန္လည္ျပင္ဆင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ ကာလအတြင္း ကုန္သြယ္မႈလုပ္ငန္းမ်ား ေႏွာင့္ေႏွးၾကန႔္ၾကာမႈမရွိေစေရးအတြက္ ျမဝတီနယ္စပ္မွ တင္ပို႔၊ တင္သြင္းရန္ လိုင္စင္ခြင့္ျပဳေပးထားၿပီးေသာ ကုန္ပစၥည္းမ်ားကို ပင္လယ္ေရေၾကာင္းႏွင့္ ျမန္မာ- ထိုင္းနယ္စပ္ရွိ အျခားကုန္သြယ္ေရးစခန္းတို႔မွ ေျပာင္းလဲတင္သြင္း ခြင့္ျပဳေၾကာင္းကိုလည္း ၾသဂုတ္လ (၉)ရက္က ထုတ္ျပန္ထားၿပီးျဖစ္သည္။
ထိုသို႔ေဆာင္႐ြက္ရာတြင္ ျမဝတီနယ္စပ္မွ တင္ပို႔၊ တင္သြင္းရန္ ပို႔ကုန္၊ သြင္းကုန္လိုင္စင္ခြင့္ျပဳၿပီးေသာ ပစၥည္းမ်ားကို ျမန္မာ- ထိုင္းနယ္စပ္ရွိ တင္ပို႔၊ တင္သြင္းလိုသည့္ အျခားကုန္သြယ္ေရးစခန္းတစ္ခုခုသို႔ ေျပာင္းလဲေဆာင္႐ြက္ခြင့္ျပဳေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ထို႔ျပင္ ျမဝတီနယ္စပ္မွ ေျပာင္းလဲတင္သြင္းရန္ သြင္းကုန္လိုင္စင္ရရွိၿပီးေသာ ပစၥည္းမ်ားအနက္ ျပည္ တြင္းသုံးစြဲရန္မရွိမျဖစ္လိုအပ္သည့္ စိုက္ပ်ိဳးေရးလုပ္ငန္းသုံးဓာတ္ေျမၾသဇာ၊ မ်ိဳးေစ့၊ ပိုးသတ္ေဆးမ်ား၊ ေဆးဝါးပစၥည္းမ်ား၊ စက္႐ုံသုံးကုန္ၾကမ္းပစၥည္းမ်ားကို ပင္လယ္ေရေၾကာင္းမွ ေျပာင္းလဲတင္သြင္းခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။
ပင္လယ္ေရေၾကာင္းမွ ေျပာင္းလဲတင္သြင္းခြင့္ျပဳရာတြင္ အေကာက္ခြန္ဦးစီးဌာန၏ သြင္းကုန္ေၾကညာလႊာ(ID) ထုတ္ယူမႈမွတ္တမ္းအရ အေကာက္ခြန္ဦးစီးဌာနမွ စိစစ္ေထာက္ခံထားသည့္ လက္က်န္စာရင္းအေပၚတြင္ ခြင့္ျပဳမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ပင္လယ္ေရေၾကာင္း(ထိုင္းႏိုင္ငံ)မွ ေျပာင္းလဲတင္သြင္းခြင့္ ေလွ်ာက္ထားမႈမ်ားအတြက္ ကိစၥရပ္တစ္ခုခ်င္းအေပၚမူတည္၍ စိစစ္ခြင့္ျပဳမည္ျဖစ္ေၾကာင္းသိရသည္။
အလားတူ သီလဝါအထူးစီးပြားေရးဇုန္မွ ျမဝတီနယ္စပ္မွတဆင့္ တင္ပို႔၊ တင္သြင္းခြင့္ျပဳထားသည့္ ကုန္ ပစၥည္းမ်ားအား ေျပာင္းလဲတင္ပို႔၊ တင္သြင္းခြင့္ေလွ်ာက္ထားျခင္းအတြက္ အေကာက္ခြန္ဦးစီးဌာန၏ မူလ ED/ID လက္က်န္ပမာဏမ်ားအား “Invalid” ေဆာင္႐ြက္ရန္ ထုတ္ျပန္ထားသည္။
အထက္ေဖာ္ျပပါ လုပ္ငန္းစဥ္မ်ားအရေဆာင္႐ြက္သည့္ ပို႔ကုန္၊ သြင္းကုန္လိုင္စင္ျပင္ဆင္ ပိတ္သိမ္းျခင္း၊ လိုင္စင္အသစ္ ေလွ်ာက္ထားျခင္းမ်ားအတြက္ Tradenet 2.0 စနစ္တြင္ေပးသြင္းရသည့္ အခေၾကးေငြမ်ားကို ကင္းလြတ္ခြင့္ျပဳေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထုတ္ျပန္ခ်က္အရ လိုင္စင္ျပင္ဆင္ေၾကး(၅၀၀၀)က်ပ္ အပါအဝင္ လိုင္စင္အပ္ႏွံေၾကး(၅၀၀၀)က်ပ္ႏွင့္ သြင္းကုန္လိုင္စင္ေၾကး (၃၀၀၀၀) က်ပ္ မွ (၉၀၀၀၀)က်ပ္အထိ ကင္းလြတ္ခြင့္ျပဳေၾကာင္း ကုန္သြယ္ေရးဦးစီးဌာန အသိေပးထားသည္။
အဆိုပါသတ္မွတ္ခ်က္မ်ားအား ျမဝတီလမ္းပိုင္းျပင္ဆင္ေနဆဲ ကာလအတြင္းသာ ခြင့္ျပဳေပးမည္ျဖစ္ၿပီး မူလအတိုင္း လုပ္ငန္းေဆာင္႐ြက္ခြင့္ျပဳမည္ဆိုပါက လုပ္ငန္းရွင္မ်ားအား ထပ္မံအသိေပးသြားမည္ျဖစ္ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနထုတ္ျပန္ထားသည္။